Connect with us

North America

ဂျပန်ပင်လယ်ပြင်ပေါ်တွင် ရုရှားတိုက်လေယာဉ်က အမေရိကန်ဗုံးကြဲလေယာဉ်ကို လိုက်ပါစောင့်ကြည့်

အမေရိကန်နိုင်ငံ B-1B မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)
ရုရှားတိုက်လေယာဉ်တစ်စင်းသည် ဂျပန်ပင်လယ် ကြားနေရေပိုင်နက်ပေါ်တွင် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်းကို အောက်တိုဘာ ၁၇ ရက်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားရေဒါများသည် ဂျပန်နိုင်ငံ၏ ပင်လယ်ပြင်ပေါ်တွင် ရုရှားနယ်စပ်သို့ ချည်းကပ်လာသည့် လေကြောင်းပစ်မှတ်တစ်ခုအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ အရှေ့ပိုင်းတိုင်းစစ်ဌာနမှ MiG-31 တိုက်လေယာဉ်တစ်စင်း ပျံတက်သွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ လေကြောင်းပစ်မှတ်အား အဝေးသို့ လိုက်ပါစောင့်ရှောက်ခြင်းမပြုမီ ရုရှားလေယာဉ်အမှုထမ်းများက ယင်းလေကြောင်းပစ်မှတ်အား အမေရိကန်နိုင်ငံ လေတပ် B-1B မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ အမေရိကန်ဗုံးကြဲလေယာဉ်သည် ရုရှားနယ်နမိတ်ကို ချိုးဖောက်ဝင်ရောက်ခြင်း မရှိကြောင်း နှင့် ရုရှားလေယာဉ်များသည် ဝေဟင်ပိုင်နက် အသုံးပြုမှုအတွက် နိုင်ငံတကာစည်းမျဉ်းများကို တင်းကြပ်စွာ လိုက်နာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Russian fighter escorts U.S. bomber above Sea of Japan
MOSCOW, Oct. 17 (Xinhua) — A Russian fighter jet on Sunday escorted a U.S. strategic bomber over the neutral waters of the Sea of Japan, said the Russian Defense Ministry.
Russian radars detected an air target approaching the Russian border over the Sea of Japan, and a MiG-31 fighter from Russia’s Eastern Military District took off in response, the ministry said.
The Russian crew identified the air target as a U.S. Air Force B-1B strategic bomber, before escorting it away.
No violation of Russian borders occurred, and the Russian aircraft strictly complied with international rules for the use of airspace, it said. ■
Photo – Xinhua file photo of U.S. B-1B strategic bomber

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.