Connect with us

Sport

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူများကို အားကစားသမားများကချီးကျူးကြောင်း IOC တာဝန်ရှိသူ ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသားမိုးလုံလေလုံအားကစားရုံ၌ ချက်သမ္မတနိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့အကြား အမျိုးသား ရေခဲပြင်ဟော်ကီ အဖွဲ့(ဘီ) အုပ်စုအဆင့် တွေ့ဆုံမှုအတွင်း အားကစားသမားများ ယှဉ်ပြိုင်နေကြသည်ကို ဖေဖော်ဝါရီ ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပသည့် သက်ဆိုင်ရာကျင်းပရေးတာဝန်ရှိသူများကို အားကစားသမားများက အပေါင်းလက္ခဏာပြသော တုံပြန်ချက်အား ပေးခဲ့ကြကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ၏ အိုလံပစ်ပြိုင်ပွဲ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Christophe Dubi က ပြောကြားခဲ့သည်။“အားကစားသမားတော်တော်များများက သိပ်ကိုကောင်းမွန်တဲ့ အခြေအနေတွေပဲလို့ ရေးသားဖော်ပြနေကြပါတယ်။”ဟု အိုလံပစ်ပြိုင်ပွဲ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Christophe Dubi ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“ခဏခဏ ကြားရမှာမဟုတ်ပါဘူး ။ ယုံလိုက်ပါ ။ ဒါက ဒီလိုအခြေအနေတွေမှာ ယှဉ်ပြိုင်မှုတွေ ကျင်းပဖို့က အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ဒီချီးကျူးဂုဏ်ပြုတဲ့သုံးသပ်ချက်တွေကို တွေ့ရတာ အရမ်းကောင်းပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းမြို့ရှိ ပွဲစီစဉ်သူများသည် ပြိုင်ပွဲများအတွင်း COVID-19 ရောဂါပျံ့နှံမှုကို အောင်မြင်စွာ တားဆီးခဲ့ကြောင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Christophe Dubi က မှတ်ချက်ပြုခဲ့သည်။ “ဒီနေ့ လက်ရှိအနေအထားနဲ့အတူ ကျွန်တော်တို့ အလွန်ကျေနပ်အားရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Athletes praise organization of Beijing Winter Olympics: IOC official

MOSCOW, Feb. 9 (Xinhua) — Athletes have given “positive feedback” on the organization of the Beijing Winter Olympics, Christophe Dubi, Olympic Games Executive Director of the International Olympic Committee, has said.

“Many athletes wrote that the conditions are heavenly,” Dubi was quoted by Russia’s TASS news agency as saying recently.

“You don’t hear that often, believe me. It is very difficult to organize competitions in such conditions. So, it is great that we see these laudatory reviews,” he said.

The official noted that the organizers in Beijing have successfully prevented the spread of COVID-19 during the Games.
“Today we can be very pleased with the current state of affairs,” Dubi said. ■

Photo – Athletes competes during the men’s ice hockey preliminary round Group B match between Czech Republic and Denmark at the National Indoor Stadium in Beijing, China, Feb. 9, 2022. (Xinhua/Du Yu)