Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၃၀ ခုတွင် ပါဝင်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းက ဖော်ပြ

ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆုတံဆိပ် ချီးမြှင့်ခံရသော ၁၆ ကြိမ်မြောက် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆူဒန်၊ လက်ဘနွန်၊ ကမ္ဘောဒီးယား၊ လစ်ဗျားနှင့် အခြားနိုင်ငံနှင့် ဒေသများရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၃၀ ခုခန့်တွင် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော် စေလွှတ်ထားကြောင်း ဇွန် ၂၄ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။တရုတ်နိုင်ငံက ၁၉၉၀ ခုနှစ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်များတွင် စတင်ပါဝင်လာခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သည့် လူ့အခွင့်အရေးအား လေးစားခြင်းနှင့် ကာကွယ်ခြင်း၌ တရုတ်ကွန်မြူနစ်ပါတီ၏ ပါဝင်မှုဆိုင်ရာ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အရေအတွက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များအကြား ပထမအဆင့် ရောက်ရှိလာခဲ့ပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများအား ဒုတိယအများဆုံး ရန်ပုံငွေ ထည့်ဝင်သူလည်း ဖြစ်လာခဲ့ကြောင်း စက္ကူဖြူစာတမ်းက ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

#China, #UN, #PeacekeepingMission, #WhitePaper, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ကုလသမဂ္ဂ, #ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်, #စက္ကူဖြူစာတမ်း, #ဆင်ဟွာ
———————————————
(English Version)

China participates in about 30 UN peacekeeping missions: white paper

BEIJING, June 24 (Xinhua) — China has sent more than 40,000 military personnel to participate in about 30 UN peacekeeping missions in Sudan, Lebanon, Cambodia, Libya, and other countries and regions, according to a white paper released Thursday.

China began to participate in UN peacekeeping operations in 1990, and dispatched peacekeeping police for the first time in 2000, said the white paper on the practice of the Communist Party of China in respecting and protecting human rights issued by the State Council Information Office.

China now ranks first among the permanent members of the UN Security Council in terms of the number of peacekeepers dispatched, and is the second largest fund contributor to the UN’s peacekeeping actions, it added. Enditem

Photo : The 16th Chinese peacekeeping force to Lebanon were awarded the United Nations Peace Medal of Honor on April 6, 2018. (Xinhua photo)