Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်သွားမည်ဟု ရှီပြော

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။လာမည့်နှစ်သည် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အား အခွင့်ကောင်းယူလျက် တရုတ်နိုင်ငံအနေဖြင့် စည်းလုံးညီညွတ်ရန်နှင့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရန်၊ ဂျာမနီနှင့် နယ်ပယ်စုံတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် အလုံးစုံမဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းတို့သည် အပြန်အလှန်လေးစားမှုကို လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း၊ မတူကွဲအပြားမှုများ ဖြစ်ပေါ်လျက်ရှိပြီး နှစ်နိုင်ငံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို လိုက်နာလျက်ရှိသလို ဘုံတူညီမှုအပိုင်းကို ရှာဖွေလျက်ရှိကြောင်း၊ နှစ်နိုင်ငံ၊ ၎င်းတို့၏ ပြည်သူများနှင့် ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေသော ရလဒ်များရရှိခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

ရာစုနှစ်အတွင်း နှစ်နိုင်ငံလုံး မမြင်နိုင်သော အဓိကပြောင်းလဲမှုများနှင့် ကပ်ရောဂါအား ရင်ဆိုင်ကြုံတွေ့ခြင်းဖြင့် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ (COVID-19) ရောဂါတိုက်ဖျက်ရေးအား ပူးတွဲပံ့ပိုးခဲ့သလို စီးပွားရေးနာလန်ထူမှုကိုလည်း မြှင့်တင်ခဲ့ကြောင်း၊ အဓိကနိုင်ငံကြီးများအဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုကို သရုပ်ဖော်ပြလျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

၎င်းအနေဖြင့် တရုတ်-ဂျာမနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးပါသည်ဟု မှတ်ယူကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် Scholz နှင့် အတူတကွဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနေ့မှာပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း တရုတ်-ဂျာမနီ ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးပါဆုံး နှစ်နိုင်ငံဆက်ဆံရေးတစ်ခု ဖြစ်လာကြောင်း ပြောကြားလျက် Scholz ထံသို့ ဂျာမန် အဓိပတိအဖြစ် ရွေးကောက်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် Scholz နှင့် ကောင်းမွန်သော အလုပ်သဘော ချိတ်ဆက်မှုများ ထူထောင်ရန်နှင့် ထိန်းသိမ်းရန် မျှော်လင့်ကြောင်း၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တည်တံ့ခိုင်မာရေး၊ တရုတ်-ဂျာမနီ အလုံးစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်းနှင့် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် ရလဒ်သစ်များ ရရှိခြင်းအတွက် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

—————————————————-
(English Version)

Xi says China to enhance relations with Germany

BEIJING, Dec. 8 (Xinhua) — Chinese President Xi Jinping on Wednesday called for promoting China-Germany relations to a new level in a congratulatory message to Olaf Scholz on his election as German chancellor.

Taking the opportunity of celebrating the 50th anniversary of the establishment of diplomatic relations between China and Germany next year, China is willing to consolidate and deepen political mutual trust, expand exchanges and cooperation in various fields with Germany, Xi said.

China and Germany are all-round strategic partners, Xi noted, adding that over the years, they have been adhering to mutual respect, seeking common ground while shelving differences and pursuing win-win cooperation, which has yielded results benefiting the two countries, their people and the world.

Facing the major changes and a pandemic both unseen in a century, China and Germany have strengthened communication and cooperation, jointly supported the global fight against COVID-19 and promoted economic recovery, demonstrating their sense of responsibility as major countries, Xi said.

Xi said he attaches great importance to the development of China-Germany relations and is willing to work with Scholz to promote the bilateral ties to a new level.
On the same day, Chinese Premier Li Keqiang sent a congratulatory message to Scholz on his election as German chancellor, saying China-Germany ties have become one of the most important bilateral relations in the world.

Li said he looks forward to establishing and maintaining good working contacts with Scholz, further consolidating political mutual trust, enriching the China-Germany all-round strategic partnership, promoting their friendly and mutually beneficial cooperation, and achieving new results. Enditem

Photo : Olaf Scholz (R front) receives congratulations after being elected as chancellor at the Reichstag building in Berlin, capital of Germany, on Dec. 8, 2021. Olaf Scholz was elected as the new German Federal Chancellor on Wednesday, becoming the fourth Federal Chancellor from the Social Democratic Party (SPD). (Xinhua/Shan Yuqi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.