Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လီဗာပူးလ်က တော့တင်ဟမ်ကို အနိုင်ယူ၍ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာ၊ မန်စီးတီး အက်ဖ်အေဖလားဗိုလ်လုပွဲ တက်ရောက်
ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်က တော့တင်ဟမ်ကို အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိပြီးနောက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ရန် သေချာသွားပြီဖြစ်သည်။
လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဒေါမနစ် ဆိုလန်ကီက ပွဲကစားချိန် ၁၂ မိနစ်တွင် တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း လူးဝစ် ဒီယက်ဇ်၊ အလက်ဆစ် မက်ခ်အယ်လစ္စတာနှင့် ကိုဒီ ဂတ်ပိုတို့၏ သွင်းဂိုးများဖြင့် လီဗာပူးလ်က ပထမပိုင်းတွင် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ် ၂၀ ခန့်အကြာတွင် မိုဟာမက် ဆာလာက လီဗာပူးလ်အတွက် စတုတ္ထဂိုး သွင်းယူခဲ့ရာ အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်များက စတင်အောင်ပွဲခံခဲ့ကြသည်။ ထို့နောက် တော့တင်ဟမ်အသင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သဖြင့် ပွဲအပြီးတွင် လီဗာပူးလ်က ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လီဗာပူးလ်အနေဖြင့် နာမည်ကျော် ဂျာမန်လူမျိုးနည်းပြ ယာဂင်ကလော့ပ်လက်ထက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယမန်နှစ် နွေရာသီတွင် ကလော့ပ်၏နေရာ၌ အာနယ်ဆလော့ စတင်တာဝန်ယူခဲ့သည့် ပထမဆုံးရာသီ၌ အသင်းအတွက် ၂၀ ကြိမ်မြောက် အမှတ်ပေးချန်ပီယံ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနိုင်ပွဲကြောင့် လီဗာပူးလ်အနေဖြင့် ၃၄ ပွဲ ကစားပြီးချိန်တွင် ၈၂ မှတ် ရရှိထားကာ ဒုတိယနေရာမှ အာဆင်နယ်ထက် ၁၅ မှတ် အသာရရှိထားသဖြင့် ယခုရာသီ၌ လေးပွဲကစားရန် ကျန်ရှိနေသော်လည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုရာသီ၌ လီဗာပူးလ်အသင်းအား တိုက်စစ်မှူး မိုဟာမက် ဆာလာက အဓိကအခန်းကဏ္ဍမှ ဦးဆောင်ခဲ့ကာ သွင်းဂိုး ၂၈ ဂိုး သွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် အသင်း၌ နောက်ထပ်နှစ်ရာသီ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ်ကို မကြာမီက ချုပ်ဆိုခဲ့သည်။ အဆိုပါ အီဂျစ်တိုက်စစ်မှူးမှာ လီဗာပူးလ်အသင်း ရရှိခဲ့သည့် သွင်းဂိုးစုစုပေါင်း ၇၈ ဂိုးအနက် သုံးပုံတစ်ပုံနီးပါးကို သွင်းယူပေးခဲ့သလို လီဗာပူးလ်ခံစစ်ကလည်း အလွန်မာကျောသည့် စွမ်းဆောင်ရည်ကို ပြသခဲ့ကာ ပေးဂိုး ၃၂ ဂိုးသာ ခွင့်ပြုခဲ့ရသည်။
ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးက နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့သဖြင့် ဧပြီ ၂၆ ရက်က အက်စတွန်ဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— ဘိုင်ယန်မြူးနစ်၏ ဘွန်ဒက်စ်လီဂါ ဆုဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အား ဟယ်ရီကိန်း လွဲချော်မည်
ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ၎င်းပါဝင်ကစားသည့် အသင်းတိုင်းတွင် သွင်းဂိုးစံချိန်များကို ဆက်တိုက်တင်ထားသည်။ အသက် ၃၁ နှစ်အရွယ် ဟယ်ရီကိန်းမှာ အင်္ဂလန်အသင်းတွင်ဖြစ်စေ၊ တော့တင်ဟမ်အသင်းတွင် ကစားခဲ့စဉ်ကဖြစ်စေ၊ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းတွင်ဖြစ်စေ မကျိုးပျက်နိုင်သော ဂိုးသွင်းစက်အဖြစ် ထင်ရှားကျော်ကြားသူဖြစ်သည်။
သို့သော် ၎င်း၏ ကစားသမားသက်တမ်း ၁၆ နှစ်အတွင်း ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၅၀၀ ပါဝင်ကစားခဲ့သော်လည်း လက်ရှိအချိန်ထိ အဓိကဆုဖလားတစ်လုံးကို ရယူနိုင်ဖူးခြင်းမရှိသေးပေ။
ဘိုင်ယန်မြူးနစ်အနေဖြင့် ဘွန်ဒက်စ်လီဂါတွင် သုံးပွဲကစားရန် ကျန်ရှိနေချိန်တွင် ရှစ်မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိရာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် အလားအလာ အလွန်ကောင်းနေပြီဖြစ်သည်။ သို့သော် ဟယ်ရီကိန်းမှာ ယခုရာသီတွင် ငါးကြိမ်မြောက် အဝါကတ်ပြသခံခဲ့ရသဖြင့် ဘွန်ဒက်စ်လီဂါ စည်းမျဉ်းအရ တစ်ပွဲပယ်ခံရမည်ဖြစ်သည်။ ဟယ်ရီကိန်းမှာ ဧပြီ ၂၆ ရက်က မိန့်ဇ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပထမပိုင်းတွင် အဝါကတ်ပြသခံခဲ့ရခြင်းဖြစ်သည်။
…..
— နိုဗက်ဂျိုကိုဗစ် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာပင် ထွက်ခွာခဲ့ရ
ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး ဆားဘီးယားတင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်မှာ အီတလီတင်းနစ်ကစားသမား မတ်တီယို အာနာလ်ဒီကို ၆-၃၊ ၆-၄ ဖြင့် ရှုံးနိမ့်ကာ ၆၄ ဦးအဆင့်မှပင် ထွက်ခွာခဲ့ရသည်။
ဂျိုကိုဗစ် (ဆီဒင်-၄) မှာ ၎င်း၏အကောင်းဆုံး လက်စွမ်းအောက်ကို သိသိသာသာရောက်ရှိနေခဲ့ပြီး အာနာလ်ဒီ၏ စပေးဘောရိုက်ချက်များကို တုံ့ပြန်ရာတွင် ရုန်းကန်ခဲ့ရကာ အီတလီသား အာနာလ်ဒီက break point သုံးကြိမ်လုံးတွင် အမှတ်ယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ ဂျိုကိုဗစ်အနေဖြင့် မက်ဒရစ်နှင့် မွန်တီကာလိုတို့တွင် ပထမအဆင့်မှာပင် စောစောစီးစီး ထွက်ခွာခဲ့ရပြီဖြစ်သည်။
…..
— Diving World Cup Super Final ပြိုင်ပွဲတွင် တရုတ်အသင်းအား ပဲရစ်အိုလံပစ်ချန်ပီယံ ငါးဦးက ဦးဆောင်မည်
၂၀၂၅ ခုနှစ် Diving World Cup Super Final ပြိုင်ပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး World Aquatics အဖွဲ့အစည်းက ပြိုင်ပွဲဝင် အားကစားသမားများစာရင်းကို ထုတ်ပြန်ခဲ့ရာ တရုတ်အသင်းအား ပဲရစ်အိုလံပစ်ချန်ပီယံ ငါးဦးက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရေငုပ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရှစ်ခုလုံးကို တစ်ပွေ့တစ်ပိုက် ဆွတ်ခူးနိုင်ခဲ့သည်။ ရွှေတံဆိပ်ဆုရှင်များဖြစ်သော Quan Hongchan ၊ Chen Yuxi ၊ Chen Yiwen ၊ Chang Yani နှင့် Wang Zongyuan တို့က အထင်ကရ အားကစားရုံကြီးထဲတွင် မိမိပရိသတ်များရှေ့မှောက်၌ ပြိုင်ပွဲဝင်သွားမည်ဖြစ်သည်။ (Xinhua)


…………………….
(English Version)
Liverpool secures Premier League title as Man City books FA Cup final slot
Liverpool was confirmed as the winner of the 2024-25 Premier League title on Sunday following a comfortable 5-1 win at home to Tottenham Hotspur.
Luis Diaz, Alexis Mac Allister and Cody Gakpo turned the score around in the first half after former Liverpool striker Dominic Solanke had put Tottenham ahead in the 12th minute.
Mohamed Salah scored Liverpool’s fourth goal 20 minutes into the second half to start the celebrations in Anfield, with an own goal making it 5-1.
The club’s 20th league title follows the one it won under Jurgen Klopp in the 2019-20 campaign and comes in Arne Slot’s first season since replacing the popular German last summer.
The win leaves Liverpool with 82 points from 34 matches — 15 more than second-place Arsenal, allowing them to start celebrations with four games still to play this season.
The club’s season has been led by striker Mohamed Salah, with 28 goals, who recently extended his stay at Anfield for another two years. The Egyptian has netted almost a third of their total of 78 while they have also been rock solid in defense, conceding just 32 goals.
Manchester City beat Nottingham Forest in their FA Cup semifinal to book a place in the final against Crystal Palace, who defeated Aston Villa 3-0 on Saturday.
…..
Harry Kane to miss Bayern’s deciding game
Harry Kane continues to set goal-scoring records wherever he plays. Whether with the England national team, Tottenham Hotspur, or Bayern Munich, the 31-year-old has built a reputation as an indestructible goal-scoring machine.
Yet a tragic note shadows his career: despite over 16 years and 500 professional matches, he has not won a major trophy.
The Bavarians hold an eight-point lead with three matches left, making the league title likely. However, Kane’s progress hit a snag as he received his fifth yellow card of the season, resulting in a one-game suspension under Bundesliga rules. He was booked for holding on to the ball in the first half of Bayern’s 3-0 win over Mainz on Saturday.
…..
Djokovic provides surprise in Madrid Open with shock first round exit
Novak Djokovic from Serbia crashed out of the Madrid Open tennis tournament in the round of 64 on Saturday after losing 6-3, 6-4 to Matteo Arnaldi of Italy.
The number four seed was well below his best and struggled to deal with Arnaldi’s serve, while the Italian won all three of the break points he forced while Djokovic has now lost the first round in Madrid and Montecarlo.
…..
Five Paris Olympic champions lead China’s squad at World Aquatics Diving World Cup Super Final
As the 2025 Diving World Cup Super Final will be held in Beijing from May 2 to 4, the World Aquatics released the athletes list, with five Paris Olympic champions leading China’s squad.
At Paris 2024, China swept all eight diving golds, a first in Olympic history. Gold medalists Quan Hongchan, Chen Yuxi, Chen Yiwen, Chang Yani, and Wang Zongyuan will compete before a home audience at the iconic venue.