Connect with us

Africa & Middle East

အန်ဂိုလာနိုင်ငံက ၂၀၂၂ ခုနှစ်တွင် စိန် ကာရက် ၁၀.၅ သန်း ထုတ်လုပ်မည်

လွမ်န်ဒါ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အန်ဂိုလာနိုင်ငံက ၂၀၂၂ ခုနှစ်တွင် စိန် ကာရက်ပေါင်း (carats) ၁၀.၅ သန်း ထုတ်လုပ်ရန်၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း နိုင်ငံ၏ National Diamond Company (Endiama) က ဇန်နဝါရီ ၁၀ ရက်က ကြေညာခဲ့သည်။ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ၂၀၂၂ ခုနှစ်အတွက် ရှေ့ဆက်လုပ်ငန်းများနှင့် ပတ်သက်၍ Endiama ၏ စီအီးအို Jose Ganga Junior က သတင်းအချက်အလက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်ခဲ့သော ကုမ္ပဏီ၏ ၄၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားများအတွင် အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Endiama သည် ၂၀၂၂ ခုနှစ်တွင် စိန် ကာရက်ပေါင်း ၁၃.၈ သန်းထုတ်လုပ်ရန်နှင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ရရှိမည်ဟု မူလက ခန့်မှန်းထားခြင်းဖြစ်ကြောင်း Jose Ganga Junior အရ သိရသည်။ (Xinhua)

…………………………………………
(English Version)

Angola to produce 10.5 mln carats of diamonds in 2022
2022-01-18 17:36:46
LUANDA, Jan. 18 (Xinhua) — Angola estimates to produce 10.5 million carats of diamonds in 2022 with a revenue of 1.4 billion U.S. dollars, the country’s National Diamond Company (Endiama) announced here Monday.

The information was provided by Jose Ganga Junior, Endiama’s CEO, while making to the press an assessment of the company’s activities in 2021 and the projections for 2022.

The official was speaking on the occasion of the celebrations of the company’s 41 years’ anniversary, marked on January 15.
According to the Jose Ganga Junior, Endiama initially expected to produce 13.8 million carats of diamonds in 2022 with a revenue of around 1.9 billion U.S. dollars. Enditem

Photo : This file photo shows a jewelry worker polishes a diamond at the 1st Mining Exposition of Angola in Luanda, capital of Angola, April 27, 2006. (Xinhua/Fu Xiancheng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.