Connect with us

Africa & Middle East

ဘာကီးနားဖားဆိုနိုင်ငံ သမ္မတကို လွှတ်ပေးရန် လုံခြုံရေးကောင်စီ တောင်းဆို

ဘာကီးနားဖားဆိုနိုင်ငံ သမ္မတ Roch Marc Christian Kabore အား ၂၀၁၈ ခုနှစ် ပေကျင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဘာကီးနားဖားဆိုနိုင်ငံတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အစိုးရအပြောင်းအလဲ” နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် သမ္မတ Roch Marc Christian Kabore နှင့် အခြားအစိုးရအရာရှိများကို လွှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် ဖေဖော်ဝါရီ ၉ ရက်၌ ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့သည်။
ကောင်စီအဖွဲ့ဝင်များသည် “စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက အခြေခံဥပဒေဆိုင်ရာ အစီအစဉ်အရ ပြောင်းလဲမှုနှင့် ထိရောက်သော ထိန်းသိမ်းမှု မလုပ်ဆောင်မီတိုင်အောင်” အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (ECOWAS) နှင့် အာဖရိက သမဂ္ဂတို့အနေဖြင့် ဘာကီးနားဖားဆိုနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုကို ဆိုင်းငံ့ထားရေး ဆုံးဖြတ်ချက်ကို အာရုံစိုက်လျက်ရှိကြောင်း လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် ပဋိပက္ခကို အဖြေရှာရန် ဒေသတွင်း ကြားနေရေး ကြိုးပမ်းအားထုတ်မှုများအတွက် ထောက်ခံကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကောင်စီအဖွဲ့ဝင်များသည် ဒေသတွင်း အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမကိုက်ညီသော အပြောင်းအလဲများ၏ “မကောင်းသောသက်ရောက်မှု” အကြမ်းဖက်မှုလုပ်ရပ်များနှင့် အလွန်ဆိုးဝါးလှသော လူမှု-စီးပွားရေးအခြေအနေ မြင့်တက်လာခြင်း စသည်တို့အပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့ကြသည်။

ဘာကီးနားဖားဆိုရှိ စစ်သားများသည် ဇန်နဝါရီ ၂၄ ရက်က အာဏာသိမ်းယူခဲ့ကြပြီး သမ္မတ Kabore ၏ လုပ်ငန်းတာဝန်များကို အဆုံးသတ်စေခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး Paul-Henri Sandaogo Damiba ဦးဆောင်သော ကာကွယ်ရေးနှင့် ပြန်လည်ထိန်းသိမ်းရေး မျိုးချစ်လှုပ်ရှားမှုက အရပ်ဘက်အစိုးရထံမှ အာဏာကို လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။

ECOWAS နှင့် ကုလသမဂ္ဂတို့၏ ပူးတွဲမစ်ရှင်အဖွဲ့သည် ဇန်နဝါရီ လကုန်ပိုင်းက ဘာကီနာဖာဆိုရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

#BurkinaFaso, #President, #UN, #SecurityCouncil, #Xinhua, #Myanmar, #XinhuaMyanmar, #ဘာကီးနားဖားဆို, #သမ္မတ, #ကုလသမဂ္ဂ, #လုံခြုံရေးကောင်စီ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ

———————————–
(English Version)

Security Council calls for release of Burkina Faso president

2022-02-10 14:12:12 Category:Others
UNITED NATIONS, Feb. 9 (Xinhua) — United Nations Security Council on Wednesday expressed serious concern about the “unconstitutional change of government” in Burkina Faso and called for the release and protection of President Roch Marc Christian Kabore and other government officials. According to a Security Council statement, the council members took note of the decision by the Economic Community of West African States (ECOWAS) and the African Union to suspend Burkina Faso’s membership “until there is swift and effective restoration of constitutional order by the military authorities.” The UN Security Council also expressed support for regional mediation efforts to resolve the crisis.

The council members expressed concern over “the negative impact” of the unconstitutional changes of government in the region, increase in terrorist activities and the dire socio-economic situation. Burkina Faso soldiers staged a coup on Jan. 24, ending the functions of President Kabore. The Patriotic Movement for Safeguard and Restoration led by Lieutenant-Colonel Paul-Henri Sandaogo Damiba took over from the civilian government. A joint mission of the ECOWAS and the United Nations met and discussed the situation in Burkina Faso with the country’s military leaders at the end of January. Enditem

Photo : This file photo shows Burkina Faso President Roch Marc Christian Kabore attends the roundtable meeting of the 2018 Beijing Summit of the Forum on China-Africa Cooperation (FOCAC) at the Great Hall of the People in Beijing, capital of China, Sept. 4, 2018. (Xinhua/Li Xueren)