Connect with us

North America

တရားမမှုအတွက် ထရမ့် နှင့် သူ၏ သားသမီးများကို စစ်ဆေးမေးမြန်းမှု လုပ်ဆောင်သွားမည်ဟု နယူးယောက်ရှေ့နေချုပ်ပြော

ဒေါ်နယ်ထရမ့်ပိုင်ဆိုင်သော ထရမ့်တာဝါအဆောက်အဦအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်နေသည်ကို ၂၀၁၈ ခုနှစ် ဇူလိုင်၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှေ့နေချုပ် Letitia James က သူ(မ)၏ ရုံးသည် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့် နှင့် ထရမ့်အဖွဲ့အစည်းအား တရားမ စုံစမ်းစစ်ဆေးမှု နှင့် ထရမ့်၏ ကလေးနှစ်ယောက်အား စစ်ဆေးမေးမြန်းမှု တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်မှ အမေရိကန်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်ထွက်ခွာလာသည်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၃ ရက် တွင်ပြုလုပ်ရန်ရှိသည့် ကျမ်းသစ္စာကျိန်ထားသော တွေ့ဆုံမေးမြန်းမှုကို ဖျက်သိမ်းပေးရန် ထရမ့်မိသားစုဝင်သုံးဦးက အဆိုတင်သွင်းခဲ့ပြီးနောက်တွင် ရှေ့နေချုပ် James က “ထရမ့်အဖွဲ့အစည်း(Trump Organization) နဲ့ မစ္စတာထရမ့် နဲ့ပတ်သက်ပြီး ကျွန်မတို့ စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကျမ်းကျိန်မှုအောက်မှာ သူတို့ကို စစ်ဆေးမေးမြန်းဖို့ လုပ်ဆောင်ခဲ့တဲ့ ကျွန်မတို့ရုံးဝန်ထမ်းတွေကို ဒေါ်နယ်ထရမ့် ၊ ဒေါ်နယ်ထရမ့်ဂျူနီယာ နဲ့ အီဗန်ကာထရမ့် တို့ဟာ ပိတ်ပင်တားဆီးဖို့ ကြိုးစားခဲ့တယ် ” ဟု လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

James ၏နယူးယောက်ရှေ့နေချုပ်ရုံးသည် ထရမ့် နှင့် သူ၏သမီး အီဗန်ကာထရမ့် နှင့် သူ၏သား ဒေါ်နယ်ထရမ့်ဂျူနီယာတို့ကို မကြာသေးခင်က တရားရုံးတွင် လာရောက်ထွက်ဆိုမှုပြုလုပ်ရန် ဆင့်စာထုတ်ခဲ့သည်ဟု ဇန်နဝါရီ ၃ ရက်က အများပြည်သူအား ထုတ်ပြန်သည့် တရားရုံးအမှုတွဲ တစ်ခုအရ သိရသည်။

ယင်းဆင့်စာသည် ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အခွန်ပေးဆောင်ရမှုပမာဏကို သက်သာစေရန်အတွက် တစ်ဖက်လှည့်လုပ်ဆောင်ရင်း ဘဏ်ချေးငွေ ပြန်လည်ရရှိရန် ၎င်း၏ ပိုင်ဆိုင်မှုတန်ဖိုးကို ဖောင်းပွကြီးထွားအောင် လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ အပေါ် ဗဟိုပြုသည့် စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မီဒီယာဖော်ပြချက်အရ သိရသည်။

အစောပိုင်းတွင် ဖက်ဒရယ်တရားရုံး၌ စွဲဆိုထားသည့် အမှုအား ဇန်နဝါရီ ၇ ရက်တွင် လာရောက်အစစ်ခံရန် ဒေါ်နယ်ထရမ့်အား James က တောင်းဆိုထားသည်ဟု သတင်းများက ဆိုသည်။

James က ထရမ့်မိသားစုဝင်များ နှင့် ထရမ့်အဖွဲ့အစည်းသည် နှစ်နှစ်ကျော်ကြာသည့်တိုင်အောင် စုံစမ်းစစ်ဆေးမှု နှောင့်နှေးကြန့်ကြာစေရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“ နှစ်နှစ်ကျော် နှောင့်နှေး ကြန့်ကြာအောင်လုပ်ခဲ့တဲ့ နည်းဗျူဟာက ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ရပ်တံ့သွားအောင် မလုပ်နိုင်ပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ ဥပဒေအထက်မှာ ရှိမနေပါဘူး ၊ ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို အတားအဆီးမရှိ ဆက်လက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

James ၏ ရှေ့နေချုပ်ရုံးသည် ထရမ့်၏အခြားသားတစ်ဦးဖြစ်သော အဲရစ်ထရမ့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ တွင် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီးဖြစ်သည်။

ရည်ရွယ်ထားသော စုံစမ်းမေးမြန်းမှုများအား ကပျက်ကယက်ဖြစ်အောင် လုပ်ဆောင်နေကြောင်း သက်သေအထောက်အထားကို အစိုးရရှေ့နေများက တွေ့ရှိခဲ့လျှင် James ၏ ရှေ့နေချုပ်ရုံးအနေဖြင့် ထရမ့် နှင့် ထရမ့်အဖွဲ့အစည်းကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် James က ဖြစ်နိုင်ဖွယ်ရှိသော အခွန်လိမ်လယ်မှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့် နှင့် ထရမ့်အဖွဲ့အစည်းကို သီးခြား ရာဇဝတ်စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

………………………………….
(English Version)
New York Attorney General seeks to interview Donald Trump, his children in civil case

NEW YORK, Jan. 4 (Xinhua) — New York Attorney General Letitia James said her office would continue to push forward a civil investigation into former U.S. President Donald Trump and the Trump Organization and is seeking to interview Trump and his two children.
“Donald Trump, Donald Trump Jr., and Ivanka Trump are trying to stop my office from interviewing them under oath as part of our investigation into the Trump Organization and Mr. Trump,” said James on social media after the three filed a motion on Monday evening to quash upcoming interviews that would take place, under oath, in the investigation.
James’ office recently subpoenaed Donald Trump and his daughter Ivanka Trump and his son Donald Trump Jr., according to a court filing made public on Monday.
The subpoena is part of an investigation which centers on whether Donald Trump inflated the value of his assets to get bank loans while understating them to minimize his tax payment, according to media reports.

Earlier, it was reported that James requested Donald Trump sit for a deposition on Jan. 7, which was challenged in a federal court.
Members of the Trump family and the Trump Organization have continually sought to delay and impede the investigation for more than two years, said James.
“Over two years of delay tactics won’t stop our investigation because no one is above the law,” said James. “Our investigation will continue undeterred.”
James’ office already interviewed Eric Trump, another of Donald Trump’s sons, in Oct. 2020.
If the prosecutors find evidence of wrongdoing in the intended interviews, James’ office could file a lawsuit against Donald Trump and the Trump Organization.
Meanwhile, James is also involved in a separate criminal investigation against Donald Trump and the Trump Organization regarding possible tax fraud.

Photo(1) Police stand guard outside the Trump Tower in New York, the United States, July 27, 2018. (Xinhua/Li Muzi)
Photo(2) U.S. President Donald Trump departs from the White House in Washington D.C., the United States, Feb. 8, 2019. (Xinhua/Ting Shen)