Connect with us

Asia

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Yu နှင့် အာဖဂန်အိမ်စောင့်အစိုးရ၏ ဒုက္ခသည်ရေးရာ ယာယီဝန်ကြီး Khalil-ur-Rehman Haqqani တို့သည် လေဆိပ်၌ ပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခက်အခဲများစွာကြားမှ တရုတ်နိုင်ငံသည် အချိန်တိုအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများအား စီစဉ်ခဲ့ကြောင်း ၊ အာဖဂန်ပြည်သူများ အရေးတကြီးလိုအပ်သည့် စောင်များ ၊ အနွေးထည်များ နှင့် အခြား ဆောင်းရာသီသုံး ပစ္စည်းများ ပါဝင်ကြောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Yu က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဖဂန်အတွက် စားနပ်ရိက္ခာအကူအညီအပါအဝင် အခြား အထောက်အပံ့ပစ္စည်းများအတွက် ဆက်လက်ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၊ မကြာခင်ရောက်ရှိလာရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံသံအမတ် Wang Yu က ပြောကြားခဲ့သည်။

အာဖဂန်ပြည်သူများစွာ အခက်အခဲကြုံတွေ့နေရချိန်တွင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း အာဖဂန်အိမ်စောင့်အစိုးရ၏ ဒုက္ခသည်ရေးရာ ယာယီဝန်ကြီး Khalil-ur-Rehman Haqqani က ပြောကြားခဲ့သည်။

ယခုနှစ်အစပိုင်းမှစ၍ အာဖဂန်ပြည်သူ ၆၃၄,၀၀၀ ဦးကျော်သည် နိုင်ငံတွင်း ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။၂၀၁၂ ခုနှစ်မှစ၍ အာဖဂန်ပြည်သူ ၅ ဒသမ ၅ သန်းခန့်သည် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)

…………………………………………
(English Version)
China donates emergency supplies to Afghanistan

KABUL, Sept. 30 (Xinhua) — A batch of emergency supplies donated by China arrived at Afghanistan’s Kabul International Airport on Wednesday night and was handed over to the Afghan side.
Chinese Ambassador to Afghanistan Wang Yu and acting minister of refugee affairs of the Afghan caretaker government Khalil-ur-Rehman Haqqani attended the handover ceremony at the airport.
Wang said at the ceremony that amid many difficulties, China managed to arrange the emergency humanitarian aid materials for Afghanistan in a short time, which included blankets, down jackets and other winter supplies urgently needed by the Afghan people.

The ambassador said China will continue to prepare for other aid materials including food aid, which are expected to arrive before long.
Haqqani thanked China for providing the emergency supplies as many Afghan people are experiencing a difficult time.

Since the start of this year, over 634,000 Afghan people have been displaced by conflicts in the country. About 5.5 million Afghan people have been displaced since 2012, according to official figures. Enditem

Photo 1 – China-donated humanitarian aid materials are unloaded in Kabul, capital of Afghanistan, Sept, 29, 2021. (Photo by Saifurahman Safi/Xinhua)
Photo 2 – China-donated humanitarian aid materials are unloaded during a handover ceremony in Kabul, capital of Afghanistan, Sept. 29, 2021. (Photo by Saifurahman Safi/Xinhua)