Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အင်အား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနယ်ပြည်နယ်၊ Yongningမြို့နယ်၊ Ninglang ကောင်တီ၊ Lijiang မြို့ ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂ ရက် တွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောင်အဦးတစ်ခု၏ ခေါင်မိုးမှ အုပ်ကြွပ်ပြား ပြုတ်ကျလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်ဇန်နဝါရီ ၂ ရက် ညနေ ၃း၀၂နာရီ တွင် အင်အား ၅.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ဇန်နဝါရီ ၄ ရက် မွန်းတည့်ချိန်အထိ လူ ၃ဝ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူ အားလုံးသည် ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် အစိုးရိမ်ဖွယ် တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ခရိုင်အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါငလျင်သည် မြို့လေးမြို့၌ လူပေါင်း ၂၆,၇၉၇ ဦးအား သက်ရောက်မှုရှိခဲ့ပြီး အိုးအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုပေါင်း ၁,၅၄၆ မှ လူပေါင်း ၆,၈၄၈ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ငလျင်ဒဏ်သင့် ဒေသများရှိ လျှပ်စစ်ဓာတ်အား ပေးဝေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများအပြား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ရွက်ဖျင်တဲများ၊ ဂွမ်းစောင်များ၊ ခေါက်ကုတင်များနှင့် ကုတ်အင်္ကျီ ထောင်ပေါင်းများစွာကို အဆိုပါငလျင်ဘေးဒဏ်သင့်ဒေသများရှိ လိုအပ်နေသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းငလျင်ဗဟိုချက်သည် Lijiang မြို့ရှိ Ninglang ခရိုင်ရုံးမှ ကီလိုမီတာ ၆၀ ခန့် ကွာဝေးပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Lijiang မြို့ဟောင်းမှ ကီလိုမီတာ ၁၁၀ အကွာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငလျင်သည် မြေအောက် အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………….
(English Version)
30 injured after 5.5-magnitude quake jolts China’s Yunnan
KUNMING, Jan. 4 (Xinhua) — Thirty people have sustained minor injuries as of Tuesday noon after a 5.5-magnitude earthquake jolted Ninglang County in southwest China’s Yunnan Province at 3:02 p.m. Sunday, local authorities said.
All the injured are receiving treatment and are under medical observation, and none sustained life-threatening injuries, according to the county government.
The earthquake affected a total of 26,797 people in four towns, and 6,848 people from 1,546 households whose homes were damaged have been relocated.
Power supply, transport and telecommunication services in the quake-hit areas have been largely restored.
Meanwhile, thousands of tents, quilts, folding beds and overcoats have been delivered to those in need in the affected areas.
The epicenter was about 60 km away from the county seat of Ninglang in the city of Lijiang and 110 km from the Old Town of Lijiang, a UNESCO World Heritage Site. The earthquake struck at a depth of 10 km, according to the China Earthquake Networks Center (CENC). Enditem