Connect with us

Politics, Law & Military

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ မည်သည့် ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားမည်မဟုတ်ဟု ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ ဩစတြေးလျတာဝန်ရှိသူများ တက်ရောက်မည်မဟုတ်ကြောင်း ဩစတြေးလျနိုင်ငံဝန်ကြီးချုပ်စကော့မော်ရစ်ဆန် (Scott Morrison ) ၏ ထုတ်ဖော်ကြေညာမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းစဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲသည် နိုင်ငံရေးကစားရန် နှင့် လိုရာအသုံးချရန် စင်မြင့်တစ်ခုမဟုတ်သည်ကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ထပ်ဖန်တလဲလဲပြောကြားထားပြီးဖြစ်ကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။ ထို့ပြင် ဩစတြေးလျနိုင်ငံရေးသမားများ၏ ကိုယ်ကျိုးအတ္တလုပ်ဆောင်ချက်များသည် အိုလံပစ်အားကစားပွဲကြီးအား တရုတ်နိုင်ငံက အောင်အောင်မြင်မြင်ကျင်းပနိုင်မည့်အပေါ် လုံးဝသက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ကျွန်တော်ထောက်ပြလိုတာက ဩစတြေးလျနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အမြဲတမ်း အပြစ်ရှာပြောဆိုနေပြီး သူတို့ပြောပြောနေတဲ့ ရှင်းကျန်းက လူ့အခွင့်အရေးကိစ္စရပ်ဟာ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အစိုးရအရာရှိတွေမလွှတ်ဖို့ အခြားကိစ္စရပ်တစ်ခုပဲပေါ့” ဟု ၎င်း က ဆိုသည်။

အိုလံပစ်အားကစားပြိုင်ပွဲပဋိညာဉ်ထဲတွင်ဖော်ပြထားသည့် နိုင်ငံရေးဘက်လိုက်ခြင်းမပြုရေး ပြဌာန်းချက်ကို ဩစတြေးလျနိုင်ငံက လက်တွေ့ချိုးဖောက်နေပြီး “အတူတကွ” ဆိုသော အိုလံပစ်ဆောင်ပုဒ်ကို မျက်ကွယ်ပြုကာ တစ်ကမ္ဘာလုံးရှိ အားကစားသမားများ နှင့် ပရိသတ်များ၏ ဆန့်ကျင်ဘက်အရပ်တွင် ရပ်တည်လိုက်ခြင်းဖြစ်သည်။

“ ဩစတြေးလျအစိုးရဟာ အချို့နိုင်ငံတွေနောက်ကို မျက်ကန်းတစ်ယောက်လို လိုက်ပါပြုမူနေတာဟာ အမှားကိုအမှန်ထင်တဲ့အထိ လုံးလုံးလျားလျား လမ်းလွဲနေပါတယ် ” ဟုဝမ်က ဆိုသည်။

ဩစတြေးလျနိုင်ငံ၏ အပြုအမူ နှင့် ၎င်း၏တင်းမာသောကိုယ်စားပြုမှုများကို တရုတ်နိုင်ငံက လက်မခံကြောင်း နှင့် ကန့်ကွက်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

—————————————————-
(EnglishVersion)

No Australian officials invited to Beijing Winter Olympics: spokesperson

BEIJING, Dec. 9 (Xinhua) — China has not invited any Australian government officials to attend the Beijing Winter Olympics, and no one would care whether they come or not, a Chinese Foreign Ministry spokesperson said Wednesday.

Spokesperson Wang Wenbin made the remarks when asked to comment on Australian Prime Minister Scott Morrison’s announcement that Australian officials would not be going to the Beijing Winter Olympics.

China has reiterated many times that the Winter Olympics is not a stage for political posturing and manipulation, Wang said, adding that the Australian politicians’ political stunt for selfish gains has no impact whatsoever on the Olympics to be successfully held by Beijing.

“I need to point out that Australia always has excuses to find fault with China, and its attribution of not sending government officials to the Beijing Winter Olympics to the so-called human rights issues in Xinjiang is another case in point,” he said.

The Australian practice gravely violates the principle of political neutrality enshrined in the Olympic Charter, runs counter to the Olympic motto of “together” and stands on the opposite side of global athletes and sports fans.

“It also fully lays bare the fact that the Australian government has been so blindly following certain country that it even doesn’t scruple to confuse right with wrong,” Wang said.
China deplores and firmly opposes the act of the Australian side and has lodged stern representations with it, he added.

Foreign Ministry spokesperson Wang Wenbin speaks at a press briefing in Beijing, Aug. 4, 2020. (Photo from Foreign Ministry website)