Connect with us

Asia

ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရ ၊ တိုကျိုမြို့ အနီးတစ်ဝိုက် ရထားဝန်ဆောင်မှုများရပ်နားခဲ့ရ

တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တိုကျိုမြို့အနီးတစ်ဝိုက်၌ အောက်တိုဘာ ၇ ရက်ညပိုင်းကအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာလူ ၃၂ ဦး ထိခိုက်ဒဏ်ရာရပြီး အောက်တိုဘာ ၈ ရက် နံနက်တွင် ရထားဝန်ဆောင်မှုများ ဆက်လက်ရပ်နားထားရကြောင်း နှင့် ခရီးသည် ၃၆၈,၀၀၀ ခန့် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။အရှေ့ဂျပန် မီးရထားကုမ္ပဏီ (JR East)၏ အဆိုအရ တိုကျိုမြို့အတွက် ဆယ်စုနှစ်အတွင်း အင်အားအပြင်းအထန်ဆုံးငလျင်ကြောင့် အောက်တိုဘာ ၇ ရက်ညပိုင်းမှ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃:၀၀ နာရီခန့်အထိ Shinkansen ကျည်ဆံရထား နှင့် ဒေသတွင်းရထားလိုင်း ၁၆ လိုင်း ခရီးစဉ် ပယ်ဖျက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ညနှောင်းပိုင်းရထားစီးခရီးသည်များစွာလည်း သောင်တင်နေခဲ့သလို အောက်တိုဘာ ၈ ရက် နံနက်ပိုင်း ခရီးသွားလာသူများအတွက်လည်း အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း သိရသည်။

JR East ကုမ္ပဏီ သည်အောက်တိုဘာ ၈ ရက် နံနက်တွင် ရထားဝန်ဆောင်မှုများ ပြန်လည်စတင်သော်လည်း နှောင့်နှေးမှုများကြောင့်ခရီးသည်များစွာသည်ဘူတာများတွင်စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
အင်အားပြင်းငလျင်ဒဏ်အား အပြင်းထန်ဆုံး ခံစားခဲ့ရသော တိုကျိုမြို့ Adachi ရပ်ကွက်၌ ရထားတစ်စီးလမ်းချော်ပြီးနောက် တိုကျိုမြို့ မောင်းသူမဲ့ရထားလမ်းလွှဲစနစ်ဖြစ်သည့် Nippori Toneri Liner အား ရက်အတော်ကြာရပ်နားထားရဖွယ်ရှိကြောင်း ၎င်းရထားလိုင်း၏ လုပ်ငန်းလည်ပတ်သူထံမှ သိရသည်။

ဂျပန်လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုဘုတ်အဖွဲ့သည်လမ်းချော်မှုအားစုံစမ်းရန်တာဝန်ရှိသူများစေလွှတ်ခဲ့သည်။ ဒဏ်ရာရရှိသူ ၃၂ ဦးအနက် Saitama စီရင်စုမှ၂ ဦး နှင့် Chiba စီရင်စုမှ ၁ ဦး တို့မှာ ဒဏ်ရာ ပြင်းထန်ကြောင်း မီးနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ သိရသည်။

မြို့တော်အနီးတစ်ဝိုက်၌ ဒေသစံတော်ချိန် ည ၁၀း၄၁ နာရီ တွင်လှုပ်ရှားခဲ့သည့် ၎င်းငလျင်ကြောင့် တိုကျိုမြို့နှင့် Saitama စီရင်စုရှိ ဒေသများ၌ ဂျပန်ငလျင်ပြင်းအားသတ်မှတ်ချက်အဆင့် ၇ အနက် အဆင့် ၅ အထက်ရှိကြောင်း သိရသည်။

တိုကျိုမြို့Shinjuku ရပ်ကွက်ရှိအိမ်ခြေ ၂၅၀ ခန့်သည် ငလျင်ကြောင့်ခေတ္တခဏဓာတ်အားပြတ်တောက်မှုများကြုံခဲ့ရပြီးတိုကျိုမြို့လယ်၌ရေရပ်တန့်မှုများနှင့် ရေယိုစိမ့်မှုများဖြစ်ပေါ်ခဲ့သည်။
ငလျင်လှုပ်ရှားမှုကြောင် တိုကျိုနှင့် အနီးအနားစီရင်စု ၃ ခုတွင် ဓာတ်လှေကားအတွင်း ပိတ်မိနေသူ၂၈ ဦးရှိခဲ့ကြောင်း ၎င်းတို့အားလုံးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း မြေယာ၊ အခြေခံအဆောက်အအုံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

——————————————
(English Version)

Japan’s powerful quake injures 32, disrupts train services in Tokyo area

TOKYO, Oct. 8 (Xinhua) — A powerful earthquake that struck the Tokyo area Thursday night has left 32 people injured and continued to disrupt train services Friday morning, affecting around 368,000 passengers in total.

According to East Japan Railway Co. (JR East), the strongest earthquake for the Japanese capital in a decade caused services on the Shinkansen bullet train and 16 local train lines canceled or delayed from late night Thursday to about 3 p.m. local time Friday, resulting in many late-night train passengers stranded and a commuter disruption on Friday morning.
JR East resumed train services on Friday morning, but many passengers were forced to wait at stations due to delays.

After a train derailed in Tokyo’s Adachi Ward, one of the areas hit hardest by the temblor, the operation of the Nippori Toneri Liner, a driverless guideway transit system in Tokyo, might suspend for several days, according to its operator.

The Japan Transport Safety Board has sent officials to investigate the derailment. According to a tally by the Fire and Disaster Management Agency, two in Saitama Prefecture and one in Chiba Prefecture sustained severe injuries among the 32 injured people.

The earthquake that struck the capital region at 10:41 p.m. local time Thursday reached upper 5 on the Japanese seismic intensity scale of 7 in parts of Tokyo and Saitama Prefecture.
Around 250 houses in Tokyo’s Shinjuku Ward briefly experienced power outages due to the earthquake, and water stoppages and leaks were reported in central Tokyo.
The earthquake also caused 28 cases of people being trapped in elevators in Tokyo and three neighboring prefectures, but all cases have been cleared according to the Ministry of Land, Infrastructure, Transport, and Tourism. Enditem