Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရထားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ရှိ Nergundi ဘူတာအနီး Mumbai-Bhubaneswar Lokmanya Tilak Terminus (LTT) ရထား လမ်းချော်ကျနေသည်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဇန်နဝါရီ ၁၃ ရက်က ရထားတိမ်းမှောက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဇန်နဝါရီ ၁၄ ရက်၌ ၉ ဦးအထိရှိလာခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း ရထားလုပ်ငန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Anshul Gupta က အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူများတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၆ ဦးပါဝင်ကြောင်း၊ စုစုပေါင်း ခရီးသည် ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း Gupta က ပြောခဲ့သည်။
ခရီးသည်တင်ရထားသည် အနောက်ဘန်ဂေါပြည်နယ် ဂျယ်ပိုင်ဂူရီခရိုင်၌ ဇန်နဝါရီ ၁၃ ရက်က လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

Bikaner Express ရထားသည် ပတ္တနာမြို့မှ အာဆမ်ပြည်နယ် မြို့တော် ဂူဝါဟာတီသို့ ပြေးဆွဲနေခြင်းဖြစ်သည်။

မီဒီယာဖော်ပြချက်အရ ရထား လမ်းချော်တိမ်းမှောက်စဉ်တွင် တွဲပေါင်း ၁၂ တွဲခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ရထားရုတ်တရက် တုံ့ခနဲ့ရပ်တန့်သွားပြီးနောက် တွဲတွေအများကြီး တိမ်းမှောက်သွားခဲ့တယ်။ သေဆုံးသူတွေလည်း ရှိခဲ့တယ်” ဟု ခရီးသည်တစ်ဦး၏ ပြောကြားချက်အားကိုးကား၍ မီဒီယာက ဖော်ပြထားသည်။ (Xinhua)

——————————-
(English Version)

India’s train mishap death toll rises to 9
2022-01-14 13:59:58
NEW DELHI, Jan. 14 (Xinhua) — The death toll in Thursday’s train mishap in India’s eastern state West Bengal rose to nine on Friday, as some of the injured remained in critical condition, confirmed Anshul Gupta, a senior official at the Ministry of Railways.
Among the dead are three women and six men. A total of 36 passengers were injured, including 10 grievously injured, said Gupta.
A passenger train derailed in West Bengal’s Jalpaiguri district on Thursday evening.
The train Bikaner Express was moving from Patna to Guwahati, the capital city of the northeastern state of Assam.
According to media, around 12 coaches of the train suffered damage during the train’s derailment.
“Following a sudden jerk, several bogies overturned. There are casualties,” one of the passengers was quoted as saying by media. Enditem

Photo : Photo taken on Jan. 16, 2020 shows the derailed “Mumbai-Bhubaneswar Lokmanya Tilak Terminus (LTT) Express” train near Nergundi railway station in Odisha, India. More than 15 passengers were injured, a couple of them seriously, in a train mishap in India’s eastern state of Odisha on Thursday, a senior Indian Railways official said. (Str/Xinhua)