Connect with us

Africa & Middle East

အမေရိကန်နှင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်ရေးအတွက် အသင့်ရှိကြောင်း အီရန်ပြောကြား

အီရန်နိုင်ငံ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ali Rabiee အား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တီဟီရန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတစ်ခုအတွက် အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား လတ်တလောဆွေးနွေးညှိနှိုင်းနေကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်မှုအတွက် အသင့်ရှိကြောင်း အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။“ လူသားချင်းစာနာမှု အကြောင်းတရားတွေနဲ့ အမေရိကန်ရဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ အီရန်ရဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အပြန်အလှန်လဲလှယ်ဖို့ အီရန်ဘက်က အသင့်ရှိနေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ ထပ်ခါထပ်ခါ ပြောပြီးသားပါ ” ဟု အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ali Rabiee က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် Rabiee က အီရန်အနေဖြင့် ကမ္ဘာတစ်ဝှမ်း၌ အကျဉ်းချခံထားရသည့် အီရန်နိုင်ငံသား အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ဆိုသည်။ အမေရိကန်၏ တောင်းဆိုမှုကြောင့် တတိယနိုင်ငံတစ်ခုတွင် အကျဉ်းချခံထားရသည့် အီရန်အကျဉ်းသားအားလုံးနှင့်လည်း အကြုံးဝင်ကြောင်း ၎င်းက ဆိုသည်။

ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်က အကျဉ်းသားလဲလှယ်ရေးအစီအစဉ်တစ်ခုအတွက် အီရန်ဘက်က အသိပေးပြောကြားခဲ့သော်လည်း အမေရိကန်ဘက်က “အီရန်ဓားစာခံများဖြင့် အစားထိုးကာ” ဆွေးနွေးပွဲစကားဝိုင်းတွင် အတူထိုင်ရန် ငြင်းဆိုခဲ့ကြောင်း Rabiee က ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က “ သမ္မတအဖြစ် ပထမဆုံးရုံးထိုင်သည့်နေ့မှာပင်” အီရန်၏ အကျဉ်းသားလဲလှယ်ရေး ကမ်းလှမ်းမှုကို စိတ်ဝင်စားသည်ကို ဖော်ပြခဲ့ကြောင်း နှင့် “ သဘောတူ လက်ခံကြောင်း ရလဒ်များ” ထွက်ပေါ်လာပါက ချက်ချင်းဆိုသလို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းကို ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီရန်နိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် Robert Malley က စနေနေ့တွင် ပြောကြားရာ၌ အီရန်နှင့်အကျဉ်းသားလဲလှယ်ရေးအတွက် ဆွေးနွေးမှုမှာ “ တိုးတက်မှုအချို့ရှိပါတယ်” ဟု ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် “ တစ်စိတ်တစ်ပိုင်းသဘောတူညီမှု” ကို လက်ခံမည်မဟုတ်ကြောင်း ၊ သို့သော် အီရန်ရှိ အမေရိကန်အကျဉ်းသားအားလုံးလွှတ်ပေးရေး တစ်ခုတည်းကိုသာ လက်ခံမည်ဖြစ်ကြောင်း ဆိုသည်။

အကျဉ်းသားအပြန်အလှန်လွှတ်ရေး ဆွေးနွေးမှုသည် ၂၀၁၅ နျူကလီးယား သဘောတူညီချက် ဆွေးနွေးမှုနှင့်သက်သက်စီသာ ဖြစ်ကြောင်း Malley က ပြောကြားခဲ့ပြီး အကယ်၍ ဗီယင်နာဆွေးနွေးပွဲ(နျူကလီးယားဆိုင်ရာဆွေးနွေးပွဲ) မှာ အောင်မြင်မှုရလဒ် မထွက်ပေါ်ခဲ့ပါကလည်း အမေရိကန်အနေဖြင့် အီရန်နှင့်အတူ အကျဉ်းသားလဲလှယ်ရေးသဘောတူညီမှုတစ်ခုအတွက် ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်း Malley က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

—————————————————-
(English Version)

Iran says ready for all-for-all prisoner swap with U.S.

TEHRAN, July 13 (Xinhua) — The spokesman for Iran’s government confirmed on Tuesday the ongoing negotiations between Iran and the United States for a prisoner swap, and voiced Iran’s readiness for an all-for-all prisoner exchange, official news agency IRNA reported.

“We have repeatedly stated that Iran is ready, for humanitarian reasons, to exchange all (U.S.) political prisoners for all Iranian prisoners,” the spokesman for Iran’s cabinet, Ali Rabiee, said at a press briefing.

Rabiee stressed that Tehran expects the release of all Iranian citizens imprisoned around the world. Iranians imprisoned in third countries at the request of Washington are considered by Tehran as prisoners of the United States.

Iran already notified the readiness for such a prisoner swap to the previous U.S. administration under former President Donald Trump, but Washington “insisted on taking the Iranians hostage” and refused to sit at the negotiating table, Rabiee added.

The Biden administration showed interest in Iran’s exchange offer “since its first days in office,” and as soon as “acceptable results” are achieved, the Iranian Foreign Ministry will announce it, he said.

On Saturday, the U.S. special envoy for Iran Robert Malley said the negotiations with Iran for a prisoner exchange had “made some progress,” adding that Washington would not accept a “partial deal,” but only the release of all U.S. prisoners in Iran.

Malley added that the prisoner issue was being discussed separately from the revitalization of the 2015 nuclear deal, adding that even if the Vienna talks fail to yield result, the United States would continue to pursue a prisoner exchange agreement with Iran.

Photo taken on Sept. 16, 2019 shows Iran’s government spokesman Ali Rabiee speaking at a press conference in Tehran, Iran. (Photo by Ahmad Halabisaz/Xinhua)