Connect with us

Asia

တရုတ်နိုင်ငံက တည်ဆောက်ပေးသော ဗီယက်နမ်မြို့ပတ်ရထားလမ်း စီးပွားဖြစ် စတင်လည်ပတ်

ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ပေးသော Cat Linh-Ha Dong မြို့ပတ်ရထားလမ်းစီမံကိန်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စနေနေ့က တရားဝင်စတင်လည်ပတ်ခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း စီးပွားဖြစ် စတင်လည်ပတ်သည့် ပထမဆုံး မြို့ပတ်ရထားလမ်းစီမံကိန်းဖြစ်ကြောင်း သိရသည်။ယင်းရထားလမ်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဗီယက်နမ်ပို့ဆောင်ရေးဝန်ကြီးဌာနထံ ယင်းနေ့မှာပင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းမြို့ပတ်ရထားလမ်းစီမံကိန်းအနေဖြင့် စီးပွားဖြစ်လုပ်ငန်းလည်ပတ်သည့်နေ့မှစတင်ကာ ပထမ ၁၅ ရက်အတွင်း ခရီးသည်များအား အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံက တည်ဆောက်ပေးသော ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Cat Linh-Ha Dong မြို့ပတ်ရထားဘူတာရုံတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသူများအား နိုဝင်ဘာ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စနေနေ့နံနက်ပိုင်းက အခမဲ့ အသွားအပြန် နှစ်ကြောင်း လိုက်ပါစီးနင်းပြီးနောက် ဟနွိုင်းမြို့ Thanh Xuan ခရိုင်တွင်နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ခရီးသွား Hoang Thi Huong က ယင်းမြို့ပတ်ရထားလမ်းသည် သူ့အနေဖြင့် နိုင်ငံရပ်ခြားတွင် စီးနင်းဖူးသော မြို့ပတ်ရထားများကဲ့သို့ပင် အလွန် ခေတ်မီကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တည်ဆောက်ပေးသော ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Cat Linh-Ha Dong မြို့ပတ်ရထားဘူတာရုံတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသူများအား နိုဝင်ဘာ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“ ဒီရထားတွေနဲ့ သွားရမယ်ဆိုရင်တော့ မနက်အလုပ်သွားတဲ့အချိန်တိုင်း ကားကြပ်တဲ့ဒုက္ခကို စိတ်ပူပန်စရာမလိုတာ့ဘူး” ဟု Huong က ဆင်ဟွာသို့ပြောကြားခဲ့သည်။ ထို့ပြင် မြို့အတွင်း သယ်ယူပို့ဆောင်ရေးအတွက် မြို့ပတ်ရထားလမ်းစီမံကိန်းများစွာ ဆက်လက်တည်ဆောက်သွားရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တည်ဆောက်ပေးသော ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Cat Linh-Ha Dong မြို့ပတ်ရထားဘူတာရုံတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသူများအား နိုဝင်ဘာ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းမြို့ပတ်ရထားလမ်းသည် အရှည် ၁၃ ကီလိုမီတာရှိပြီး ရထားဘူတာရုံပေါင်း ၁၂ ခု ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။ ရထားတစ်စင်းစီတိုင်းတွင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၈၀ ကီလိုမီတာပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း ၊ အတွဲပေါင်း ၄ တွဲဖြင့် ခရီးသည် ၁,၀၀၀ ကျော်လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။

Cat Linh-Ha Dong မြို့ပတ်ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာတွင် တရားဝင်တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ ယင်းပြေးလမ်းများသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တွင် အလုံးစုံပြီးမြောက်ခဲ့ကြောင်း ၊ စမ်းသပ်မှု အကြိမ်ပေါင်း ထောင်ချီဖြင့် ခရီးအကွာအဝေး ၇၀,၀၀၀ ကီလိုမီတာအထိ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း ၊ ယင်းနောက်မှသာ စီးပွားဖြစ်လည်ပတ်ရေးစနစ်ကို စတင်ခြင်းဖြစ်ကြောင်း လုပ်ငန်းရင်းနှီးမြှုပ်နှံသူများ၏ ပြောကြားချက်အရ သိရသည်။

တစ်ရက်တာ လက်မှတ်အသုံးပြုခသည် ဗီယက်နမ်ဒေါင် ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၃၃ ဒေါ်လာ) ဖြစ်ပြီး တစ်လအတွက် လက်မှတ်တန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈.၈၃ ဒေါ်လာ) ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————
(Chinese Version)

China-constructed urban railway in Vietnam launches commercial operation

HANOI, Nov. 7 (Xinhua) — Authorities of the Vietnamese capital Hanoi inaugurated the China-built Cat Linh-Ha Dong metro line project on Saturday, making it the first metro line in the country to start commercial operation.

The project was handed over to Hanoi by its investor, the Vietnamese Ministry of Transport, on the same day.
All passengers on the metro line can enjoy free rides during the first 15 days of the commercial run.
After taking a free two-way trip on Saturday morning, Hoang Thi Huong, a 30-year-old passenger from Hanoi’s Thanh Xuan district, said the metro line is as modern as those she had seen overseas.

“Taking these trains, I will no longer have to worry about congestion every morning while going to work,” Huong told Xinhua, hoping that more urban railway projects will be constructed to ease transportation in the city.

The elevated line is more than 13 km with 12 stations. Each train, with a designed speed of 80 km per hour, has four carriages capable of carrying up to 1,000 passengers.
The Cat Linh-Ha Dong elevated railway project officially started construction in October 2011. Its trial run was completed in December 2020, with more than 70,000 km of tests on thousands of trips, enabling the system to operate commercially, according to its investors.

Tickets for passengers will be priced at 30,000 Vietnamese dong (1.33 U.S. dollars) for a day pass and 200,000 Vietnamese dong (8.83 U.S. dollars) for a monthly one.

Photo (1) taken on Nov. 6, 2021 shows a train running on Cat Linh-Ha Dong metro line in Hanoi, Vietnam. (VNA via Xinhua)
Photos (2,3,4) Passengers take photos on a train on Cat Linh-Ha Dong metro line in Hanoi, Vietnam, Nov. 6, 2021. (VNA via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.