Connect with us

China

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ ပူးတွဲကြေညာချက်ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

Xinhua News Agency (ဆင်ဟွာသတင်းဌာန) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီး ဆွေးနွေးပွဲ (WMS) က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပေကျင်းမြို့၌ ပြုလုပ်သည့် ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့တစ်ဝှမ်းရှိ မီဒီယာလုပ်ငန်းစုပေါင်း ၂၄၀ ကျော်မှ ကိုယ်စားလှယ်များက လူကိုယ်တိုင်တက်ရောက်ခြင်း သို့မဟုတ် အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ခြင်း အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ COVID-19 ရောဂါ သက်ရောက်မှုအောက်မှ မီဒီယာဖွံ့ဖြိုးရေးမဟာဗျူဟာ ” ဆောင်ပုဒ်ဖြင့်ကျင်းပသည့် ယင်းအခမ်းအနားသို့ တက်ရောက်လာသူများက “ မီဒီယာဖွံ့ဖြိုးတိုးတက်မှု : နည်းပညာသစ် ၊ ပိုမိုကောင်းမွန်သော အမြင် ” “ မီဒီယာဈေးကွက်မြှင့်တင်မှု : မိတ်ဖက်သစ်များ ၊ ဈေးကွက်သစ်များ ” “ မီဒီယာ : လူမှုဘဝအကြား ပေါင်းကူးတံတား ” နှင့် “ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် မီဒီယာအခန်းကဏ္ဍ” ဟူ၍ ခေါင်းစဉ် ၅ ခုဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများက သဘောထားအမြင်များကို နက်ရှိုင်းစွာ အပြန်အလှန် ဖလှယ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခမ်းအနားသို့တက်ရောက်လာကြသူများက ကမ္ဘာလုံးဆိုင်ရာမီဒီယာများအနေဖြင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စစ်မှန်သော ၊ ဓမ္မဓိဌာန်ကျသော ဘက်စုံသတင်းအချက်အလက်များကို မျှဝေခြင်းပြုလုပ်ရန် တောင်းဆိုခဲ့ပြီး လူသားတို့၏ ကျန်းမာရေး နှင့် ကောင်းစွာရှင်သန်နေထိုင်ရေးကို ဖေးမ ကူညီရန် မီဒီယာ၏ လုပ်ပိုင်ခွင့် နှင့် ယုံကြည်ကိုးစားမှုကို အတူ လက်တွဲဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာစုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည့် နှင့် မကြုံစဖူးဖြစ်သည့် ကပ်ရောဂါ၏ သက်ရောက်မှုသည် ခွဲခြား၍မရဘဲ ဒွန့်တွဲနေသည်ကို သတိပြုမိကြောင်း ၊ အခမ်းအနားတက်ရောက်လာကြသူများက တစ်ကမ္ဘာလုံးရှိ မီဒီယာအခန်းကဏ္ဍအနေဖြင့် ဓမ္မဓိဌာန်ကျခြင်း နှင့် စစ်မှန်ခြင်း ၊ တရားမျှတမှုကို ဆုပ်ကိုင်ခြင်း ၊ ပြည်သူအချင်းချင်းကြားအပြန်အလှန်ဖလှယ်ခြင်းများကို မြှင့်တင်ခြင်း ၊ နှစ်ဖက် အပြန်အလှန်နားလည်မှုကို တွန်းအားပေးခြင်း နှင့် လူ့အဖွဲ့အစည်းများအကြား နှစ်ဖက်လေ့လာသင်ယူမှု ပေါင်းကူးတံတားများကို တည်ဆောက်ခြင်း လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။

COVID-19 ရောဂါကြုံတွေ့ရာတွင် ကမ္ဘာလုံးဆိုင်ရာမီဒီယာများအနေဖြင့် နိုင်ငံများအားလုံး၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးထားရေးသားထုတ်လွှင့်မှုပြုလုပ်သင့်ကြောင်း နှင့် ပြည်သူများအတွက် မီဒီယာ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို အပြည့်အဝ ပေးစွမ်းသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အခမ်းအနား တက်ရောက်လာကြသူများက မီဒီယာလုပ်ငန်းအနေဖြင့် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲရန် နှင့် ၎င်း၏ အသွင်သဏ္ဍာန်ပြောင်းလဲမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ကိုမောင်းနှင်ရန် နည်းပညာသစ်များကို အသုံးပြုသွားကြရန်လည်း တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မီဒီယာအဖွဲ့အစည်းများအနေဖြင့် အပြန်အလှန်အကျိုးပြုခြင်း ၊ ဝန်ဆောင်မှုကို ဗဟိုပြုခြင်း နှင့် သတင်း နှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများအတွေ့အကြုံရှိခြင်းကို ပံ့ပိုးပေးရန် သတင်းမီဒီယာနည်းပညာသစ်များ နှင့် ဈေးကွက်ကို အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
ယင်းထိပ်သီးဆွေးနွေးပွဲသည် မီဒီယာအချင်းချင်းကြား အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးခဲ့ပြီး ပိုမိုကောင်းမွန်သောကမ္ဘာကြီးတစ်ခု နှင့် လူသားများအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်အတွက် ခွန်အားပြည့်ဝမှုကို ပေးစွမ်းလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကမ္ဘာ့မီဒီယာထိပ်သီး ဆွေးနွေးပွဲ (WMS) သည် ကမ္ဘာလုံးဆိုင်ရာမီဒီယာအတွက် အမြင့်ဆုံးသော ချိတ်ဆက်ဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှု စင်္ကြံတစ်ခုဖြစ်သည်။ ယင်းထိပ်သီးဆွေးနွေးမှုတွင် ဆောင်းရာသီအားကစား ဓာတ်ပုံပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များကို ဆုချီးမြှင့်မည့် အကြောင်းလည်း ကြေညာခဲ့သည်။

အခမ်းအနားတက်ရောက်လာကြသူများက ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ နှင့် မသန်စွမ်း ဆောင်းရာသီအားကစားပြိုင်ပွဲများတွင် ပါဝင်တက်ရောက်သတင်းရယူရန် စောင့်မျှော်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

……………………………………….
(English Version)
4th WMS issues joint statement

BEIJING, Nov. 22 (Xinhua) — The fourth World Media Summit (WMS), hosted by Xinhua News Agency on Monday, issued a joint statement.
Representatives from over 240 media outlets across the globe attended the event in Beijing either by person or online.
Under the theme of “Media Growth Strategy under the Impact of COVID-19,” the attendees held in-depth exchanges on five topics, namely, “Media Development: New Technology, Better Vision,” “Media Marketing: New Partners, New Markets,” “In the Spirit of Science and Cooperation: Media Response in Public Health Emergencies,” “Media: A Bridge Among Civilizations,” and “Role of Media in Global Development,” the statement said.
The participants called on global media to share authentic, objective, and comprehensive information in the battle against COVID-19, and jointly uphold the authority and credibility of the media to secure the health and wellbeing of humanity, the statement said.
Noting that the impact of the once-in-a-century global changes and unprecedented pandemic are intertwined, the participants agreed that the media sector around the world should adhere to objectivity and truth, uphold justice, promote people-to-people exchanges, enhance mutual understanding, and build bridges of mutual learning among civilizations.
In face of COVID-19, global media should focus on the economic and social development of all countries and give full play to the positive role of the media in informing the public, according to the statement.
The participants called on the media industry to evolve with the times and use new technologies to drive its transformation and development, the statement said, adding that media organizations should focus on the use of new media technologies and markets to provide interactive, service-oriented, and experiential news and information services.
This summit has enhanced understanding and friendship among the media and will pool a powerful force for building a community with a shared future for humanity and a better world, the statement said.
The WMS is a high-end communication and coordination platform for global media. The summit also announced awards for its winter sports photo contest.
The participants look forward to media coverage of the Beijing 2022 Olympic Winter Games and Paralympic Winter Games, the statement added.

The fourth World Media Summit opens in Beijing, capital of China, Nov. 22, 2021. (Xinhua/Li Xin)