Asia
ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ် ရောက်ရှိ ၊ ကာကွယ်ဆေးထိုးနှံမှု ထပ်မံအရှိန်မြှင့်
ဖနွမ်းပင် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)
ကမ္ဘာဒီးယားနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် Sinovac COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ်သည် ဖနွမ်းပင်မြို့သို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကာကွယ်ဆေးများအား တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီဖြစ်သည့် Sinovac Biotech မှ ဝယ်ယူခဲ့ကြောင်း စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး၏ အမြဲတမ်းအတွင်းဝန် Vongsey Vissoth က ကာကွယ်ဆေးများ လက်ခံရယူခဲ့သည့် လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ အချိန်မီ ကာကွယ်ဆေးများ ထောက်ပံ့ပေးခြင်းအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သံဃောဇဉ်ကြိုးဟာ ကျွန်တော်တို့ ပြည်သူတွေ ကာကွယ်ဆေး ထိုးနှံဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကာကွယ်ဆေး အချိန်မီ ရရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်တဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။”ဟု အမြဲတမ်းအတွင်းဝန် Vongsey Vissoth က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခုအထိ COVID-19 ကာကွယ်ဆေး သန်း ၁၀ ကျော်ကို တရုတ်နိုင်ငံ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ COVAX Facility အစီအစဉ်တို့မှ ရရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်အား စတင်ခဲ့ပြီး ယခုအပတ်အစောပိုင်းတွင် Preah Sihanouk ၊ Koh Kong ၊ Kampong Speu ၊ Takeo နှင့် Svay Rieng ပြည်နယ် ၅ ခုသို့ မထိုးနှံမီ ဖနွမ်းပင်မြို့ နှင့် Kandal ပြည်နယ်တို့၌ စတင်ခဲ့ကြောင်း သိရသည်။
ဇွန် ၂၅ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကာကွယ်ဆေး ၆ ဒသမ ၆ သန်းခန့် ထိုးနှံပေးထားပြီး ပြည်သူ ၃ ဒသမ ၈ သန်းသည် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားကာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူ ၂ ဒသမ ၈ သန်း ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် နှင့် ပြောခွင့်ရပုဂ္ဂိုလ် Or Vandine ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ COVID-19 ရောဂါကူးစက်မှုနှုန်းသည် ဆက်လက်မြင့်တက်နေပြီး ဇွန် ၂၆ ရက်တွင် လူနာသစ် ၇၄၅ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၄၆,၈၁၀ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ထို့အတူ သေဆုံးသူမှာ ၁၄ ဦး ထပ်တိုးလာခဲ့ပြီး သေဆုံးသူပေါင်း ၅၂၃ ဦးထိ ရှိလာကြောင်း နှင့် ပြန်လည်သက်သာလာသူ ၆၇၀ ဦး ရှိသဖြင့် ပြန်လည်သက်သာလာသူ အရေအတွက် စုစုပေါင်း ၄၁,၄၃၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)
——————————————–
(English Version)
New arrival of Chinese COVID-19 vaccines gives another boost to Cambodia’s inoculation drive
PHNOM PENH, June 26 (Xinhua) — A new batch of Sinovac COVID-19 vaccines arrived in Phnom Penh, capital of Cambodia, on Saturday, giving another boost to the country’s vaccination drive.
Speaking to reporters while receiving the vaccine at the capital’s airport, Economy and Finance Ministry’s permanent secretary of state Vongsey Vissoth said the vaccines were purchased from Chinese biopharmaceutical firm Sinovac Biotech.
He thanked China for supplying the vaccine to the Southeast Asian nation timely.”The special bond of Cambodia-China friendship has played an invaluable role to ensure that the vaccines are available on time for Cambodia to inoculate our people,” he said.
Cambodia has so far acquired more than 10 million doses of COVID-19 vaccines from China and the World Health Organization’s COVAX Facility, Vissoth said.
Cambodia launched an anti-COVID-19 inoculation drive on Feb. 10, starting from Phnom Penh and Kandal province, before expanding to five other provinces, namely Preah Sihanouk, Koh Kong, Kampong Speu, Takeo and Svay Rieng, earlier this week.
As of June 25, some 6.6 million vaccines have been administered in the kingdom, with 3.8 million people receiving their first dose and 2.8 million having completed the two-dose inoculation, according to health ministry’s secretary of state and spokeswoman Or Vandine.
Cambodia’s COVID-19 infection rates continued to rise on Saturday as the kingdom reported 745 new cases, pushing the national caseload to 46,810, the health ministry said in a statement.
The country also recorded 14 new fatalities, taking the overall death toll to 523 so far, the ministry said, adding that 670 more patients recovered, bringing the total number of recoveries to 41,439. Enditem
Photo 1.A worker transports Chinese Sinovac COVID-19 vaccines at Phnom Penh International Airport in Phnom Penh, Cambodia, on June 26, 2021. A new batch of Sinovac COVID-19 vaccines arrived in Phnom Penh on Saturday. (Photo by Phearum/Xinhua)
2.A worker transports Chinese Sinovac COVID-19 vaccines at Phnom Penh International Airport in Phnom Penh, Cambodia, on June 26, 2021. A new batch of Sinovac COVID-19 vaccines arrived in Phnom Penh on Saturday. (Photo by Phearum/Xinhua)
3.Workers unload Chinese Sinovac COVID-19 vaccines at Phnom Penh International Airport in Phnom Penh, Cambodia, on June 26, 2021. A new batch of Sinovac COVID-19 vaccines arrived in Phnom Penh on Saturday. (Photo by Sovannara/Xinhua)