Connect with us

Africa & Middle East

ကဘူးလ်မြို့၌ အရပ်သား ၁၀ ဦးသေဆုံးခဲ့ရသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင်များအား အပြစ်ပေးအရေးယူရန်မရှိဟု ပင်တဂွန်စစ်ဌာနချုပ်ပြော

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အမေရိကန်တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ကားတစ်စီးပျက်စီးသွားသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့ရသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သော မည်သည့်တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပေးအရေးယူရန် မရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အမေရိကန်တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အမေရိကန်တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး လွိုင်အော်စတင်း(Lloyd Austin) က ၂၀၂၁ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ကဘူးလ်မြို့၌ ဒရုန်းတိုက်ခိုက်မှုအတွင်း ပါဝင်ပတ်သက်ခဲ့သူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အရေးယူအပြစ်ပေးခြင်းမပြုရန် အမေရိကန်ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Kenneth McKenzie နှင့် အမေရိကန် အထူးစစ်ဆင်ရေးများတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Richard Clarke တို့အား ထောက်ခံအတည်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာသည့် နောက်ဆုံးနေ့ရက်များတွင် အဆိုပါဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ၊ ကလေးငယ် ၇ ဦးအပါအဝင် အရပ်သားများစွာ သေဆုံးခဲ့ရသည့် ယင်းဖြစ်စဉ်ကို“ဝမ်းနည်းကြေကွဲဖွယ် မှားယွင်းမှု” တစ်ခု ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလတွင် ဝန်ခံပြောကြားခဲ့သည်။

ကဘူးလ်လေဆိပ်၌ အရပ်သားများကို အမေရိကန်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် “ တိုက်ခိုက်လာနိုင်ဖွယ်ရှိသော ISIS-K အဖွဲ့၏ ခြိမ်းခြောက်မှုတစ်ခု” ကို ကြိုတင်ကာကွယ်တာဆီးရန်အလို့ငှာ ထိုသို့ ဒရုန်းဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အစောပိုင်းတွင် ထုတ်ဖော်ပြောကြားထားသည်။(Xinhua)

…………………………….
(English Version)
U.S. Pentagon says not to punish troops over drone strike in Kabul killing 10 civilians

WASHINGTON, Dec. 13 (Xinhua) — No military personnel involved in a drone strike that killed 10 civilians, including seven children, in Kabul of Afghanistan in August will face punishment, the Pentagon said Monday.
Defense Secretary Lloyd Austin approved recommendations from U.S. Central Command head Gen. Kenneth McKenzie and U.S. Special Operations Command leader Gen. Richard Clarke to not take any administrative action against those involved in the Aug. 29 strike, Pentagon press secretary John Kirby told reporters.
The Defense Department admitted in September that the drone strike – which came in the final days of the chaotic U.S. withdrawal from Afghanistan – was a “tragic mistake” that killed the civilians, including seven children.
Pentagon officials had earlier said the strike was necessary to prevent “an imminent ISIS-K threat” to U.S. forces evacuating people at Kabul’s airport.
Photo(1) Photo taken on Sept. 18, 2021 shows a damaged vehicle at a site of U.S. drone strike in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)
Photo(2) Emal Hamedi, a survivor of the U.S. drone strike, is seen at a site of the attack in Kabul, capital of Afghanistan, Sept. 18, 2021. (Photo by Saifurahman Safi/Xinhua)
Photo(3) Photo taken on Sept. 18, 2021 shows a site of U.S. drone strike in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)