Connect with us

CHINA

တရုတ်နိုင်ငံ၏ inactivated ကာကွယ်ဆေးများက ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်အပေါ်လည်း ထိရောက်မှုရှိဟု လေ့လာမှုကဖော်ပြ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် Sinopharm ကာကွယ်ဆေးအား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော Inactivated COVID-19 ကာကွယ်ဆေးများက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တွင် မေလက ရောဂါဖြစ်ပွားမှုအတွင်း ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားသည်။

နာမည်ကျော် တရုတ် ကူးစက်ရောဂါဗေဒပညာရှင် Zhong Nanshan ဦးဆောင်သည့် ကွမ်ကျိုး ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သုတေသီများက ၎င်းကာကွယ်ဆေးများသည် ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါဖြစ်ပွားမှု ကာကွယ်ရာတွင် ၅၉ ရာခိုင်နှုန်း၊ ရောဂါဖြစ်ပွားမှု အလယ်အလတ်ပုံစံကို ၇၀.၂ ရာခိုင်နှုန်းနှင့် ရောဂါပြင်းထန်မှုကိုမူ ၁၀၀ ရာခိုင်နှုန်း ထိ အာနိသင်သက်ရောက်မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်။

ထို့ပြင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုက ၁၃.၈ ရာခိုင်နှုန်းထိရောက်မှုရှိစေပြီး လုံလောက်သော ကာကွယ်မှုရှိစေမည်မဟုတ်ကြောင်း သိရသည်။

ကူးစက်ရောဂါ၏ ထိရောက်သော ကန့်သတ်ထိန်းချုပ်မှုကြောင့် ကာကွယ်ဆေးအစွမ်းထက်မှု စမ်းသပ်ရေးမှာ တရုတ်နိုင်ငံ ပြည်မကြီးတွင် စိန်ခေါ်မှုရှိနေဆဲဖြစ်သည်။ လေ့လာမှုထဲတွင် လက်တွေ့ကမ္ဘာကြီးအနေဖြင့် ဒယ်လ်တာဗိုင်းရပ်စ်ဗီဇ တိုက်ဖျက်ရန် ရှိနှင့်ပြီးသား inactivated ကာကွယ်ဆေးနှစ်မျိုး၏ ဆေးစွမ်းထက်မှုကို အဆုံးအဖြတ်ပေးရန် အခွင့်အလမ်းကို ကမ်းလှမ်းထားကြောင်း သုတေသီများက ပြောကြားခဲ့သည်။

လေ့လာမှုက ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါအတည်ပြုလူနာ ၁၅၃ ဦးနှင့် အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၄၇၅ ဦး အပါအဝင်လူပေါင်း ၆၂၈ ဦးထံမှ အချက်အလက်များ စုစည်းရယူခဲ့သည်။

အတည်ပြုလူနာ ၁၅၃ ဦးတွင် မေ ၁၈ ရက်မှ ဇွန် ၂၀ ရက်ကြား ရောဂါအမျိုးအမည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၆ ဦးတွင် COVID-19 ရောဂါဆိုးဝါးခဲ့ပြီး ၁၀ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း၊ လေ့လာမှုပြုလုပ်သည့်ကာလအတွင်း လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံထားပြီး ရောဂါဖြစ်ပွားသူများအကြား ပေကျင်းမြို့အခြေစိုက် Sinovac Life Sciences ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူ ၆၁.၃ ရာခိုင်နှုန်းရှိပြီး Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားသူ ၂၇.၅ ရာခိုင်နှုန်း ပါဝင်သည်။ နောက်ထပ် ၁၀.၄ ရာခိုင်နှုန်းမှာ ထိုကုမ္ပဏီနှစ်ခုလုံးမှ ကာကွယ်ဆေးများကို ရောနှောထိုးနှံခဲ့ကြပြီး ၀.၈ ရာခိုင်နှုန်းမှာမူ ကာကွယ်ဆေးထိုးနှံထားသည့် အချက်အလက် ပျောက်ဆုံးနေကြကြောင်း သိရသည်။

သုတေသနစာတမ်းအရ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားခြင်းဖြင့် ဒယ်လ်တာဗိုင်းရပ်စ်အား ကာကွယ်နိုင်စွမ်းသည် လေ့လာမှုတွင်ပါဝင်ကြသော အသက် ၄၀ နှစ်မှ ၅၉ နှစ်ကြားတွင် ၇၂.၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ကာကွယ်ဆေးစွမ်းထက်မှုမှာ အမျိုးသမီးများ၌ ပို၍မြင့်မားသည်ဟု ဆိုသည်။

ကာကွယ်ဆေးထိုးနှံထားသည့် လေ့လာမှုတွင် ပါဝင်သူများအကြား ရောဂါပြင်းထန်ခြင်းနှင့် စိုးရိမ်ရခြင်း သို့မဟုတ် သေဆုံးခြင်းများ မရှိခဲ့ပေ။ အဆိုပါ စာတမ်းသည် inactivated ကာကွယ်ဆေးများက COVID-19 ရောဂါဆိုးဝါးမှုကို ကာကွယ်ဆေးပေးနိုင်ကြောင်း သုံးသပ်ထားခြင်း ဖြစ်သည်။

“ကျွန်ုပ်တို့၏ တွေ့ရှိမှုတွေက ဒယ်လ်တာဗိုင်းရပ်စ် တိုက်ဖျက်ရေး လူထုကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို ကျိုးကြောင်းဆီလျော်အောင် ရှင်းပြထားတာဖြစ်ပါတယ်” ဟု Emerging Microbes & Infections ဂျာနယ်တွင် ဖော်ပြခဲ့သော စာတမ်း၌ သုတေသီများက ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ CoronaVac ကာကွယ်ဆေးနှင့် Sinopharm ကာကွယ်ဆေးတို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာတစ်ဝန်း အရေးပေါ်အသုံးပြုရန် တရားဝင်ခွင့်ပြုထားခြင်း ဖြစ်သည်။ (Xinhua)

———————————–
(English Version)
China’s inactivated vaccines effective against Delta variant: study
Source: Xinhua| 2021-08-23 21:03:25|Editor: huaxia
GUANGZHOU, Aug. 23 (Xinhua) — Inactivated COVID-19 vaccines developed by China curbed the spread of the Delta variant during a May outbreak in Guangzhou city in south China, a study has shown.
Led by reputed Chinese epidemiologist Zhong Nanshan, researchers from the Guangzhou Center for Disease Control and Prevention found that two shots of the vaccines provided an efficacy of 59 percent against COVID-19 caused by the Delta variant, 70.2 percent against moderate form of the disease, and 100 percent against severe cases.
Meanwhile, with an efficacy of 13.8 percent, single-dose vaccination did not provide sufficient protection.
Due to effective containment of the epidemic, testing vaccine efficacy has been challenging in the Chinese mainland. A real-world setting in the study has offered an opportunity to determine the effectiveness of two existing inactivated vaccines against the Delta strain, said the researchers.
The study collected data from 628 participants, including 153 confirmed COVID-19 cases caused by the Delta variants and 475 close contacts of the confirmed cases.
The 153 confirmed cases were diagnosed between May 18 and June 20. Among them, six had severe COVID-19, and ten had critical COVID-19. There were no deaths during the study period.
Among the vaccinated cases, 61.3 percent accepted two shots of the CoronaVac vaccine developed by Sinovac Life Sciences Co., Ltd. based in Beijing, and 27.5 percent accepted two shots of the Sinopharm vaccine. Another 10.4 percent received a mix of vaccines from both companies, and 0.8 percent had missing information on the vaccination type.
According to the research paper, the protective effect of the two-dose vaccination against the Delta strain reached 72.5 percent among the study participants aged 40 to 59 years. The vaccine efficacy was also higher in females.
There were no severe and critical cases or deaths among the vaccinated study participants. The paper speculated that the inactivated vaccines could prevent severe COVID-19.
“Our findings have justified the need to continuously enforce mass vaccination against the Delta strain,” said the researchers in the paper, which has been published in the journal Emerging Microbes & Infections.
China’s CoronaVac vaccine and the Sinopharm vaccine have been validated by the World Health Organization for emergency use globally. ■
Photo taken on June 1, 2021 shows a vial of the Sinopharm vaccine in Beijing, capital of China. (Xinhua)