Economy
ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်မည့် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲတွင် ယွမ်လေးဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှု လက်မှတ်ရေးထိုးနိုင်ခဲ့
ရင်ချွန်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)
ယခုကျင်းပနေသည့် ပဥ္စမအကြိမ် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲ ညီလာခံတစ်ခု၌ ယွမ် လေးဘီလီယံနီးပါး(အမေရိကန်ဒေါ်လာ ၆၂၀ သန်းခန့်) တန်ဖိုးရှိ စုစုပေါင်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စုစုပေါင်း ၁၃ ခုအား ဩဂုတ် ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။“အခွင့်အလမ်း ၊ အနာဂတ် နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ခေါင်းစဉ်ဖြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ညီလာခံသည် ပညာရှင်များ နှင့် တက်ရောက်သူများက ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်အား အတူတကွ မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ၊ အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် မူဝါဒများအပေါ်တွင် အမြင်များ ဖလှယ်ခြင်း နှင့်အတူ နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အဓိကထားခဲ့ကြောင်း သိရသည်။
လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ၊ စွမ်းအင်သစ် ၊ ခေတ်မီစိုက်ပျိုးမွေးမြူရေး ၊ ပစ္စည်းကိရိယာထုတ်လုပ်ရေး ၊ ဇီဝဆေးပညာ နှင့် လေကြောင်း နယ်ပယ်များအား လွှမ်းခြုံကြောင်း သိရသည်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွန်းမြို့၌ ကျင်းပသည့် ပဥ္စမအကြိမ် တရုတ် – အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသည် ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ချိန်မှစ၍ နိုင်ငံပေါင်း ၁၁၀ ဝန်းကျင်မှ လုပ်ငန်းရှင် ၅,၀၀၀ ကျော်အား စိတ်ဝင်စားဆွဲဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)
Nearly 4-bln-yuan deals inked at China-Arab States Expo to enhance Belt and Road cooperation
YINCHUAN, Aug. 19 (Xinhua) — A total of 13 cooperation projects worth nearly 4 billion yuan (about 620 million U.S. dollars) were inked Thursday at a conference of the ongoing fifth China-Arab States Expo.
Themed “Opportunity, Future and Sustainability,” the Belt and Road Investment Promotion Conference focused on promoting the sustainable development of two-way investment, with experts and insiders sharing views on policies, cooperation fields and risk prevention of jointly promoting the Belt and Road Initiative.
The signed deals covered areas of infrastructure construction, new energy, modern agriculture, equipment manufacturing, biomedicine and aviation, among others.
The fifth China-Arab States Expo, held in Yinchuan City, capital of northwest China’s Ningxia Hui Autonomous Region, has attracted more than 5,000 enterprises from around 110 countries since its inauguration in 2013.Enditem
Photo- The fifth China-Arab States Expo opens in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 19, 2021. (Xinhua/Wang Peng)