Connect with us

North America

အ‌မေရိကန် ထောက်ပံ့သည့် ဒုတိယအသုတ် စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိ

ယူကရိန်းနိုင်ငံ မြို့တော် ကီးယက် စစ်ရေးပြအခမ်းအနားတစ်ခုတွင် တင့်ကားများ တန်းစီမောင်းနှင်နေသည်ကို ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်၏ ဒုတိယအသုတ် စစ်ရေးအထောက်အပံ့ပစ္စည်းများ ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇန်နဝါရီ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

“ဒုတိယလေယာဉ် ကီးယက်ကို ရောက်ရှိပါပြီ။ ကျွန်တော်တို့ရဲ့ အမေရိကန်မိတ်ဆွေတွေ ပေးတဲ့ တန်ချိန် ၈၀ ရှိ လက်နက်ပစ္စည်းတွေက ယူကရိန်းလုံခြုံရေးကာကွယ်မှုစွမ်းရည်ကို အားကောင်းစေမှာဖြစ်ပါတယ်။ ပြီးတော့ ဒါက အဆုံးသတ်လည်းမဟုတ်သေးပါဘူး ”ဟု Oleksii Reznikov က ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အမေရိကန်၏ ပထမအသုတ် စစ်ရေးအထောက်အပံ့ပစ္စည်းတွေက အစောပိုင်းမှာ ယူကရိန်းကို ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယူကရိန်းရှိ အမေရိကန်သံရုံး၏ တွစ်တာတွင် ပြောကြားချက်အရ ယင်းအထောက်အပံ့ပစ္စည်းများ၏ အလေးချိန်သည် ပေါင် ၂၀၀,၀၀၀(တန်ချိန် ၉၀) ရှိရာ လက်နက်ခဲယမ်းစသည့် အသက်ကိုအန္တရာယ်ဖြစ်စေသော ပစ္စည်းကိရိယာများ ပါဝင်ကြောင်း သိရသည်။
ဤအထောက်အပံ့ပစ္စည်းများနှင့် ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်မှ ယူကရိန်းသို့ ပံ့ပိုးသော စစ်ရေးအကူအညီပံ့ပိုးမှုများ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိပြီဖြစ်ကြောင်း ဆိုသည်။
“ရုရှား၏အထပ်ထပ်ဖိအားပေးမှုအခြေအနေမျိုးတွင် ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကို အားကောင်းအောင် ကူညီပေးဖို့ အမေရိကန်က ဆုံးဖြတ်ထားတယ်”ဟု ဆိုသည်။

ထို့အပြင် အမေရိကန်က အက်စတိုးနီးယား၊ လပ်ဗီးယာ၊ လစ်သူယေးနီးယားနှင့် ဗြိတိန်အပါအဝင် နေတိုးအဖွဲ့ဝင် မိတ်ဖက်၊မဟာမိတ်နိုင်ငံများကို တတိယကြားခံအနေဖြင့် တစ်ဆင့်လွှဲပြောင်းခွင့်ပြုကြောင်း ၊ ထိုနိုင်ငံများရှိ စစ်လက်နက်သိုလှောင်ရုံများတွင်း အမေရိကန်ထုတ်စစ်ရေးသုံးလက်နက်ပစ္စည်းများကို ယူကရိန်းအသုံးပြုရန် လွယ်ကူစေဖို့အတွက်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန် ပို့ကုန်စီမံခန့်ခွဲမှုဥပဒေများအရ အမေရိကန်မှ လက်နက်ရရှိသည့်နိုင်ငံများသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ အမေရိကန်ထုတ်လက်နက်ပစ္စည်းများကို ပြင်ပသို့ လွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကာလများတွင် အနောက်နိုင်ငံများက ရုရှား-ယူကရိန်းနယ်စပ်အနီးတွင် ရုရှားစစ်အင်အားအလုံးအရင်းချနေပြီး ယူကရိန်းသို့ ကျူးကျော်ရန် ရည်ရွယ်နေကြောင်း ပြောကြားနေသည်။ ထို့အပေါ် ရုရှားက ခိုင်မာစွာငြင်းဆိုထားပြီး အခြေအနေဆိုးဝါးလာရခြင်းသည် ရုရှားလုံခြုံရေးနယ်ပယ်ကို နေတိုးအဆက်မပြတ် တိုက်စားနေခြင်းကြောင့်ဖြစ်ကြောင်း ကြိမ်ဖန်များစွာ အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………………-
(Chinese Version)
美国第二批军援运抵乌克兰
2022-01-24 15:04:24
新华社北京1月24日电 乌克兰国防部长阿列克西•列兹尼科夫23日证实,美国第二批军事援助物资已经运抵乌首都基辅。
“第二架飞机已经抵达基辅!我们的美国朋友提供的逾80吨武器将加强乌克兰的防卫能力!并且,这不是结束。”列兹尼科夫在社交媒体推特写道。
2021年8月24日,在乌克兰首都基辅,坦克在阅兵式上列队行进。(新华社发,谢尔盖•斯塔拉斯坚科 摄)
美国第一批军事援助物资已于早些时候运抵乌克兰。按照美国驻乌大使馆在推特账户的说法,这批物资重量近20万磅(90吨),包括弹药等“致命”装备。
美国驻乌大使馆称,这批物资和2014年以来美国向乌克兰所提供总价值27亿美元的军事援助表明,“美国决心帮助乌克兰在俄罗斯咄咄逼人的情况下加强防御”。
此外,美方已经批准爱沙尼亚、拉脱维亚、立陶宛和英国在内的北大西洋公约组织伙伴和盟国进行第三方转让,以便从这些国家的军火库中调拨美制军事装备供乌克兰使用。
依据美国出口管制规定,从美国获得武器的国家须经美国国务院批准,才能向第三方转让相关美制武器。
西方近来不断渲染俄罗斯在俄乌边界附近集结重兵,意图“入侵”乌克兰;俄方坚决否认,并多次强调局势恶化是因为北约不断侵蚀俄罗斯安全空间。(蒋国鹏)