Connect with us

Asia

ကိုရီးယားကျွန်းဆွယ်အရေး သက်ဆိုင်ရာ ဘက်ပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

မော်စကို၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ကြရန် တိုက်တွန်းကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ကိုရီးယားကျွန်းဆွယ်၏အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံရေး၊သံတမန်ရေးနည်းလမ်းကသာ ၎င်းဒေသ၏ပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော ထိရောက်သည့် နည်းလမ်းဖြစ်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန်နှင့် ထိုမတိုင်မီသက်ဆိုင်သဘောတူညီချက်နှင့်ကတိကဝတ်များနှင့်အညီ ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ကြရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရန် ရုရှား‌နှင့်တရုတ်နိုင်ငံတို့မှ အဆိုပြုထားသော လုပ်ငန်းစဉ်နှင့် လုပ်ဆောင်မှုအစီအစဉ်များကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်သည့် တာဝေးပစ်ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း KNCA၏ စက်တင်ဘာ ၁၃ ရက် သတင်းများအရ သိရသည်။ ထို့အပြင် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် မြောက်ကိုရီးယားက အလယ်ပိုင်းကုန်းမြေဒေသမှ ကိုရီးယားကျွန်းဆွယ် အရှေ့ပင်လယ်ပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ယင်းနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)俄罗斯外交部呼吁朝鲜半岛相关方恢复对话

新华社莫斯科9月15日电(记者李奥)俄罗斯外交部15日发表声明说,俄方呼吁朝鲜半岛相关方保持克制并恢复对话。
俄外交部发言人扎哈罗娃在声明中表示,俄罗斯正在密切关注朝鲜半岛局势发展。通过政治外交手段解决该地区问题是唯一有效途径,俄方就此呼吁相关方保持克制,并根据此前的相关协议和承诺展现恢复对话意愿。

声明说,俄方将继续推进有关国家落实俄罗斯和中国为解决朝鲜半岛问题所提出的“路线图”以及相关“行动计划”。
据朝中社13日报道,朝鲜国防科学院11日和12日分别成功试射了新研发的远程巡航导弹。另据韩国联合参谋本部15日消息,朝鲜当天下午从中部内陆地区向朝鲜半岛东部海域发射两枚弹道导弹。(完)

朝中社3月26日提供的图片显示,朝鲜国防科学院25日进行新型战术制导导弹试射。 新华社/朝中社