Connect with us

Africa & Middle East

လက်ရှိတွင် ကဘူးလ်လေဆိပ်၌ နိုင်ငံတကာလေကြောင်းပျံသန်းမှုများအတွက် အသင့်ဖြစ်ပြီဟု တာဝန်ရှိသူပြော

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ကဘူးလ်နိုင်ငံတကာလေဆိပ်တွင် စစ်သားများ လုံခြုံရေးဆောင်ရွက်နေသည်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်တွင် လက်ရှိ၌ နိုင်ငံတကာလေယာဉ်များနှင့် လေကြောင်းလိုင်းများအားလုံးအနေဖြင့် ယခုအခါ လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်းများ အပြည့်အဝဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တာလီဘန် အိမ်စောင့်အစိုးရက စက်တင်ဘာ ၂၆ ရက်က ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ကဘူးလ်နိုင်ငံတကာလေဆိပ်တွင် လေယာဉ်တစ်စင်းအား စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကဘူးလ်နိုင်ငံတကာ လေဆိပ်ရှိ အခက်အခဲများ ဖြေရှင်းပြီးဖြစ်သဖြင့် လေဆိပ်အနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းပျံသန်းမှုများအတွက် အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ပြီဖြစ်ပါတယ်။ အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံအနေနဲ့ လေကြောင်းလိုင်းများအားလုံးရဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို အာမခံကြောင်းနဲ့ လေကြောင်းလိုင်းတွေနဲ့ နိုင်ငံတွေအားလုံးအနေနဲ့လည်း ကဘူးလ်မြို့သို့ လေကြောင်းပျံသန်းမှုတွေကို ယခင်ကလိုပဲ ပြန်လည်စတင်ပျံသန်းကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Abdul Qahar Balkhi က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကဘူးလ်လေဆိပ်သည် ဩဂုတ် ၃၁ ရက်က အမေရိကန်နိုင်ငံဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် အမေရိကန်နိုင်ငံသားများ ထွက်ခွာသွားချိန်အတွင်း အဆောက်အအုံများစွာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ကဘူးလ်လေဆိပ်အနေဖြင့် ပြီးခဲ့သည့်လလယ်မှ စတင်က လေကြောင်းပျံသန်းမှုများ ကာလရှည်ဆိုင်းငံ့ထားသော်လည်း မကြာသေးမီ သီတင်းပတ်များက ကာတာ၊ ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် ပါကစ္စတန် စသည့်နိုင်ငံများထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီ သယ်ဆောင်လာသော လေယာဉ်များအား လက်ခံခဲ့သလို ပါကစ္စတန်၊ အီရန်နှင့် ကာတာ နိုင်ငံများမှ စီးပွားလုပ်ငန်းသုံးလေကြောင်းခရီးစဉ်များစွာ လာရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Kabul int’l airport now ready for int’l flights: official
2021-09-27 09:47:52
KABUL, Sept. 27 (Xinhua) — The Kabul International Airport is now fully operational for international flights and all airliners can resume airlifts, spokesman of Ministry of Foreign Affairs of the Taliban caretaker government announced on Sunday.
“As the problems at Kabul International Airport have been resolved and the airport is fully operational for domestic and international flights, the Islamic Emirate of Afghanistan assures all airlines of its full cooperation and expects all airlines and countries that had previously flown to Kabul to resume their flights as before,” spokesman Abdul Qahar Balkhi said in a statement.
The Kabul airport was damaged with its many facilities destroyed during the withdrawal of U.S.-led forces and American nationals on Aug. 31.
Airport authorities confirmed that the Kabul airport has received planes carrying humanitarian assistance from Qatar, Bahrain, the United Arab Emirates, Uzbekistan, Kazakhstan and Pakistan as well as a number of commercial flights from Pakistan, Iran and Qatar in recent weeks despite long suspension in the flights since mid-last month. ■
1-Photo taken on Sept. 13, 2021 shows soldiers guarding at the Kabul int’l airport in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)

2-Photo taken on Sept. 20, 2021 shows a plane at the Kabul International Airport in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)