Connect with us

Asia

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအား Sinovac COVID-19 ကာကွယ်ဆေးများ ထပ်မံပေးပို့

ဖိလစ်ပိုင်နိုင်ငံ San Juan မြို့ရှိ ကာကွယ်ဆေးထိုးနှံရာနေရာအဖြစ် ပြောင်းလဲထားသော အားကစားရုံတစ်ခုတွင် COVID-19 ကာကွယ်ဆေးထိုးနှံနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ Sinovac CoronaVac COVID-19 ကာကွယ်ဆေးများ ဇွန် ၂၄ ရက်က နောက်ထပ်တစ်သုတ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။“ဒီတင်ပို့မှုအသစ်က ယခုလအတွင်း ပို့ဆောင်ခဲ့တဲ့ Sinovac ကာကွယ်ဆေး စတုတ္ထအသုတ် ဖြစ်ပါတယ်” ဟု COVID-19 တိုက်ဖျက်ရေး အစိုးရ၏ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရေး အကြီးအကဲ Carlito Galvez က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ ကာကွယ်ဆေးများအား မနီလာမြို့တော်ရှိ လေဆိပ်တွင် Galvez နှင့် ကျန်းမာရေးဝန်ကြီး Francisco Duque တို့က လက်ခံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား COVID-19 ကာကွယ်ဆေး ပထမဆုံး ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မတ် ၁ ရက်က ကာကွယ်ဆေးထိုးနှံခြင်းစတင်ခွင့်ပြုခဲ့သော ဖေဖော်ဝါရီ ၂၈ ရက်က CoronaVac ကာကွယ်ဆေးကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအခြေအနေ လိုအပ်လျက်ရှိသူများအား ဦးစားပေးလျက် COVID-19 ကာကွယ်ဆေး ၈.၄ သန်းကျော် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသား ၂.၁ သန်းကျော်မှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ကာကွယ်ဆေး ပေးပို့မှုပေါ်မူတည်၍ လူဦးရေ သန်း ၇၀ အထိ ကာကွယ်ဆေးထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဇွန် ၂၃ ရက်အထိ သေဆုံးသူ ၂၃,၉၂၈ ဦး အပါအဝင် COVID-19 အတည်ပြုလူနာ ၁,၃၇၂,၂၃၂ ဦးရှိခဲ့သည်။ (Xinhua)

———————————————
(Chinese Version)

China delivers more Sinovac COVID-19 vaccines to Philippines

MANILA, June 24 (Xinhua) — China delivered on Thursday an additional batch of Sinovac CoronaVac COVID-19 vaccines to the Philippines.
“The new shipment is the fourth batch of Sinovac vaccines delivered this month,” Carlito Galvez, the chief implementer of the government’s measures to combat COVID-19, said in a statement.

Galvez and Health Secretary Francisco Duque received the vaccines at the airport in the capital.
China was the first to deliver COVID-19 vaccines to the Philippines. It donated the first batch of CoronaVac to the Philippines on Feb. 28, allowing the Southeast Asian country to kick off its vaccination drive on March 1.

The Department of Health has administered more than 8.4 million doses of COVID-19 vaccines, primarily to frontline healthcare workers, the elderly, and those with underlying medical conditions.

Over 2.1 million Filipinos have been fully vaccinated so far. The country aims to vaccinate up to 70 million people this year, depending on the supply.
The Philippines has reported 1,372,232 confirmed COVID-19 cases as of Wednesday, including 23,928 deaths. Enditem

Photo : A woman receives a dose of COVID-19 vaccine inside a sports arena turned into a vaccination site in San Juan City, the Philippines on April 1, 2021. (Xinhua/Rouelle Umali)