Connect with us

Science & Technology

တရုတ်အာကာသယာဉ်မှူးများ ၊ လူငယ်များက အာကာသ – ကမ္ဘာမြေ ပြောဆိုမှုမှတစ်ဆင့် နှစ်သစ်အား ကြိုဆိုနှုတ်ဆက်

ပေကျင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ပေကျင်း ၊ ဟောင်ကောင် နှင့် မကာအိုရှိ လူငယ်များနှင့် ၂၀၂၂ ခုနှစ်၏ ပထမရက်ဖြစ်သည့် ဇန်နဝါရီ ၁ ရက် နေ့လည်ပိုင်းတွင် ရုပ်သံဖြင့် အပြန်အလှန် စကားပြောဆိုခဲ့ကြကြောင်း သိရသည်။တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ပေကျင်းမြို့ ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ နေရာသုံးခု၌ ကျောင်းသားလူငယ် ၅၀၀ ခန့်နှင့်အတူ အာကာသ – ကမ္ဘာမြေ တိုက်ရိုက် ပြောဆိုမှုပြုလုပ်ခဲ့ပြီး အာကာသ အိပ်မက် နှင့် ရည်မှန်းချက်များအား မျှဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုအား ဟောင်ကောင် SAR အစိုးရ ၊ မကာအို SAR အစိုးရ ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံး ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံး ၊ တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ နှင့် China Media Group တို့က ပူးတွဲကျင်းပခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုဒေသ၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း ပါဝင်ကြသည့် ကောလိပ်ကျောင်းသား/သူများအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုဒေသ၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း ပါဝင်ကြသည့် ကောလိပ်ကျောင်းသား/သူများအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း ပါဝင်ကြသည့် ကောလိပ်ကျောင်းသား/သူများအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း ပါဝင်ကြသည့် ကောလိပ်ကျောင်းသား/သူများအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း ပါဝင်ကြသည့် ကောလိပ်ကျောင်းသား/သူများအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးနှင့်အတူ အာကာသ – ကမ္ဘာမြေ ရုပ်သံပြောဆိုမှုအတွင်း မေးခွန်းမေးမြန်းနေသော ကျောင်းသားတစ်ဦးအား ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာကသယာဉ်မှူးများ ဖြစ်ကြသည့် ကျိုက်ကျစ်ကန်း (Zhai Zhigang) နှင့် ဝမ်ရာဖိန် (Wang Yaping) နှင့် ယဲ့ကွမ်းဖု (Ye Guangfu) တို့သည် Shenzhou-13 လူစီးအာကာသယာဉ်ပေါ် လိုက်ပါကာ အာကာသအတွင်းသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင် အာကာသစခန်းသို့ ဝင်ရောက်ခဲ့ကြောင်း နှင့် အာကာသစခန်းတည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ အရှည်ကြာဆုံး အမှုထမ်းပါဝင်သည့် တာဝန်ကို အစပြုခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
Chinese astronauts, youths embrace New Year via space-Earth talk

BEIJING, Jan. 1 (Xinhua) — Three Chinese astronauts on board space station Tiangong held a video chat with youths in Beijing, Hong Kong and Macao Saturday afternoon, the first day of 2022.

The trio crew had the live space-Earth talk with around 500 young students at three venues in Beijing, Hong Kong Special Administrative Region (SAR) and Macao SAR, sharing the space dream and aspirations.

The activity, co-hosted by the Hong Kong SAR government, the Macao SAR government, the Liaison Office of the Central People’s Government in Hong Kong SAR, the Liaison Office of the Central People’s Government in Macao SAR, the China Manned Space Agency and the China Media Group, was broadcast live.
Astronauts Zhai Zhigang, Wang Yaping and Ye Guangfu went into space onboard the Shenzhou-13 spaceship and entered the space station on Oct. 16, embarking on the country’s longest crewed mission for space station construction.

Photo 1 – College students pose for a group photo while participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in Beijing, capital of China, Jan. 1, 2022. (Xinhua/Jin Liangkuai)

Photo 2 – Photo taken on Jan. 1, 2022 shows college students participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in south China’s Macao. (Xinhua/Cheong Kam Ka)

Photo 3 – Photo taken on Jan. 1, 2022 shows college students participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in south China’s Macao. (Xinhua/Cheong Kam Ka)

Photo 4 – Photo taken on Jan. 1, 2022 shows college students participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in south China’s Hong Kong. (Xinhua/Wang Shen)

Photo 5 – Photo taken on Jan. 1, 2022 shows college students participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in south China’s Hong Kong. (Xinhua/Wang Shen)

Photo 6 – Photo taken on Jan. 1, 2022 shows college students participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in Beijing, capital of China. (Xinhua/Jin Liangkuai)

Photo 7 – A college student raises a question while participating in a space-Earth video talk with the Chinese astronauts on board space station Tiangong in Beijing, capital of China, Jan. 1, 2022. (Xinhua/Jin Liangkuai)■