Connect with us

North America

အမေရိကန်နိုင်ငံတွင် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနေသည့်ကြား နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ဆောင်ရွက်ချက်အသစ်များ ဘိုင်ဒန်အစိုးရ ဆောင်ရွက်

ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ၎င်းတို့ အစိုးရသည် နိုင်ငံအတွင်း ကူးစက်မြန် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားလာသည့်ကြား နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့် တတိယမြောက်ကာကွယ်ဆေးထိုးနှံမှု (booster shots) ဆိုင်ရာ ဆောင်ရွက်ချက်အသစ်များ လုပ်ဆောင်လျက်ရှိကြောင်း ဩဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။ကျောင်းသားများအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရန် တောင်းဆိုမှုရှိသော ဒေသခံ စာသင်ကျောင်းတာဝန်ရှိသူများအား ပိတ်ပင်ရန် ကြိုးစားလျက်ရှိသော အုပ်ချုပ်ရေးမှူးအချို့ကို တရားဥပဒေအခွင့်အာဏာ အသုံးပြုအရေးယူရန် ပညာရေးဝန်ကြီးဌာနအား ညွှန်ကြားထားကြောင်း ဘိုင်ဒန်က အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် Montrara Ave. မူလတန်းကျောင်းမှ ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ ကလေးတွေကို ကာကွယ်နေတဲ့ ပညာရှင်တွေကို တားဆီးဖို့နဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့ အုပ်ချုပ်ရေးမှူးတွေကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး” ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၊ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey နှင့် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott တို့ကဲ့သို့ ရီပက်ဘလစ်ကန် အုပ်ချုပ်ရေးမှူးအချို့သည် စာသင်ခန်းအတွင်း နှာခေါင်းစည်း တပ်ဆင်ရန်လိုအပ်ကြောင်း ဒေသခံစာသင်ကျောင်းများ၏ ထုတ်ပြန်ချက်ကို လိုက်လံပိတ်ပင် တားဆီးဆီးသည့် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဆေးဆိုင်တစ်ခုတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးဆိုင်ဘုတ်အနီး ဖြတ်သန်းသွားလာသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

“သူတို့က အန္တရာယ်ရှိတဲ့ အခြေအနေကို လုပ်ဆောင်နေတာပဲ၊ ဒါကနိုင်ငံရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ ကလေးတွေရဲ့ ဘေးကင်းရေးအတွက်ပါ။ ဗိုင်းရပ်စ်ကို အတူတကွ ကိုင်တွယ်ပြီး စည်းလုံးညီညွတ်ရမှာ ဖြစ်ပါတယ်” ဟု ဘိုင်ဒန်က ဆိုသည်။

အမေရိကန် ကယ်ဆယ်ရေးအစီအစဉ်မှ COVID-19 အရေးပေါ်ရန်ပုံငွေကို ၎င်းတို့၏ စသင်ကျောင်း၌ နှာခေါင်းစည်းမတပ်မနေရ အကောင်အထည်ဖော်ခြင်းကြောင့် ဒေသခံနှင့် ပြည်နယ်အစိုးရ၏ လစာဖြတ်တောက်ခြင်းခံရသည့် ပညာရှင်များအား လစာပေးရာတွင် အသုံးပြုနိုင်ကြောင်း ဘိုင်ဒန်က ပြောခဲ့သည်။

အမေရိကန်နိုင်ငံတွင် ဩဂုတ် ၁၂ ရက်၌ ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း ကလေးငယ် ရောဂါကူးစက်မှုအသစ် ၁၂၁,၀၀၀ ကျော်ရှိခဲ့ရာ “ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေကြောင်း” အမေရိကန် ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံအသင်းမှ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဩဂုတ် ၁၂ ရက်အထိ ကလေးငယ် ၄.၄၁ သန်းကျော်ရှိခဲ့ပြီး ရောဂါဖြစ်ပွားမှုအားလုံး၏ ၁၄.၄ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာက ဆိုသည်။ အမေရိကန်နိုင်ငံတွင် အသက် ၁၂ နှစ်အောက် ကလေးများမှာ COVID-19 ကာကွယ်ဆေးထိုးနှံခွင့် မရရှိသေးပေ။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကူညီပေးရေးစီမံကိန်းတွင် ပါဝင်ရန် ဘိုးဘွားရိပ်သာများအတွက် ဝန်ထမ်းကာကွယ်ဆေးထိုးနှံမှု အခြေအနေ ဆောင်ရွက်ရန် စည်းကမ်းအသစ်များ ရေးဆွဲရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် လူသားဝန်ဆောင်မှုများအား ဘိုင်ဒန်က ဩဂုတ် ၁၈ ရက်၌ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် လူတိုင်းအား စက်တင်ဘာ ၂၀ ရက် သီတင်းပတ်တွင် စတင်မည့် booster shot ထိုးနှံကြရန် အစိုးရ၏ အကြံပြုချက်အသစ်အကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပြီး ယင်းကို အစားအသောက်နှင့် ဆေးဝါးဦးစီးဌာနမှ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။

“ဒါက ဗီဇပြောင်းဗိုင်းရပ်စ်အသစ်ကနေ ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ” ဟု ဘိုင်ဒန်က ပြောခဲ့သည်။

ကမ္ဘာ့နေရာများစွာ၌ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် စောင့်ဆိုင်းနေကြဆဲရှိနေချိန်တွင် အမေရိကန်နိုင်ငံသားများအနေဖြင့် ထပ်တိုးကာကွယ်မှုလုပ်ဆောင်နေသည်ဟူသော ဝေဖန်ပြစ်တင်မှုကို ဘိုင်ဒန်က မျက်ကွယ်ပြုထားခဲ့သည်။

“အခြားနိုင်ငံတွေ ပထမဆုံးကာကွယ်ဆေးမထိုးနှံရသေးခင်အထိ အမေရိကန်တွေအနေနဲ့ တတိယအကြိမ် ကာကွယ်ဆေး မထိုးနှံသင့်ဘူးလို့ ပြောနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်အချို့ရှိနေပါတယ်။ ကျွန်တော်ကတော့ သဘောမတူပါဘူး။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ကို စောင့်ရှောက်နိုင်ပြီး တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးကို ကူညီနိုင်ပါတယ်” ဟု ဘိုင်ဒန်က ပြောခဲ့သည်။
ယခုနှစ်အစောပိုင်းက mRNA, Moderna နှင့် Pfizer ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသော အမေရိကန်နိုင်ငံသားများအနေဖြင့် စက်တင်ဘာ ၂၀ ရက်မှာ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှု စတင်နိုင်ပြီဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက ဩဂုတ် ၁၈ ရက် အစောပိုင်းက ကြေညာခဲ့သည်။ လူတစ်ဦးအနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၈ လအကြာတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူသင့်သည်ဟု ဆိုသည်။

တစ်ကြိမ်တည်းသာထိုးနှံရသော Johnson & Johnson ကာကွယ်ဆေးထိုးနှံထားသူ အမေရိကန်နိုင်ငံသားများ အနေဖြင့် booster shot ထိုးနှံရန်လိုအပ်ကြောင်း၊ သို့ရာတွင် ယင်းအကြောင်းအရာဆိုင်ရာ အချက်အလက်များမှာ လာမည့်သီတင်းပတ်တွင် ထွက်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးစင်တာမှ အချက်အလက်များတွင် ကာကွယ်ဆေး၏ ထိရောက်မှုများမှာ မတ်လတွင် ၇၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လတွင် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှာ ဒယ်လ်တာ ဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့် COVID-19 ရောဂါ စတုတ္ထအကြိမ် မြင့်တက်လာခဲ့ပြီး “အကျပ်အတည်း အခြေအနေပြန်လည်ရောက်ရှိနေကြောင်း” The Washington Post က ဩဂုတ် ၁၈ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအရသိရသည်။

ဩဂုတ် ၁၇ ရက်တွင် ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ပြည်နယ် ၅၀ ၌ ၄၆ ပြည်နယ်နှင့် ကယ်လီဖိုးနီးယားနှင့် နယူးယောက် အပါအဝင် ပြည်နယ် ၈ ခုတွင် COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုများမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး အတွင်းလူနာ ၄၀၀ ကျော် ထပ်တိုးခဲ့ကြောင်း ဆောင်းပါးက ဆိုသည်။

ဩဂုတ် ၁၈ ရက်အထိ အမေရိကန်နိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာ COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၅၁ ရာခိုင်နှုန်းရှိကြောင်း CDC အချက်အလက်များအရ သိရသည်။ (Xinhua)
#US, #Delta, #Variant, #Mask, #COVID_19, #Vaccine, #Xinhua, #Myanmar, #XinhuaMyanmar, #အမေရိကန်, #ဒယ်လ်တာ #ဗီဇပြောင်းဗိုင်းရပ်စ်, #နှာခေါင်းစည်း, #ကာကွယ်ဆေး, #ဆင်ဟွာ

——————————————————
(English Version)

Biden administration takes new actions on masking, vaccination amid COVID-19 resurgence

WASHINGTON, Aug. 18 (Xinhua) — U.S. President Joe Biden said Wednesday the administration is taking new actions on masking, vaccination and booster shots amid a COVID-19 resurgence driven by the highly contagious Delta variant across the country.
Speaking at the White House, Biden said he is directing the Education Department to use its legal authority against some governors who are trying to block local school officials from requiring students to wear masks to prevent the spread of the virus.

“You know, we’re not going to sit by as governors try to block and intimidate educators protecting our children,” Biden said.
Some Republican governors, such as Florida’s Ron DeSantis, Doug Ducey of Arizona, and Greg Abbott of Texas, have issued orders barring local school districts from requiring masks in the classroom.

“They’re setting a dangerous tone,” Biden said. “This isn’t about politics. It’s about keeping our children safe. It’s about taking on the virus together, united.”

He said COVID-19 emergency funding in American Rescue Plan can be used to pay educators who have their paycheck cut by local and state governments if their schools implement mask mandates.
More than 121,000 new child cases were logged in the week ending Aug. 12 in the United States, “a continuing substantial increase,” said a report from the American Academy of Pediatrics and the Children’s Hospital Association.
As of Aug. 12, more than 4.41 million children had tested positive in the country since the onset of the pandemic, representing 14.4 percent of all cases, said the report. Children under the age of 12 have not been authorized to be vaccinated against COVID-19 in the United States.
Biden said Wednesday he is also directing the Department of Health and Human Services to draw up new regulations making employee vaccination a condition for nursing homes to participate in Medicare and Medicaid.

Additionally, Biden spoke about the administration’s new recommendation for everyone to get booster shots, beginning the week of Sept. 20, pending approval by the Food and Drug Administration.

“It’s the best way to protect ourselves from new variants that could arrive,” Biden said of the boosters.
He downplayed the criticism that Americans would be getting additional protection against COVID-19 while much of the world still waits for the first vaccination shots.

“There’s some world leaders who say America shouldn’t get a third shot until other countries got their first shot — I disagree,” Biden said. “We can take care of America and help the world at the same time.”

Fully vaccinated Americans who received a two-shot mRNA vaccine, like those made by Moderna and Pfizer, earlier this year can start getting booster doses on Sept. 20, U.S. health officials announced earlier Wednesday. Each person should get their booster shot eight months after their second shot.

Americans who got the one-shot Johnson & Johnson vaccine will likely also need booster shots, but more data on the topic is expected in the coming weeks, said the officials.

Data from the U.S. Centers for Disease Control and Prevention showed that the vaccines’ effectiveness dropped from 75 percent in March to 53 percent by August.

Hospitals across the United States are “back in crisis mode” due to a fourth surge of the COVID-19 pandemic driven by the Delta variant, according to an article published by The Washington Post on Wednesday.

Double-digit growth in COVID-19 hospitalizations was recorded in 46 of the 50 U.S. states in the week ending Tuesday, and eight states, including California and New York, added more than 400 new inpatients, the article said.

As of Wednesday, 60 percent of the U.S. population has received at least one dose of COVID-19 vaccines, with 51 percent fully vaccinated, CDC data showed. Enditem

1- U.S. President Joe Biden returns to the White House after spending the weekend in Camp David, in Washington, D.C., the United States, on Aug. 2, 2021. (Photo by Ting Shen/Xinhua)
2- Students of Montrara Ave. Elementary School attend their in-person class in Los Angeles, California, the United States, on Aug. 16, 2021. (Xinhua)
3- A woman walks past a sign of COVID-19 vaccination at a pharmacy in New York, the United States, Aug. 11, 2021. (Xinhua/Wang Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.