Connect with us

Africa & Middle East

ဂါဇာနယ်စပ်အား အစ္စရေးက တင်းကြပ်စွာ ပိတ်ဆို့လိုက်သော်လည်း “ အနာဂတ်တွင် ကာကွယ်နိုင်မည်မဟုတ်” ဟု ပါလက်စတိုင်းပြော

ဂါဇာ ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်နှင့်အတူ နယ်စပ်တစ်လျှောက်၌ အစ္စရေးဘက်က လုံခြုံရေးတင်းကြပ်စွာ ပိတ်ဆို့လိုက်သည့်အပေါ် အစ္စလာမ်မစ်ခုခံရေးလှုပ်ရှားမှု(ဟားမက်စ်) အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။

ဂါဇာတောင်ပိုင်း Rafah မြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ပါလက်စတိုင်းစစ်သွေးကြွများ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

“al-Qassam တပ်မဟာများ” ဟုလူသိများသည့် ဟားမက်စ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အေမန်နျူဖဲလ် (Ayman Noufal) က ဂါဇာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် ဂါဇာကမ်းမြောင်နှင့်အတူ နယ်စပ်များအား အစ္စရေးစစ်တပ်က လုံခြုံရေးတင်းကြပ်စွာ ချထား ပိတ်ဆို့လိုက်သည့်အပေါ် “အနာဂတ်တွင် ကာကွယ် နိုင်လိမ့်မည်မဟုတ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

အစ္စရေးငွေ ရှကယ်လ် ၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၀၉ ဘီလီယံ) အကုန်အကျခံပြီး ၃ နှစ်ခွဲကျော် အချိန်ယူ တည်ဆောက်ခဲ့ပြီးနောက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ စမတ်အကာအရံအတားအဆီး တံတိုင်းကြီး တည်ဆောက်မှု လုပ်ငန်းသည် အလုံးစုံပြီးစီးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က လွန်ခဲ့သော သုံးပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စုံစမ်းထောက်လှမ်းရေး နည်းပညာပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် မြေအောက်ဘက်ခြမ်း တံတိုင်းတစ်ခု ၊ မြေပေါ်ဘက်အခြမ်း တံတိုင်းတစ်ခု ၊ ရေပြင်ဘက်အခြမ်း အတားအဆီးတံတိုင်းတစ်ခု ၊ ခေတ်မီ ထောက်လှမ်းရေးစနစ်တစ်ခု နှင့် သေနတ်ပစ်ရန် ကင်းမျှော်စင်များ ပါထည့်သွင်း တည်ဆောက်ထားသည့် ယင်းအကာအရံတံတိုင်းသည် အရှည် ၆၅ ကီလိုမီတာရှိကြောင်း သိရသည်။

“ al-Qassam တပ်မဟာများ ” ၊ အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွအဖွဲ့ ၊ ပါလက်စတိုင်းလွတ်မြောက်ရေး ထင်ရှားသောတပ်ဦး နှင့် ပါလက်စတိုင်းလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စသည့် လက်နက်ကိုင်အဖွဲ့များအပါအဝင် စစ်သွေးကြွအဖွဲ့ ၁၂ ဖွဲ့က ပူးပေါင်း၍ ဒီဇင်ဘာ ၂၉ ရက်ကလည်း ဂါဇာကမ်းမြောင်၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။  (Xinhua)

————————————
(English Version)
Hamas accuses Israel of tightening security measures on Gaza border
GAZA, Dec. 29 (Xinhua) — The Islamic Resistance Movement (Hamas) on Wednesday accused Israel of tightening the security measures on the border with the Gaza Strip.
Ayman Noufal, a leader of the Hamas armed wing, known as al-Qassam Brigades, told a news briefing in Gaza city that the security measures the Israeli army is tightening on the borders with the Gaza Strip “will not protect it in the future.”
Three weeks ago, the Israeli army had announced completing the construction of the smart barrier around the Gaza Strip after three and a half years of work, at the cost of 3.5 billion Israeli shekels (about 1.109 billion U.S. dollars).
The barrier is about 65 km, including an underground wall equipped with detectors, an upper fence, a sea barrier, a detection system, and shooting observatories.
Also on Wednesday, around 12 militant groups, including al-Qassam Brigades, the armed wings of the militant group of the Islamic Jihad, the Popular Front for the Liberation of Palestine, and the Democratic Front for the Liberation of Palestine held a joint military maneuver in the Gaza Strip.
Photo(1/2) Palestinian militants take part in a military maneuver in the southern Gaza Strip city of Rafah, on Dec. 29, 2021. (Photo by Rizek Abdeljawad/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.