Connect with us

Europe

ကလေးငယ်များအား COVID-19 ကာကွယ်ဆေးထိုးနှံရေးအတွက် ပံ့ပိုးပေးမည်ဟု ပိုလန်နိုင်ငံ ဝန်ကြီးချုပ်ပြော

ပိုလန်နိုင်ငံ ဝါဆောမြို့တွင် နှာခေါင်းဝတ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။ကပ်ရောဂါသည် ကြီးမားသော ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများက အတိတ်တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်း ပိုလန်နိုင်ငံ အနောက်ပိုင်း Kalisz မြို့တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ရှေးရိုးစွဲလူအုပ်ကြီးအား Morawiecki က ပြောကြားခဲ့သည်။

“အဓိက ဆေးဝါးအေဂျင်စီများအားလုံး အထူးသဖြင့် ဥရောပတွင် အသက် ၁၂ နှစ် အောက်ရှိ ကလေးများအနေဖြင့် ကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဒါတွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းကတော့ မိမိသဘောဆန္ဒအလျောက် ထိုးနှံရမှာဖြစ်ပြီး စတုတ္ထလှိုင်းဆီသို့ ဦးတည်နေတဲ့ ဒီကူးစက်မှုကွင်းဆက်တွေကို ချေဖျက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ဥပဒေ နှင့် တရားဥပဒေစိုးမိုးရေး ပေါ်အခြေခံထားသည့် ပါတီ၏ ရှေးရိုးစွဲ စက်ဝိုင်းအတွင်း အငြင်းပွားဖွယ်ဖြစ်နေကြောင်း ယင်းပါတီကိုယ်စားပြု Morawiecki ကဆိုသည်။

ဇူလိုင် ၁၄ ရက်အထိ ပိုလန်နိုင်ငံ လူဦးရေ ၃၈ သန်း၏ ၃၇.၄၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း၊ လတ်တလော ကာကွယ်ဆေးထိုးနှံမှု မှတ်ပုံတင်ခြင်း လျော့ကျမှုကို တားဆီးရန် အစိုးရအနေဖြင့် ထီစနစ်ကို မိတ်ဆက်ထားပြီး ကာကွယ်ဆေးထိုးနှံမည့်သူများအတွက် ငွေကြေးနှင့် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

Polish PM voices support for vaccinating children against COVID-19

WARSAW, July 14 (Xinhua) — Polish Prime Minister Mateusz Morawiecki on Wednesday expressed his government’s support for vaccinating children under the age of 12 against COVID-19.

Speaking during an event in Kalisz in western Poland, Morawiecki called the pandemic a great tragedy and told the mostly conservative crowd that vaccines have saved many lives in the past.

“If all major medicine agencies, especially in Europe, confirm that children under the age of 12 can be vaccinated, we will allow for it. Vaccination will be voluntary and aimed at breaking this chain of infections that could lead to a fourth wave,” the prime minister said.

Vaccination of children is controversial within the conservative circle of the base of Law and Justice, the party that Morawiecki represents.

As of Wednesday, 37.43 percent of the Polish population of 38 million have been fully vaccinated. To curb a recent drop in vaccination registrations, the government introduced a lottery, offering money and prizes for people choosing to receive a vaccine. Enditem

Photo : People wearing face masks are seen in Warsaw, Poland, Dec. 18, 2020. (Photo by Jaap Arriens/Xinhua)