Connect with us

Science & Technology

ဂြိုဟ်နီမျက်နှာပြင်ပေါ်တွင် တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်သွားယာဉ်က ၅၀၉ မီတာအထိ ခရီးနှင်ထား

တရုတ်နိုင်ငံ၏ ပထမဆုံအင်္ဂါဂြိုဟ်သွားယာဉ် ကျူးလုံ က မိမိကိုယ်ကို selfie ရိုက်ယူးထားသော ဓာတ်ပုံတစ်ပုံအား တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု(CNSA)က ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြသစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်သွားယာဉ် ကျူးလုံ (Zhurong) သည် ဂြိုဟ်နီမျက်နှာပြင်ပေါ်၌ စနေနေ့ ည ၁၁ နာရီအထိ ခရီးအကွာအဝေး ၅၀၉ မီတာ ကျော်အထိ မောင်းနှင်သွားလာထားပြီဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု၏ လစူးစမ်းလေ့လာရေး နှင့် အာကာသအစီအစဉ်စင်တာမှ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အင်္ဂါဂြိုဟ်သွားယာဉ်သည် ဂြိုဟ်နီမျက်နှာပြင်ပေါ် ၎င်း၏ မောင်းနှင်ခရီးစဉ်အတွင်း သိပ်မကြာမီတွင် ဒုတိယမြောက်သဲကမူတစ်ခုသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းက သဲကမူ နှင့် အနီးပတ်ဝန်းကျင်အနေအထားကို အသေးစိတ်လေ့လာတိုင်း ထွာမှုပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။

စနေနေ့အထိ ကျူးလုံ ဂြိုဟ်သွားယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်၌ ဂြိုဟ်သက် ၆၃ ရက်ကြာ နေထိုင်လှုပ်ရှားသွားလာခဲ့ပြီးဖြစ်သည်။ အင်္ဂါဂြိုဟ် တစ်ရက်သည် ကမ္ဘာမြေတစ်ရက်ထက် ပျမ်းမျှ မိနစ် ၄၀ ပိုမိုကြာရှည်ကြောင်း သိရသည်။

ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) နှင့် ဂြိုဟ်ပေါ်သွားယာဉ် (rover) တို့ကို ပေါင်းစည်းထားသော တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ မစ်ရှင်အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ဂြိုဟ်ပေါ်သွားယာဉ်ကိုသယ်ဆောင်ထားသော ဆင်းသက်ယာဉ်သည် အင်္ဂါဂြိုဟ်၏ မြောက်ဘက်ခြမ်းရှိ ကျယ်ပြန့်သောကွင်းပြင် Utopia Planitia ၏ တောင်ဘက်ခြမ်း၌ မေ ၁၅ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာမြေမှ ခရီးအကွာအဝေး ၃၇၅ ကီလိုမီတာအကျော်တွင် ထျန်းဝန်-၁ အာကာသယာဉ်၏ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်သည် စနေနေ့အထိ ဂြိုဟ်ပတ်လမ်းထဲ ၃၅၉ ရက် နေထိုင်ခဲ့ပြီးဖြစ်သည်။ ၎င်း၏ တစ်လမ်းသွားဆက်သွယ်ရေးနှောင်းနှေးချိန်မှာ ၂၁ မိနစ်ခန့်ရှိကြောင်း သိရသည်။

အင်္ဂါဂြိုဟ်သွားယာဉ် ကျူးလုံ နှင့် ထျန်းဝန်-၁ အာကာသယာဉ် နှစ်ခုစလုံးအနေဖြင့် ၎င်းတို့၏ လှုပ်ရှားလည်ပတ်မှုစနစ်မှာ ပုံမှန်အတိုင်းရှိနေခြင်းနှင့်အတူ ပုံမှန်အခြေအနေများဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း စီမံခန့်ခွဲမှုဌာန၏ ပြောကြားချက် အရ သိရသည်။(Xinhua)

——————————————–
(English Version)

China’s Mars rover travels over 509 meters on red planet

BEIJING, July 18 (Xinhua) — China’s Mars rover Zhurong has traveled more than 509 meters on the surface of the red planet as of 11 p.m. Saturday, according to the Lunar Exploration and Space Program Center of the China National Space Administration.

The rover will soon arrive at the second sand dune on its journey on the red planet. It will carry out a detailed survey of the dune and surrounding environment, said the administration.
As of Saturday, Zhurong has been operating on the surface of Mars for 63 Martian days. A Martian day is approximately 40 minutes longer than a day on Earth.

China’s Tianwen-1 spacecraft, consisting of an orbiter, a lander and a rover, was launched on July 23, 2020. The lander carrying the rover touched down in the southern part of Utopia Planitia, a vast plain in the northern hemisphere of Mars, on May 15.

About 375 million km away from Earth, the orbiter of Tianwen-1 has operated in orbit for 359 days as of Saturday. The delay of its one-way communication was around 21 minutes.
Both the Mars rover Zhurong and Tianwen-1 spacecraft are working in normal conditions, with their subsystems operating normally, according to the administration. Enditem

Photo released on June 11, 2021 by the China National Space Administration (CNSA) shows a selfie of China’s first Mars rover Zhurong with the landing platform. (CNSA/Handout via Xinhua)