Connect with us

Africa & Middle East

ဂမ်ဘီယာသမ္မတက ရွေးကောက်ပွဲ ရှုံးနိမ့်ပါက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြု

ဆီနီဂေါနိုင်ငံ မြို့တော် ဒတ်ကာရှိ ဂမ်ဘီယာသံရုံး၊ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ Adama Barrow မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ--(Xinhua/Cisse)

ဘန်ဇွိုင်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ဂမ်ဘီယာနိုင်ငံ သမ္မတ Adama Barrow က ဒီဇင်ဘာလတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမည်ဟု နိုဝင်ဘာ ၄ ရက်က ကတိပြုခဲ့သည်။
“ကျွန်တော်က ဒီမိုကရက်တစ်ယောက်ပါ။ ဆုံးဖြတ်ချက်ချတာ က ဂမ်ဘီယာပြည်သူတွေပါ။ ပြီးတော့ ဂမ်ဘီယာပြည်သူတွေရဲ့ ဆုံးဖြတ်သမျှကို ကျွန်တော် လေးစားမှာပါ” ဟု Kanifing ခရိုင်တွင် နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်ထံတွင် ၎င်း၏အထောက်အထားများ တင်သွင်းပြီးနောက် သမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အဖွဲ့ အနေဖြင့်ရွေးကောက်ပွဲတွင် ၎င်း၏ လုပ်ငန်းဆောင်တာများတွင် လွတ်လပ်မှုရှိရန်နှင့် ပါတီများအားလုံးကလည်း ဂမ်ဘီယာပြည်သူများ၏ နောက်ဆုံးဆုံးဖြတ်ထားသော ရလဒ်များကို လက်ခံရန် Barrow က အကြံပြုခဲ့သည်။

Barrow ၏ ပြန်လည်ရွေးကောက်ခံမှုသည် ဝါရင့်ရှေ့နေနှင့် အကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သော United Democratic Party ၏ ခေါင်းဆောင် Ousainou Darboe အပါအဝင် အခြားအမည်စာရင်းတင်သွင်းထားသူများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

…………………………………………
(English Version)
Gambian president promises peaceful handover of power if he loses election
BANJUL, Nov. 5 (Xinhua) — Gambian President Adama Barrow on Thursday promised to peacefully hand over power if he loses the upcoming presidential election in December.
“I am a democrat. It is the Gambian people who make the decision. And Gambian people, whatever they decide I will respect that,” the president said to journalists after submitting his credentials at the country’s Independent Electoral Commission in Kanifing.
Barrow also advised the electoral body to remain independent in its functions to ensure a level playing field so that all parties will be able to accept the results, the final decision of the Gambian people.
Barrow’s reelection will be challenged by a list of other nominees, including Ousainou Darboe, veteran lawyer and leader of the biggest opposition party United Democratic Party. Enditem