Connect with us

North America

မက္ကဆီကိုပင်လယ်ကွေ့တွင် ရေနံတွင်းမီးလောင်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံး

မက္ကဆီကိုပင်လယ်ကွေ့၊ Campeche ပင်လယ်အော်ရှိ Abkatun ရေနံစင် မီးလောင်မှုဖြစ်ပွားနေသည်ကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုပင်လယ်ကွေ့ရှိ ရေနံတွင်းတစ်ခု မီးလောင်မှုတွင် အနည်းဆုံး အလုပ်သမား ၅ ဦးသေဆုံးပြီး အခြားသူ ၂ ဦး ပျောက်ဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေနံတွင်းလည်ပတ်သည့် မက္ကဆီကိုနိုင်ငံပိုင်း Petroleos Mexicanos (Pemex) က ဩဂုတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း Pemex ဦးဆောင်ညွှန်ကြားရေးမှူး Romero Oropeza က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Campeche ပြည်နယ် အရှေ့တောင်ပိုင်း Ciudad del Carmen မြို့မှ ကီလိုမီတာ ၁၀၀ အကွာအဝေးတွင်ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်တွင် Pemex ဝန်ထမ်း တစ်ဦးနှင့် ရေနံတွင်း ပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီ Cotemar မှ အလုပ်သမား ၄ ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ကုမ္ပဏီက ပျောက်ဆုံးနေသူများအား စေ့စေ့စပ်စပ်ရှာဖွေမှုကို လုပ်ဆောင်နေကြောင်း Romero က ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် မီးလောင်ရသည့်အကြောင်းရင်းကို အဖြေရှာရန် အခင်းဖြစ်ပွားသည့် အကြောင်းအရင်း စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် သင့်လျော်သော အာမခံကို လျှောက်ထားသွားမည်ဖြစ်ကြောင်း Romero က ဆိုသည်။
ဩဂုတ် ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄:၃၀ နာရီတွင် ထိန်းချုပ်နိုင်ခဲ့သော မီးလောင်မှုသည် Campeche Sound ပင်လယ်အော်ရှိ Ku-Maloob-Zaap ရေနံလုပ်ကွက်၏ အစိတ်အပိုင်းဖြစ်သော Ku-A Process စင်တာ၏ E-Ku A2 ပလက်ဖောင်းတွင် အချိန် တစ်နာရီခွဲခန့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေနံလုပ်ကွက်သည် မက္ကဆီကို၏ ရေနံစိမ်းထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့် သို့မဟုတ် တစ်ရက်လျှင် ရေနံစည် ၁.၆၈ သန်းခန့် ထုတ်လုပ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
5 dead, 2 missing in Gulf of Mexico oil rig fire
2021-08-24 09:27:07
MEXICO CITY, Aug. 23 (Xinhua) — At least five workers were killed, two others missing and six injured in a fire at an oil platform in the Gulf of Mexico on Sunday, Mexico’s state-owned Petroleos Mexicanos (Pemex), which runs the rig, said Monday.
One of the injured people was in serious conditions, Pemex General Director Octavio Romero Oropeza told a press conference.
The incident happened 100 km from Ciudad del Carmen in the southeast Campeche state, has claimed the lives of a Pemex employee and four workers from Cotemar, a rig maintenance company, he said.
Romero said the company was undergoing an exhaustive search for the missing persons.
Meanwhile, a root cause inspection would be conducted “to determine the source” of the fire “and apply the corresponding insurance,” said Romero.
The company said the fire had been brought under control at 4:30 p.m. local time (21:30 GMT) on Sunday, about one hour and a half after it broke out at the E-Ku A2 platform of the Ku-A Process Center, part of the Ku-Maloob-Zaap oil field, in Campeche Sound.
The oil field generates about 40 percent of Mexico’s crude oil output, or approximately 1.68 million barrels per day. Enditem
Photo : A column of smoke rises during a fire of the oil platform Abkatun, in Campeche Bay on the Gulf of Mexico, on April 1, 2015. (Xinhua/Diario Presente)