Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်၌ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားသူ ၁၀၀ ကျော်ရှိ

နယူးဒေလီ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်ရှိ Kanpur ခရိုင်၌ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားသူမှာ အရေအတွက် ၁၀၀ ကျော် ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့တဲ့ တစ်လအတွင်း Kanpur ခရိုင်မှာ ဇီကာဗိုင်းရပ်ဖြစ်ပွားသူ ၁၀၅ ဦး တွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် အဲဒီထဲက ၁၇ ဦးက ရောဂါပျောက်ကင်းသွားပါပြီ။”ဟု Uttar Pradesh ပြည်နယ်ဝန်ကြီးချုပ် Yogi Adityanath က မီဒီယာအား ပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် Yogi Adityanath က ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားသည့်နေရာသို့ သွားရောက်ပြီး Kanpur ခရိုင်အတွင်းရှိ အခြေအနေအား ပြန်လည်သုံးသပ်ခဲ့ကြောင်း နှင့် ရောဂါကူးစက်ခံရသည့် လူနာများ၏ မိသားစုဝင်များနှင့် စကားပြောဆိုခဲ့ကြောင်း သိရသည်။

ဒေသန္တရအုပ်ချုပ်ရေး ၊ ကျန်းမာရေးဌာန နှင့် မြူနီစပယ်ကောင်စီတို့သည် Kanpur ခရိုင်အတွင်းရှိ ရောဂါစောင့်ကြည့်ခြင်း ၊ သန့်ရှင်းမှု နှင့် စုံစမ်းစစ်ဆေးမှုတို့အား တိုးမြှင့်ဆောင်ရွက်ခြင်းအပေါ် ဗျူဟာကျကျ လုပ်ဆောင်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် ခြင်မှကူးစက်သော ဗိုင်းရပ်စ်သည် Gujarat ပြည်နယ် Ahmedabad မြို့၌ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် Tamil Nadu ပြည်နယ်ရှိ Krishnagiri ခရိုင်၌ ဖြစ်ပွားခဲ့သည်။ တာဝန်ရှိသူများက ယင်းဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည့်နေရာများအား အထူးကြပ်မတ်စောင့်ကြည့်ခြင်း နှင့် ရောဂါသယ်ဆောင်သည့် ပိုးမွှားများအား နှိမ်နှင်းခြင်းတို့မှတစ်ဆင့် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ၏ အဆိုအရ ယင်းရောဂါဖြစ်ပွားမှုသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC) တစ်ခုအဖြစ်မှ ရပ်ဆိုင်းသွားကြောင်း နှင့် သတ်မှတ်ထားသည့် ပြဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)
Zika virus cases in northern Indian state cross 100 mark

NEW DELHI, Nov. 10 (Xinhua) — The number of Zika virus cases in Kanpur district in the northern Indian state of Uttar Pradesh has crossed 100, officials said Wednesday.
“In the past one month, 105 positive cases of Zika virus were detected in Kanpur and out of which 17 have become negative now,” Uttar Pradesh Chief Minister Yogi Adityanath told media.
Adityanath reviewed the situation in Kanpur by visiting the virus-hit areas and speaking to family members of the infected patients.

Adityanath said the district administration, health department and municipal council have strategically worked on increasing surveillance, sanitization and investigation in Kanpur.
In India, the first outbreak of the mosquito-borne virus was reported in Ahmedabad (Gujarat) in 2017 and later on from the Krishnagiri district in Tamil Nadu. Officials said both these outbreaks were successfully contained through intensive surveillance and vector management.

The disease ceases to be a public health emergency of international concern (PHEIC), according to the World Health Organization, and can be handled as per existing protocol. Enditem
Photo – File photo shows a person pointing at an image of Aedes Aegypti mosquito, carrier of the Zika virus, on a laptop screen, in Santiago, capital of Chile, on April 18, 2016.(Xinhua/Jorge Villegas)