Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ရေပြင်သို့ အမျိုးအမည်မသိဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံ၏ အသစ်တီထွင်ထားသော ဘက်စုံ ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ်အား ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း စမ်းသပ်ပစ်လွှတ်စဉ်(ဓာတ်ပုံ-KCNA/Handout via Xinhua)

ဆိုးလ် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အမျိုးအမည်မသိသော ဒုံးကျည်တစ်စင်းအား အရှေ့ဘက်ရေပြင်ဆီသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ယနေ့ ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဒုံးကျည်အား ဇန်နဝါရီ ၅ ရက် နံနက်အစောပိုင်းတွင် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း JCS က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ထပ်မံ၍ အသေးစိတ်အချက်အလက်များ ရည်ညွှန်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ယင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် ပထမဆုံးဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်မှုအား ပြီးခဲ့သောနှစ် အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ပြီး ထိုစဉ်က မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်အား စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
1st LD: DPRK fires unidentified projectile towards eastern waters
SEOUL, Jan. 5 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired an unidentified projectile towards eastern waters, the South Korean Joint Chiefs of Staff (JCS) said Wednesday.
The JCS said in a statement that the projectile was launched earlier in the day without any mention of further details.
It marked the DPRK’s first missile test in 2022. The latest test launch was conducted on Oct. 19 when the DPRK test-fired a new type of submarine-launched ballistic missile. Enditem
Photo – Photo provided by Korean Central News Agency (KCNA) on Aug. 25, 2019 shows the test-firing of newly developed super-large multiple rocket launcher of the Democratic People’s Republic of Korea (DPRK) on Aug. 24, 2019. (KCNA/Handout via Xinhua)