Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၁ နိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီ ပေးအပ်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၁ ခုနှစ် မတ်လအတွင်းက တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများကို အလုပ်သမားများက သယ်ယူရန် ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၁ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁၄ ခုထံသို့ ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ ထောက်ပံ့ခြင်း သို့မဟုတ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ဇွန် ၂၄ ရက်တွင် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ဧပြီလတွင် တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ငွေသား အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပြီး ၃၄ နိုင်ငံသို့ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၃၇ ဖွဲ့ စေလွှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအား လေးစားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ လက်တွေ့ကျင့်သုံးမှု စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ကုလသမဂ္ဂ COVID-19 ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ရေးအစီအစဉ်သို့လည်း အကူအညီပေးခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းကြိုးပမ်းမှုများအားလုံးသည် အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် အထောက်အကူပြုကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)

China provides anti-epidemic assistance to 151 countries: white paper

BEIJING, June 24 (Xinhua) — China had already provided or was offering anti-epidemic assistance to 151 countries and 14 international organizations by April 2021, said a white paper released by the State Council Information Office on Thursday.

By April, China had donated 50 million U.S. dollars in cash to the World Health Organization, and sent 37 medical expert teams to 34 countries, said the white paper on the practice of the Communist Party of China in respecting and protecting human rights.

China also contributed to the UN COVID-19 Global Humanitarian Response Plan, the document added, noting that all these efforts support international epidemic prevention and control. Enditem
Photo – A staff member unpacks China-donated COVID-19 vaccines at Tribhuvan International Airport in Kathmandu, Nepal, on March 29, 2021. (Photo by Sulav Shrestha/Xinhua)