Connect with us

Europe

ဆွီဒင်နိုင်ငံ လေယာဉ်ပျက်ကျမှုတွင် လူအများအပြားသေဆုံး

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ စတော့ဟုမ်း အာလန်ဒါလေဆိပ်၌ လေယာဉ်ချိန်များအားကြည့်ရှုနေသော ခရီးသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

စတော့ဟုမ်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံရှိ လေဆိပ်တစ်ခု၌ ဇူလိုင် ၈ ရက် ညနေပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးအပါအဝင် လေယာဉ်ပေါ်တွင် လူ ၉ ဦး ပါရှိပြီး မြို့တော် စတော့ဟုမ်း၏ အနောက်ဘက် ၁၆၀ ကီလိုမီတာအကွာ အော်ရီဘရိုမြို့ရှိ လေဆိပ်မှ ထွက်ခွါပြီးနောက်မကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစောပိုင်းတွင် အာဏာပိုင်များအနေဖြင့် ထိခိုက်သေဆုံးမှုအား အတည်မပြုနိုင်သေးကြောင်း၊ သို့သော် ရဲသတင်းအရင်းအမြစ်၏ အဆိုအရ လူအများအပြားသေဆုံးခဲ့ပြီး လူတစ်ဦးအား ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရီးသည်များမှာ လေထီးခုန်အဖွဲ့တစ်ခုမှ ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွင်ဖော်ပြခဲ့သည်။
မြို့တော်၏မြောက်ဘက် ၈၀၀ ကီလိုမီတာအကွာ Umea မြို့၏ အပြင်ဘက်တွင် အခြား လေထီးခုန်သည့်အဖွဲ့ဝင် ၈ ဦးနှင့် လေယာဉ်မှူးပါဝင်သည့် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာတွင် အဆိုပါမတော်တဆမှုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
Several killed in plane crash in Sweden
STOCKHOLM, July 8 (Xinhua) — Several people were killed when a small airplane crashed at a Swedish airport on Thursday evening.
The plane, with nine people on board, including the pilot, crashed shortly after taking off from the airport in Orebro, 160 kilometers west of the capital Stockholm.
Initially authorities could not confirm the casualty. But according to police sources, “several people were killed.” One person was taken to hospital with serious injuries.
The passengers belonged to a group of skydivers, local media reported.
The accident happened almost two years to the day after another group of eight skydivers and the pilot were killed in a crash outside Umea, 800 kilometers north of the capital. Enditem
Photo-Passengers check flights’ information at Stockholm Arlanda Airport in Stockholm, Sweden, on May 3, 2019. (Xinhua/Wei Xuechao)