Asia
ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဟိုက်ဒရို-ရေပေါ်ဆိုလာပြား စွမ်းအင်စီမံကိန်းနှင့်အတူ ကာဗွန်လျော့နည်း လူ့အဖွဲ့အစည်းတည်ဆောက်
ဘန်ကောက် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)
အောက်တိုဘာ လကုန်ပိုင်းတွင် စီးပွားဖြစ်စတင်လည်ပတ်ခဲ့သော် ဘော်လုံးကွင်းပေါင်း ၁၆၀ ကွင်း အရွယ်အစားရှိသည့် ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရို-ရေပေါ်ဆိုလာဟိုက်ဘရစ် စွမ်းအင်စီမံကိန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထိုင်းနိုင်ငံရှိ ဟိုက်ဒရို-ရေပေါ်ဆိုလာပြား စွမ်းအင်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ ကာဗွန်လျှော့ချရေး လုပ်ဆောင်ချက်တွင် အဓိကခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ယင်းသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အူဘွန်ရတ်ချဌာနီပြည်နယ်(Ubon Ratchathani) ရှိ သီရိဒုံဆည်ကြီးထဲတွင် တည်ရှိသည်။ ယင်းစီမံကိန်းသည် အသစ်တည်ဆောက်ထားသော ရေပေါ်ဆိုလာပြားများ နှင့် နဂိုရှိနှင့်ပြီးသား ရေအားလျှပ်စစ်စွမ်းအင်(ဟိုက်ဒရိုပါဝါ) တစ်ခုကို ပေါင်းစပ်ထားသည့် စွမ်းအင်စီမံကိန်းကြီးဖြစ်သည်။
ယင်းဆည်ကြီးထဲတွင် ရေပြင် အကျယ် ၁၂၀ ဟက်တာပေါ်၌ ရေပေါ်- ဆိုလာပြားအချပ်ပေါင်း ၁၄၄,၀၀၀ ချပ်ကို တပ်ဆင်ထားပြီး ယင်းဆိုလာပြားများကို ထိုင်းနိုင်ငံ B. Grimm Power Public Company Ltd ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ China Energy Engineering Corp ကုမ္ပဏီတို့က ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ကြောင်း ၊ နိုင်ငံစွမ်းအင်လိုအပ်ချက်အတွက် ၄၅ မီဂါဝတ်(megawatt) အထိထုတ်လုပ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ဆိုလာပြားများ နှင့် ဆည်ရေအားလျှပ်စစ်စက်ကြီးများ ယင်းနှစ်ခုစလုံးဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် နှစ်မျိုးစပ်စွမ်းအင်ထုတ် စီမံကိန်းကြီးသည် စွမ်းအင်ထုတ်လုပ်မှုကို ရေရှည်လုပ်ဆောင်နိုင်ကြောင်း နှင့် ရာသီဥတုအခြေအနေများအပေါ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မှီခိုနေရခြင်းအတွက် မသေချာမရေရာသော အနေအထား နှင့် အပူထုတ်လွှတ်မှုလျှော့ချခြင်းကို လုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(EGAT) ၏ ပြောကြားချက်အရ နေ့ခင်းပိုင်း ဆိုလာပြားမှ ထုတ်လွှတ်သောလျှပ်စစ် စွမ်းအင် နှင့် ညပိုင်း သို့မဟုတ် ရေအားအကောင်းဆုံးချိန်တွင် ထုတ်လုပ်သော ရေအားလျှပ်စစ်စွမ်းအင်တို့သည် အမြင့်မားဆုံးစွမ်းဆောင်ရည်ဖြင့် ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
“ စီမံကိန်းက ထိုင်းနိုင်ရဲ့ တစ်နှစ်တာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှုကို ၄၇,၀၀၀ တန်အထိ လျှော့ချပေးနိုင်ဖို့ ကူညီပေးမှာပါ” ဟု တရုတ်စွမ်းအင် အင်ဂျင်နီယာအုပ်စု Shanxi ဌာခွဲ၏ နိုင်ငံတကာအင်ဂျင်နီယာဌာနဒုတိယအကြီးအကဲ Meng Chunwei က ဆိုသည်။
ထိုင်းနိုင်ငံအစိုးရသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို ၂၀၃၇ ခုနှစ်အရောက်တွင် ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည်။
နှစ်မျိုးစပ်စွမ်းအင်စီမံကိန်းအောင်မြင်မှုရရှိပြီးနောက်တွင် EGAT သည် နိုင်ငံတစ်ဝှမ်း၌ အခြားလျှပ်စစ် စီမံကိန်း ၁၅ ခုအတွက် နှစ်မျိုးစပ် စွမ်းအင်ထုတ်လုပ်ရေး ပုံတူရှေ့ပြေးစီမံကိန်းတစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ လတ်တလော လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဓာတ်အား စုစုပေါင်း ပမာဏ ၂,၇၂၅ မီဂါဝတ် ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(EGAT) ၏ အုပ်ချုပ်ရေးမှူး Boonyanit Wongrukmit က နှစ်မျိုးစပ် စွမ်းအင်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ စွမ်းအင်စနစ် ဖူလုံရေး နှင့် ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချရေးကူညီရန် သန့်စင်သောစွမ်းအင်များ ထောက်ပံ့ပေးရေးတွင် မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဂရုတစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း EGAT ၏ ပြောကြားချက်အရ သိရသည်။ ဆိုလာပြားများရော ရေပေါ်စင်္ကြံများပါ နှစ်ခုစလုံးကို သဘာဝပတ်ဝန်းကျင်ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်တစ်ခုအဖြစ် ပေါင်းစပ်လုပ်ဆောင်ခဲ့ကြောင်း ၊ ဥပမာ ရေအောက်ရှိသဘာဝပတ်ဝန်းကျင်ကို သက်ရောက်မှုမရှိစေဘဲ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးအတွက် နေရာင်ခြည်ကို ဆိုလာပြားမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်အောင် မျက်နှာပြင်ကို လုံလုံလောက်လောက် ခွင့်ပြုပေးထားကြောင်း သိရသည်။
ဤစီမံကိန်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖူလုံရေး တိုးချဲ့ဆောင်ရွက်ရန် နှင့် ပညာရပ်ပိုင်းဆိုင်ရာ လေ့လာရေးဗဟိုချက်နေရာတစ်ခုအပြင် အများပြည်သူအား ထုတ်ဖော်ပြသရန်အတွက် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Sarit Witoon က ဆိုသည်။
ဒေသအစိုးရအနေဖြင့် ယင်းစီမံကိန်းနေရာကို ခရီးသွားနေရာတစ်ခုအဖြစ် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း နှင့် လာမည့်နှစ်ဆန်းပိုင်းမှစတင်ကာ ခရီးသွားများအား ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၊ ယင်းလုပ်ဆောင်ချက်မှတဆင့် အလုပ်အကိုင်များပိုမိုဖန်တီးပေးခြင်း ၊ ဒေသခံများအတွက် ဝင်ငွေတိုးအောင် ဆောင်ရွက်ခြင်း နှင့် ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လှုံ့ဆော်ခြင်းများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။ (Xinhua)
————————–
(English Version)
Thailand strives for low carbon society with pilot hybrid energy project
BANGKOK, Nov. 8 (Xinhua) — Spanning across an area the size of 160 football fields, one of the world’s largest hydro-floating solar hybrid projects has launched its commercial operation at the end of October, marking a major step in Thailand’s planned reduction of its carbon footprint.
It is in the Sirindhorn Dam located in the northeastern Ubon Ratchathani province. The project combines the newly built floating solar farms and an existing hydropower plant.
With over 144,000 floating solar panels installed on some 120 hectares of waters in a reservoir, the solar farms, built by the B. Grimm Power Public Company Ltd in Thailand and China Energy Engineering Corp., are expected to deliver up to 45 megawatt of power to the national grid.
Designed to generate electricity by both solar panels and dam turbines, the hybrid facility can prolong the continual period of power generation and reduce fluctuation and uncertainty that is typical for renewable energy relying on weather conditions.
According to the Electricity Generating Authority of Thailand (EGAT), the power generation comes from solar cells in the daytime and from hydropower at night or in peak periods, leading to a higher efficiency.
“The project will help Thailand to reduce carbon dioxide emissions by 47,000 tons per year,” said Meng Chunwei, deputy head for international engineering at the China Energy Engineering group Shanxi branch.
Thailand’s government has planned to increase the share of renewable energy in energy consumption to 35 percent by 2037.
Following the success of the hybrid energy project, the EGAT has announced a plan to duplicate the pilot project for other 15 power plants nationwide, aiming to reach a total capacity of 2,725 megawatt set by the Southeast Asian country’s current power development plan.
Boonyanit Wongrukmit, governor of the EGAT, said the hybrid project will enhance Thailand’s power system security and provide clean energy to help mitigate global warming.
According to the EGAT, environmental protection was taken into a careful consideration in the project implementation. Both the solar panels and the floating platform were integrated in an environment-friendly manner, with the solar panels installed at an angle, for example, to allow sufficient space to utilize sunlight for power generation without affecting the underwater environment.
This project acts as a model for expanding renewable energy security and as a learning center for academia as well as the general public, provincial governor Sarit Witoon said.
The local government has also said it is planning to make the project also a tourist attraction and open it to visitors from early next year, in a move which it said will create more jobs, generate income for local residents, and stimulate the local economic growth.
Construction workers check the installation of floating solar panels at Sirindhorn Dam in Thailand’s northeastern province of Ubon Ratchathani on Jan. 23, 2021. (Photo courtesy of Electricity Generating Authority of Thailand/Xinhua)