Connect with us

International Organizations

မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်များတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါကြောင်များသည် COVID-19 ရောဂါပိုးရှိသည့် ၎င်းတို့ ပိုင်ရှင်များထံမှ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း စင်တာက ပြောကြားခဲ့ပြီး ပြည်သူများအား ၎င်းတို့ကိုယ်တိုင် နှင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန် များအား ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယခင်က မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတာမြို့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကုန်း ၊ ရေနေ ဖျံကြီးမျိုးများ မွေးမြူရေးစင်တာရှိ ဖျံကြီး ၇ ကောင်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု အတည်ပြုထားကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Pet cats test positive for COVID-19 in Mongolia

ULAN BATOR, Sept. 14 (Xinhua) — Two pet cats have tested positive for COVID-19 in Mongolia, the country’s National Center for Zoonotic Diseases reported on Tuesday.
The cats may have contracted the virus from their owners, who have tested positive for the virus, the center said, urging the public to protect both themselves and their pets from the virus.

Previously, the country had confirmed that seven beavers of the Beaver Breeding Center at the Environmental Department of the capital Ulan Bator had tested positive for the coronavirus. Enditem
Photo – Readers select books at a book festival in Ulan Bator, Mongolia, on June 6, 2020. (Photo by Garid/Xinhua)