Connect with us

Africa & Middle East

အစ္စရေးကို  အမေရိကန် THAAD ဒုံးခွင်းစနစ် ပံ့ပိုးခြင်းက မည်သည်ကို ဖော်ပြသနည်း

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် အမေရိကန်က အစ္စရေးကို THAAD ဒုံးခွင်းစနစ် ပံ့ပိုးမည် ဖြစ်ပြီး သက်ဆိုင်ရာ အမေရိကန်စစ်သည်များကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ လက်ဘနွန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ နေ့စဉ်နှင့်အမျှ မြင့်တက်လာပြီး အီရန်ကို လက်စားချေတိုက်ခိုက်သွားမည်ဟု ကတိပြုပြောကြားနေသည့် အခြေအနေတွင် အမေရိကန်၏ ဤလုပ်ဆောင်မှုသည် အရှေ့အလယ်ပိုင်းဒေသ တင်းမာသည့်အခြေအနေကို မီးလောင်ရာ လေပင့်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆခံခဲ့ရသည်။

“အီရန်ပြည်သူများနှင့် နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရာ၌ အီရန်တွင် အနီရောင်စည်းဟူ၍ မရှိ” ဟု အီရန်ဘက်က တုံ့ပြန်ပြောကြားခဲ့သည်။

အစ္စရေးအတွက် မည်သို့သော အနက်အဓိပ္ပါယ်ရှိသနည်း

“THAAD” ဆိုသည်မှာ Terminal High Altitude Area Defense ကို ခေါ်ဆိုခြင်းဖြစ်ပြီး ခေတ်မီ မြေပြင်မှ ဝေဟင်ပစ်သည့် ဒုံးကျည်ကာကွယ်ရေးစနစ် တစ်မျိုးဖြစ်ကာ တာတို၊ တာလတ်နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိပေသည်။ အမေရိကန် မီဒီယာများ၏ သတင်းများအရ အမေရိကန်စစ်တပ်တွင် “THAAD” ဒုံးခွင်းဒုံးစနစ် ၇ စုံရှိကြောင်း သိရသည်။ “THAAD” စနစ် တစ်စုံကို စစ်သည် ၁၀၀ ခန့် ရှိမှသာ လည်ပတ်နိုင်ပြီး ထရပ်ကားတင်ဆောင်သည့် လွှတ်တင်ရေးကိရိယာ အနည်းဆုံး ၆ ခု ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အစ္စရေးအား “THAAD” စနစ် ပံ့ပိုးခြင်းနှင့် ပံ့ပိုးရသည့်အကြောင်းရင်းကို အောက်တိုဘာ ၁၃ ရက်က အမေရိကန် သမ္မတ ဘိုင်ဒန်အား မေးမြန်းရာတွင် ၎င်းက ယင်းမှာ “အစ္စရေးကို ကာကွယ်ရန်” အတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မီဒီယာများ၏ နောက်ဆက်တွဲမေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ အစ္စရေးကို အီရန်က ဧပြီ ၁၃ ရက်နှင့် အောက်တိုဘာ ၁ ရက်တွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့မှုအခြေအနေကြောင့် “THAAD” စနစ် တစ်စုံ ဖြန့်ကြက်ကာ အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ယခုနှစ်များတွင် အစ္စရေးက ဒုံးခွင်းဒုံးစနစ်များကို အထပ်ထပ် အင်တိုက်အားတိုက် တည်ဆောက်ခဲ့ရာ တာဝေးပစ်ဒုံးကျည်ခြိမ်းခြောက်မှုကို အဓိက ကာကွယ်သည့် “Arrow” ဒုံးခွင်းဒုံးစနစ်၊ တာတိုပစ်ဒုံးပျံနှင့် ဒုံးကျည်များ၏ တိုက်ခိုက်မှုကို အဓိက ကြားဖြတ်ဟန့်တားသည့် “Iron Dome” ကာကွယ်ရေးစနစ်နှင့်  “Iron Dome” ရေတပ်ဗားရှင်း “C-Dome” စသည်တို့ ပါဝင်ပေသည်။ အောက်တိုဘာ ၁ ရက် ညပိုင်းတွင် အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၂၀၀ ခန့် ပစ်လွှတ်ခဲ့သည်။ အီရန်၏ ဒုံးကျည်များက အစ္စရေး လေတပ်အခြေစိုက်စခန်းကို ထိမှန်ပြီး ဒါဇင်နှင့်ချီသော F-35 တိုက်လေယာဉ်များကို ဖျက်ဆီးခဲ့ကြောင်း အီရန် မီဒီယာများ၏ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင် “THAAD” စနစ် ဖြန့်ကြက်ခြင်းသည် ယခင်ကလည်း ရှိခဲ့ဖူးပေသည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားလာပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် “THAAD” စနစ် ဖြန့်ကြက်ရန် ဘိုင်ဒန်က အမေရိကန်စစ်တပ်အား ညွှန်ကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်လည်း အမေရိကန်က စစ်ရေးလေ့ကျင့်ရန် ရည်ရွယ်ချက်ဖြင့် “ပေါင်းစပ် လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှု” တွင် အသုံးပြုမည်ဟု ဆိုကာ အစ္စရေးကို “THAAD” စနစ် တစ်စုံ ပံ့ပိုးခဲ့သည်။

အီရန်ကို လက်တုံ့ပြန်ရန် သဘောတူလိုက်ခြင်းလော

အစ္စရေးသို့ “THAAD” စနစ်နှင့် သက်ဆိုင်ရာလိုအပ်သည့် လူပုဂ္ဂိုလ်များကို ဖြန့်ကြက်ရန်မှာ အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ကြာ လိုအပ်ကြောင်း နယူးယောက်တိုင်းမ်က အမေရိကန် အဆင့်မြင့် စစ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ (DIA) ၏ လေ့လာသုံးသပ်သူဟောင်း Harrison Mann က အမေရိကန် ပံ့ပိုးသည့် “THAAD” စနစ် အထိုင်ကျပြီးသည်နှင့် အီရန်၏ ထိလွယ်ရှလွယ်သော ပစ်မှတ်များကို အစ္စရေးက အပူအပင်မရှိ တိုက်ခိုက်နိုင်သည်ဟု ယူဆသည်။

ဤသို့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးရခြင်းမှာ အီရန်ဘက်က ပြန်လည်လက်တုံ့ပြန်ရလောက်အောင် အစ္စရေးက အီရန်ကို အကြီးအကျယ်လက်စားချေနိုင်သည်ဟု အမေရိကန်အနေဖြင့် ခန့်မှန်းထားခြင်းကို ဖော်ပြကြောင်း ဝါရှင်တန်ပို့စ် က Carnegie Endowment for International Peace အကြီးတန်း သုတေသီ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပါလက်စတိုင်း-အစ္စရေးရေးရာ အကြံပေးဟောင်း Aaron David Miller ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ထိုမတိုင်မီ အီရန်နျူကလီးယား အဆောက်အဦများအပေါ် အစ္စရေးတိုက်ခိုက်ခြင်းကို အမေရိကန်က ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည့် တစ်ချိန်တည်းတွင်ပင် အီရန်၏ ရေနံထုတ်လုပ်မှုအဆောက်အဦများအပေါ် အစ္စရေး တိုက်ခိုက်ခြင်းကို အားပေးမည်မဟုတ်ကြောင်း သတင်းစကားပါးခဲ့သည်။ အမေရိကန်၏ နောက်ဆုံးလှုပ်ရှားမှုက ဘိုင်ဒန်အစိုးရ၏သဘောထား တစ်မျိုးတစ်မည်ပြောင်းလဲလာခြင်းကို ဖော်ပြခြင်း ဟုတ်မဟုတ် လက်ရှိတွင် မသိရှိရသေးပေ။

အမှန်စင်စစ်တွင်မူ လွန်ခဲ့သည့် ကာလအပိုင်းအခြားတစ်ခုတွင် အမေရိကန်သည် တစ်ဖက်က အရှေ့အလယ်ပိုင်း ဘက်ပေါင်းစုံအပစ်ရပ်ရန် နှုတ်က တိုက်တွန်းပြောကြားနေပြီး တစ်ဖက်တွင် လက်တွေ့အားဖြင့် အစ္စရေးကို စစ်ရေးကူညီမှုများ အဆက်မပြတ် ပံ့ပိုးပေးနေခဲ့သည်။ အောက်တိုဘာ ၉ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် လက်ဘနွန်အပေါ် အစ္စရေး၏ မြေပြင်စစ်ရေးလှုပ်ရှားမှု၊ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအရှိန် ဆက်တိုက်မြင့်တက်လာမှုအပေါ် သတင်းထောက်များက သံသယမေးခွန်းထုတ်ခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အမေရိကန်က အစ္စရေးကို အားပေးထောက်ခံကြောင်း ပြောကြားနေသည့် တစ်ချိန်တည်းတွင်ပင် သံတမန်ရေးနည်းလမ်းဖြင့် ပဋိပက္ခအဖြေရှာရေး ကြိုးပမ်းကြရန် မျှော်လင့်ကြောင်း ပြောကြားနေပြန်ရာ “ခင်ဗျားတို့အနေနဲ့ (ပဋိပက္ခ) အရှိန်အဟုန်မြင့်တက်လာတာကို အားပေးတဲ့တစ်ချိန်တည်းမှာပဲ ဒါက သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဖော်ဆောင်နိုင်တယ်လို့ ယူဆနေတာက ဘယ်လိုအရှေ့အနောက်ညီမှာလဲ” ဟု မေးခွန်းထုတ်ခဲ့ကြသည်။
အမေရိကန်အပေါ် မည်သို့သော သက်ရောက်မှု ရှိမည်နည်း

မကြာသေးမီ အချိန်အပိုင်းအခြားတွင် အမေရိကန်နှင့် အနောက်မီဒီယာများက ဘိုင်ဒန်အစိုးရအနေဖြင့် အစ္စရေးစစ်ရေးဆုံးဖြတ်ချက်အပေါ် ထိန်းကွပ်နိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ ဥပမာ အစ္စရေးတပ်က လက်ဘနွန် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah သေဆုံးအောင် လေကြောင်းတိုက်ခိုက်ခြင်းကို အိမ်ဖြူတော်က ကြိုတင်သိရှိထားခြင်း မရှိခဲ့ကြောင်း အကျယ်တဝံ့ ဖော်ပြခဲ့သည်။

လက်ရှိ အမေရိကန် ရွေးကောက်ပွဲ ဆန္ဒမဲကောက်ခံမည့်နေ့မှာ ရက်သတ္တပတ် သုံးပတ်ကြာသာ လိုတော့ကြောင်း၊ ဤအချိန်တွင် ဘိုင်ဒန်အစိုးရက အစ္စရေးကို “THAAD” စနစ် ပံ့ပိုးရန် ရွေးချယ်လိုက်ခြင်းသည် ပြည်တွင်းနိုင်ငံရေး လိုအပ်ချက်၏တွန်းအားကြောင့် ဖြစ်ပြီး အမေရိကန်က အစ္စရေးအပေါ် ယုံကြည်မှုနှင့် မသက်ဆိုင်ကြောင်း   Aaron David Miller က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် အီရန်အရှေ့တွင် အားနည်းပျော့ပျောင်းသည်ဟု  မပေါ်လွင်စေချင်သလို  တစ်ချိန်တည်းတွင်ပင် ယင်းကို အကြောင်းပြုကာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟားရစ်၏ ရွေးကောက်ပွဲကို အားဖြည့်လိုခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Maryland တက္ကသိုလ် နိုင်ငံတကာနှင့် လုံခြုံရေး သုတေသနဌာန သုတေသီ Clay Ramsay က အမေရိကန်ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလမတိုင်မီ ဤအချိန်အပိုင်းအခြားတွင် အစ္စရေးအစိုးရအနေဖြင့် အစ္စရေးစစ်ရေးလှုပ်ရှားမှုအစီအစဉ်ကို အမေရိကန်ထံ ကြိုတင်ပြောကြားရန် မလိုအပ်ဟု ယူဆနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲ နောက်ဆုံးအားစိုက်ရမည့်အချိန်တွင် အစ္စရေး စစ်ရေးလှုပ်ရှားမှုက ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲအတွက် အနုတ်လက္ခဏာသက်ရောက်မည်ကို ဘိုင်ဒန်အစိုးရက လုံးဝ လက်ခံနိုင်မည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်က သံတမန်ရေးနည်းလမ်းဖြင့် အရှေ့အလယ်ပိုင်း အခြေအနေ ပြေလျော့ရေးကို ဖော်ဆောင်ရာတွင် ဆက်တိုက် စွမ်းဆောင်နိုင်စွမ်း မရှိကြောင်း၊ ယင်းမှာ “အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသာမက တစ်ကမ္ဘာလုံးပေါ် ဩဇာသက်ရောက်မှုကို လျော့နည်းစေမည်” ဖြစ်ကြောင်း၊ အိမ်ဖြူတော်အနေဖြင့် “ထို့အတွက် စိုးရိမ်ပူပင်ရမည်” ဖြစ်ကြောင်း အမေရိကန်နိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ အရှေ့အလယ်ပိုင်းစီမံကိန်း ညွှန်ကြားရေးမှူး Jon B. Alterman က လွန်ခဲ့သည့်ရက်တွင် ရေးသားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန်၏ အာမခံမှုကို ရရှိထားလျှင် မည်သည့်အခြေအနေမျိုးမဆို အစ္စရေးဘက်တွင် အမေရိကန် ရပ်တည်နေမည်ဟု ယူဆရာ ယင်းမှာ အစ္စရေးကို စစ်ရေးလှုပ်ရှားမှုတွင် အန္တရာယ်စွန့်စားသည့်လုပ်ရပ်များကို အားပေးအားမြှောက်ဖြစ်စေကြောင်း ၎င်းက ဖော်ပြထားသည်။ (Xinhua)
————————————–
热点问答|美国向以色列提供“萨德”反导系统说明什么
美国国防部13日说,美国将向以色列提供一套“萨德”反导系统并派遣相关美军人员,以帮助以方提高防空能力。在以色列对黎巴嫩军事行动日益升级且誓言报复打击伊朗的背景下,美国这一举动被认为给中东紧张局势火上浇油。伊朗方面已回应说,“在保护伊朗人民和捍卫国家利益方面,伊朗没有红线”。
对以色列有何意义
“萨德”是“末段高空区域防御”的音译,是一种先进的地对空导弹防御系统,能够拦截短程、中程和远程弹道导弹。据美国媒体报道,美军共有7套“萨德”反导系统。一套“萨德”系统需要约100名士兵才能操作,由至少6个用卡车搭载的发射器组成。
美国总统拜登13日在被问及向以色列提供“萨德”系统的原因时说,这是为了“捍卫以色列”,随后没有回应媒体的后续追问。五角大楼表示,在伊朗于4月13日和10月1日两次对以色列发动导弹袭击的背景下,部署一套“萨德”系统将帮助以方增强防空能力。
近年来,以色列着力构建多层次反导体系,包括主要防御远程导弹威胁的“箭”式反导系统、主要用于拦截短程火箭弹和导弹袭击的“铁穹”防御系统以及“铁穹”的海军版本“C-穹顶”等。10月1日晚,伊朗向以色列发射约200枚弹道导弹。伊朗媒体报道说,伊朗导弹击中以空军基地,摧毁数十架F-35战机。
美国在中东地区部署“萨德”系统已有先例。去年10月7日新一轮巴以冲突爆发后,拜登指示美军向中东地区部署一套“萨德”系统。2019年,美国曾以军事训练为目的向以色列提供一套“萨德”系统,用于所谓“整合防空演习”。
是同意报复伊朗吗
《纽约时报》报道13日援引一名美国高级军事官员的话说,向以色列部署“萨德”系统和相关必要人员,将需至少一周时间。
美国国防情报局前分析师哈里森·曼认为,美国提供的“萨德”系统一旦部署到位,以色列将无所顾虑地打击伊朗的敏感目标。《华盛顿邮报》报道援引美国卡内基国际和平基金会高级研究员、美国国务院前巴以问题顾问阿伦·米勒的话称,此举表明,美国判断以色列对伊朗的报复行动将是大规模的,足以迫使伊朗方面作出回击。
此前,美国方面已表示反对以方打击伊朗核设施,同时暗示不支持以方打击伊朗产油设施。美国最新举动是否意味着拜登政府态度发生某种转变,目前还不得而知。
事实上,过去一段时间,美国一边在口头上呼吁中东各方停火,另一边在行动上不断为以色列提供军事支持。在10月9日美国国务院例行记者会上,就有记者质疑,以色列对黎巴嫩发起地面军事行动,中东局势持续升级。在这种情况下,美国表达对以方支持,同时又声称希望通过外交途径寻求冲突解决方案,“你们在支持(冲突)升级的同时认为这能实现外交解决方案,如何能自圆其说?”
对美国有何影响
最近一段时间,美西方媒体一直在渲染,拜登政府已逐渐失去对以色列军事决策的约束力,如以军空袭炸死黎巴嫩真主党领导人纳斯鲁拉据说事先并未通知白宫。
米勒在社交媒体上写道,眼下距离美国大选投票日仅有三周左右时间,拜登政府选择此时为以色列提供“萨德”系统是国内政治需要使然,而无关美国对以色列的信任。拜登政府不想在伊朗面前显得软弱,同时借此提振民主党总统候选人哈里斯的选情。

美国马里兰大学国际和安全研究中心研究员克莱·拉姆齐对记者说,在11月美国大选前这一段时间,以色列政府将有可能把提前告知美国以方军事行动计划视为没必要,因为大选最后的冲刺阶段,拜登政府无法承受以色列军事行动给民主党选情带来的负面影响。
美国战略与国际问题研究中心中东项目主任乔恩·阿尔特曼日前撰文认为,美国对通过外交途径实现中东局势降温持续无能为力,这将“削弱美国对中东地区乃至全世界的影响力”,白宫“必须为此感到担忧”。以色列总理内塔尼亚胡认为得到了美国的保证,即在任何情况下美国都站在以色列一边,这会助长以色列在军事行动中采取更加冒险的举措。(完)
1. 这是2021年8月3日拍摄的美国国防部所在地五角大楼。(新华社记者 刘杰摄)
2. 这是4月15日在耶路撒冷附近拍摄的“铁穹”防空系统。新华社发(贾马尔·阿瓦德摄)
3. 9月28日,在黎巴嫩首都贝鲁特南郊,以军空袭现场浓烟滚滚。新华社发(比拉尔·贾维希摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.