Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာမီ အမြဲတမ်းစစ်တပ် ရှိလာမည်ဟု စစ်ဦးစီးချုပ်ပြောကြား

ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။“အာဖဂန်နစ္စတန်နိုင်ငံက မကြာမီကာလအတွင်းမှာ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ စည်းကမ်းရှိပြီးခိုင်မာတဲ့ အမြဲတမ်းစစ်တပ် ရှိလာမှာပါ။ အဲဒီအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။”ဟု စစ်ဦးစီးချုပ် Qari Fasihuddin ၏ ပြောကြားချက်ကို အာဖဂန် အသံလွှင့်ဌာန Salam Watandar က ကိုးကားထုတ်လွှင့်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost မြို့ရှိ ယခင် Khost Protection Force (KPF) တပ်ဖွဲ့ဌာနချုပ်အား စောင့်ကြပ်နေသည့် တာလီဘန်အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စက်တင်ဘာ ၁၅ ရက်၌ ကဘူးလ်မြို့၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် စစ်ဦးစီးချုပ်က အဆိုပြုထားသော တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံအား ကာကွယ်စောင့်ရှောက်ရန် ကောင်းစွာလေ့ကျင့်သင်ကြားပေးထားပြီး စည်းစနစ်တကျရှိလိမ့်မည် ဖြစ်ကြောင်း ထုတ်လွှင့်မှုအရ သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost မြို့ရှိ ယခင် Khost Protection Force (KPF) တပ်ဖွဲ့ဌာနချုပ်အား စောင့်ကြပ်နေသည့် တာလီဘန်အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တာလီဘန်တို့သည် မြို့တော် ကဘူးလ်မြို့အား ဩဂုတ် ၁၅ ရက်တွင် သိမ်းယူခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်ရန် စက်တင်ဘာ ၇ ရက်တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းအား ကြေညာခဲ့သော်လည်း အမြဲတမ်း ရဲတပ်ဖွဲ့ နှင့် စစ်တပ် မရှိသေးကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Afghanistan to have regular army soon: army chief of staff

KABUL, Sept. 15 (Xinhua) — Afghanistan would soon have a regular army to defend the country, Taliban’s army chief of staff Qari Fasihuddin has said.
“Afghanistan would have a regular, disciplined and strong army in near future to defend and protect the country and consultations in this field continue,” Fasihuddin was quoted as saying by Afghan radio service Salam Watandar.

Fasihuddin, in his address to a gathering in Kabul on Wednesday, said the members of the proposed army would be well-trained and disciplined to defend and protect Afghanistan, according to the media outlet’s report.

The Taliban captured the capital Kabul on Aug. 15 and announced the formation of a caretaker government on Sept. 7 to rule Afghanistan but without regular police and army. Enditem
Photo 1 – Photo taken on Sept. 15, 2021 shows former Khost Protection Force (KPF) military center in Khost city, eastern Afghanistan. (Str/Xinhua)

Photo 2 – A member of Taliban stands guard at the former Khost Protection Force (KPF) military center in Khost city, eastern Afghanistan, Sept. 15, 2021. (Str/Xinhua)
Photo 3 – A member of Taliban stands guard on a security tower at the former Khost Protection Force (KPF) military center in Khost city, eastern Afghanistan, Sept. 15, 2021. Afghanistan would soon have a regular army to defend the country, Taliban’s army chief of staff Qari Fasihuddin has said. (Str/Xinhua)