Connect with us

China

တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ၌ ပန်ဒါကြီးမျိုး အမြွှာမောင်နှစ်မအများပြည်သူအားတွေ့ဆုံ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့် ရှိတိရစ္ဆာန်ရုံတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၁ ရက်တွင် ပန်ဒါ အမြွှာမောင်နှမအတွက် ရက် ၁၀၀ ပြည့်ပွဲကျင်းပစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစပယ်ဒေသရှိ တိရစ္ဆာန်ရုံ၌ မွေးဖွားခဲ့သည့် ပန်ဒါအမြွှာမောင်နှမ ဖြစ်သော ပန်ဒါမောင်လေးနှင့် အစ်မတို့သည်ဒီဇင်ဘာ ၂၁ ရက်တွင် အများပြည်သူ လာရောက်ကြည့်ရှုခြင်းကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

“Qizhen” ဟုခေါ်သော အစ်မဖြစ်သူနှင့် မောင်ဖြစ်သူ Qibao” တို့သည် စက်တင်ဘာ ၁၃ ရက်က ချုံချင့် တိရစ္ဆာန်ရုံ၌ မွေးဖွားခဲ့ကြောင်း ၊ အမြွှာများအတွက် ရက်ပေါင်း ၁၀၀ ပြည့်ပွဲကျင်းပခဲ့ပြီး ၎င်းတို့အမည်မှာ “အဖိုးတန်သော ကလေးငယ်များ” ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

ပန်ဒါမောင်နှမသည် မွေးနေ့ပွဲ၌ ရောင်စုံမီးပုံးများဖြင့် ဝန်းရံထားသည့် ကြိုးပေါ်တွင် ကစားခဲ့ကြသည်။

အမြွှာမောင်နှမသည် စုပေါင်းကြိုးစားမှုဖြင့် ကောင်းစွာကြီးထွားလာကြကြောင်း သိရသည်။ ပန်ဒါအမသည် ၅၄၂၀ ဂရမ်နှင့် ပန်ဒါအထီး သည် ၅၄၉၀ ဂရမ်ခန့် အလေးချိန်ရှိကြောင်း ချုံချင့်တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များဆိုင်ရာ နည်းစနစ်ဒါရိုက်တာ Yin Yanqiang က ပြောကြားခဲ့သည်။

၎င်းတိရစ္ဆာန်ရုံသည် ၁၉၆၀ ပြည့်လွန် နှစ်များတွင် ပန်ဒါကြီးများကို မွေးမြူခဲ့ပြီး ၁၉၈၀ ပြည့်နှစ်လွန်နှစ်များတွင် ဧရာမပန်ဒါပေါက်များကို မွေးမြူခဲ့သည်။ ယခုအချိန်အထိ ပန်ဒါအကောင် ၄၀ အား မွေးမြူထားကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
Giant panda twins meet public in China zoo
CHONGQING, Dec. 21 (Xinhua) — Brother and sister panda twins born in a zoo in southwest China’s Chongqing Municipality started to receive public visitors Tuesday.
The elder sister, named “Qizhen,” and the younger brother, named “Qibao,” were born in the Chongqing Zoo on Sept. 13, and a 100-day party was held for the twins, whose names together mean “precious babies.”
The two pandas played on the swings surrounded by colorful balloons at the party.
The twins are growing well with concerted efforts. The female panda weighs about 5,420 grams and the male 5,490 grams, said Yin Yanqiang, technical director in charge of the animals at Chongqing Zoo.
The zoo began to raise giant pandas in the 1960s and bred giant panda cubs in the 1980s. It has bred 40 giant pandas so far. Enditem