Connect with us

Africa & Middle East

ဟေတီနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂,၁၈၉ ဦးအထိ မြင့်တက်လာ

ဟေတီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ အနောက်တောင်ပိုင်း၌ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၁၈၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကာရေဘီယံကျွန်း၏ မြို့ပြကာကွယ်ရေးအေဂျင်စီ က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။အင်အား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းအေဂျင်စီက တွစ်တာတွင် ရေးသားခဲ့သည်။

ဒေသအလိုက်သေဆုံးသည့် စာရင်းများအရ တောင်ပိုင်းတွင် သေဆုံးမှုအများဆုံးဖြစ်ပြီး၊ ၁၈၃၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းအေဂျင်စီမှ သိရသည်။
၎င်းငလျင်သည် တိုင်းပြည်၏ အင်အားပြင်းငလျင်တစ်ခုဖြစ်ပြီး လူပေါင်းများစွာ သေကြေ၊ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် အဆောက်အဦးများ ပျက်စီးခဲ့ကာ ကျွန်း၏ ဆေးရုံကွန်ရက်မှာ ပြိုလဲခဲ့ကြောင်း သိရသည်။

ဟေတီနိုင်ငံ၌ ပြင်းထန်သော ငလျင်လှုပ်ရှားပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အနေဖြင့် ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)က ကတိပြုခဲ့သည်။

“ကျွန်တော်အနေနဲ့ ဟေတီပြည်သူတွေအတွက် သတင်းစကားတစ်ခုပါးချင်ပါတယ်။ ဒါက ခင်ဗျားတို့ တစ်နိုင်တည်း အထီးကျန်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက ခင်ဗျားတို့ဘေးမှာ ရပ်တည်ပြီး ဒီအကျပ်အတည်းကလွတ်မြောက်ဖို့ ခြေလှမ်းတိုင်းအတွက် ထောက်ပံ့ပေးသွားမှာပါ’’ဟု ဂူတာရက်စ် က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version)
— Haiti quake death toll climbs to 2,189

LES CAYES, Haiti, Aug. 18 (Xinhua) — The death toll from a powerful earthquake that struck southwest Haiti on Saturday climbed to 2,189, the Caribbean island’s Civil Protection Agency reported on Wednesday.

The 7.2-magnitude quake also left more than 12,000 people injured, the agency tweeted, adding that rescue operations are still underway.
A breakdown of fatalities by region showed the vast majority, or 1,832 deaths, occurred in the South, said the agency.

The earthquake was one of the strongest to hit the country, leaving numerous deaths and injuries in its wake, destroying houses and buildings and leading to the collapse of the island’s hospital network.

United Nations Secretary-General Antonio Guterres on Tuesday pledged the world body’s support for Haiti in the aftermath of the massive earthquake.

“I have a message to the people of Haiti: you are not alone. We will stand by your side and support you every step of the way out of this crisis,” Guterres said in a statement. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.