Asia
အင်ဒိုနီးရှားနိုင်ငံ၌ သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူလူဦးရေ ၁၀ ဦးအထိ မြင့်တက်လာ၊ အခြားပျောက်ဆုံးသူ ၂၅ ဦးရှိ

ဂျကာတာ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူလူဦးရေသည် ၁၀ ဦးအထိ မြင့်တက်လာကြောင်း၊ ပျောက်ဆုံးသူ ၂၅ ဦး ရှိနေဆဲဖြစ်ပြီး အခြားသူ ၃၀ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေးဌာန အရာရှိက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုရသေးကြောင်း၊ ထိုသင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူ လူဦးရေသည် ၁၀ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း အရှေ့ဂျာဗားပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံး အဆင့်မြင့်အရာရှိ Novita Nirmala က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ထိုနေ့တွင်ပင် ရေအောက်၌ ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီး ရေငုပ်သမားနှင့် ရေအောက်ရှာဖွေရေးစက်ပစ္စည်းများ တပ်ဆင်ထားသော သင်္ဘောများစွာ ပါဝင်ခဲ့ကြောင်း၊ ရေပေါ်ရှာဖွေကယ်ဆယ်မှုကို လုပ်ဆောင်နေဆဲဖြစ်ကာ တစ်ချိန်တည်းတွင် ဝေဟင်မှရှာဖွေရေးများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘာလီကျွန်း ရှာဖွေကယ်ဆယ်ရေးရုံး တာဝန်ခံ I Nyoman Sidakarya က ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ခရီးသည် ၅၃ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၂ ဦး ပါဝင်သော “Tunu Pratama Jaya” ကူးတို့သင်္ဘောသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Ketapang ဆိပ်ကမ်းမှ ဘာလီကျွန်းရှိ Gilimanuk ဆိပ်ကမ်းသို့ သွားရောက်သည့်လမ်းခုလတ်ဖြစ်သော ဘာလီရေလက်ကြား၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
印尼沉船事故死亡人数升至10人 另有25人失踪
新华社雅加达7月8日电(记者陶方伟)印度尼西亚搜救部门官员8日说,发生在印尼巴厘海峡的渡轮倾覆事故死亡人数已上升至10人,仍有25人失踪,另有30名乘客获救。
东爪哇省搜救办公室高级官员诺维塔·尼尔玛拉告诉新华社记者,8日上午又发现两名遇难者的遗体,但身份尚未确认。至此沉船事故死亡人数上升到10人。
巴厘岛搜救办公室负责人伊·尼奥曼·西达卡亚在接受新华社记者采访时表示,搜救人员当天将展开水下搜寻,将有多名潜水员和配备水下探测设备的船只参与。他补充道,水面搜救仍在进行,同时也将开展空中搜寻行动。
3日凌晨,载有53名乘客和12名船员的“图努·普拉塔马·贾亚”号渡轮在从东爪哇省的吉打邦港驶往巴厘岛的吉利马努克港途中在巴厘海峡沉没。(完)
图说:这张由印尼国家搜救局提供的手机照片显示,7月8日,救援人员在印度尼西亚东爪哇附近海域转移遇难者遗体。新华社发(印尼国家搜救局供图)