Connect with us

Africa & Middle East

တောင်အဖရိကနိုင်ငံ၏ အာဏာရပါတီသည် ၂၀၂၁ ခုနှစ် ဒေသန္တရ ရွေးကောက်ပွဲ၌ ဆုံးရှုံးမှုကြီးကြီးမားမားကြုံတွေ့နေရ

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန္နက်စဗတ်မြို့၊ Crawford ကောလိပ်ရှိ မဲရုံတစ်ခုတွင် မဲပေးနေသည့် အမျိုးသားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန္နက်စဗတ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် ဒေသန္တရ အစိုးရ ရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့ပြီး အာဏာရပါတီ ဖြစ်သည့် အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) သည် ကြီးမားစွာရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ANC သည်လူထုထောက်ခံမှုမှာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ၅၃.၉၁ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၄၆.၀၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲတွင် ထောက်ခံမှုအနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။ အဓိက အတိုက်အခံပါတီ ဖြစ်သော Democratic Alliance (DA) ၏ လူထုထောက်ခံမှုမှာလည်း ၂၆.၉ ရာခိုင်နှုန်းမှ ၂၁.၈၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ အခြား တရားဝင်အတိုက်အခံပါတီ Economic Freedom Fighters (EFF) သည်မှာမူ လူထုထောက်ခံမှု ၁၀.၄၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ANC သည် မြူနီစီပယ်ဒေသ ၂၁၃ ခုအနက် ၁၆၁ နေရာတွင် အများစုအနိုင်ရရှိခဲ့သည်။ DA မှာ မြူနီစီပယ်ဒေသ၏ ၁၃ ခုတွင် အများစုအနိုင်ရရှိခဲ့သည်။ တတိယနေရာတွင်မူ Inkatha Freedom Party (IFP) ဒေသ ၁၀ ခုတွင် အများစုအနိုင်ရရှိခဲ့သည်။

မြို့တော်ဆိုင်ရာ မြူနီစီပယ်ရှစ်ခုတွင် DA က ကိပ်တောင်းမြို့၌ အနိုင်ရရှိခဲ့ကြောင်း၊ ANC က Mangaung မြို့ နှင့် Buffalo City အား ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ စီးပွားရေးအချက်အချာဖြစ်သော ဂျိုဟန္နက်စဗတ်မြို့နှင့် အုပ်ချုပ်ရေးမြို့တော် ပရီတိုရီးယားတည်ရှိရာ Tshwane မြို့ အပါအဝင် ကျန်ရှိသည့် မြို့တော်ဒေသငါးခုတွင် မည်သည့်ပါတီကမှ ဆန္ဒမဲများ၏ ၅၀ ရာခိုင်နှုန်းထက် မပိုခဲ့ကြောင်း သိရသည်။
မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် ၂၆.၁ သန်းရှိသည့်အနက် ၁၂.၃ သန်းသာ မဲရုံများတွင် မဲပေးခဲ့ကြောင်း တောင်အာဖရိက ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ သိရသည်။

ရွေးကောက်ပွဲ ရလဒ်များ ကြေညာချက်တွင် သမ္မတ Cyril Ramaphosa က ဒေသန္တရအစိုးရ ရွေးကောက်ပွဲများတွင် စံချိန်သစ်အနေဖြင့် နိုင်ငံရေးပါတီ ၃၂၅ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၉၅,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အနက် ၁,၅၀၀ ကျော်သည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒါက တောင်အာဖရိကနိုင်ငံမှာ ပါတီစုံနိုင်ငံရေး ထွန်းကားနေတဲ့ လက္ခဏာဖြစ်ပြီး လူတိုင်းမှာ အစိုးရုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တူညီတဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းရှိပါတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

…………………………………………
(English Version)
S. Africa’s ruling party suffers big losses in 2021 local elections
JOHANNESBURG, Nov. 4 (Xinhua) — The Electoral Commission of South Africa announced the 2021 Local Government Elections results on Thursday with the ruling party African National Congress (ANC) suffering big losses.
The national support for the ANC dropped from 53.91 percent in the 2016 elections to 46.04 percent this year, their lowest ever number in a democratic election. Major opposition party Democratic Alliance (DA)’s national support also declined from 26.9 percent to 21.84 percent. The other official opposition party Economic Freedom Fighters (EFF) garnered a share of 10.42 percent.
Out of 213 municipalities, the ANC achieved a majority in 161 municipalities. The DA emerged with a majority in 13 municipalities. Coming in third was the Inkatha Freedom Party (IFP) with a majority in 10 municipalities.
In eight metropolitan municipalities, the DA won Cape Town, the ANC controlled Mangaung and Buffalo City. In the remaining five metros including economic hub Johannesburg and Tshwane where administrative capital Pretoria is located, no party won more than 50 percent of the votes.
Out of 26.1 million registered voters, only 12.3 million voted at the polls, according to the Electoral Commission of South Africa.
Addressing the announcement of the election results, President Cyril Ramaphosa said a record 325 political parties and nearly 95,000 candidates participated in the local government elections, of whom over 1,500 were independent candidates.
“This is a sign that multiparty politics is flourishing in South Africa, and that everyone has an equal chance and opportunity to run for public office,” he said. Enditem