Connect with us

North America

အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ ၇၂ နာရီအတွင်း ပစ်ခတ်မှု အနည်းဆုံး ၁၈ ကြိမ်ဖြစ်ပွားရာ လူ ၅ ဦးသေဆုံး

အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့၌ Dallas Arms Collectors Association မှ ဦးစီးကျင်းပသော နှစ်ရက်တာသေနတ်ပြပွဲမြင်ကွင်းပုံရိပ်တစ်ခုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီးယားနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် နယူးအော်လင်းမြို့၌ ၇၂ နာရီအတွင်း အနည်းဆုံးလူပေါင်း ၁၈ ဦးသေနတ်ပစ်ခတ်ခံရပြီး ယင်းတို့အနက် အနည်းဆုံး ၅ ဦးသေဆုံးသွားခဲ့ကြောင်း ၊ ထိုအရေအတွက်မှာ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စံချိန်တင်ပမာဏဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဧပြီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းပစ်ခတ်မှုများသည် သောကြာနေ့ (ဧပြီ ၈ ရက်) နံနက် ၇ နာရီ မှ တနင်္လာနေ့ ( ဧပြီ ၁၁ ရက်) နံနက် ၇ နာရီအထိ အချိန် ၇၂ နာရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်ဟု ဒေသတွင်းမီဒီယာ Nola ကဖော်ပြခဲ့သည်။

နေရာမျိုးစုံ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချို့မှာ အိမ်ယာများ သို့မဟုတ် လူနေတိုက်ခန်းများ၌လည်းကောင်း ၊ အချို့မှာ လမ်းမများပေါ် ၌လည်းကောင်း ၊ အချို့မှာ ကားမောင်းနှင်နေစဉ်တွင်လည်းကောင်း ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စနေနေ့မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကားပါကင်ကြမ်းပြင်ပေါ်၌ အမျိုးသားတစ်ဦးလဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းအမျိုးသားသည် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရကြောင်း နှင့် အချင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

စနေနေ့ မွန်းလွဲပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် လမ်းဆုံလမ်းခွတစ်ခုအနီးရပ်နေသော အသက် ၃၆ နှစ်အရွယ် နှင့် ၃၈ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ကားဖြင့်ရောက်ရှိလာသော အမည်မသိ လူ ၄ ဦးက စတင် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
လူနှစ်ယောက်မှာထွက်ပြေးသွားခဲ့သော်လည်း နောက်တွင်ကပ်ပါလာသည့် ကားပေါ်မှ လူများက အကြိမ်ကြိမ်ပစ်ခတ်ခဲ့သဖြင့် ထိုလူနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ အမျိုးသားနှစ်ဦး၏ အခြေအနေနှင့်ပတ်သက်၍ တနင်္လာနေ့အထိ မပြောနိုင်သေးပေ။

စနေနေ့ညပိုင်းက ဖြစ်ပွားသော အခြားပစ်ခတ်မှုတစ်ခုတွင် ကားတစ်စီးဖြင့်ချဉ်းကပ်လာသော အမည်မသိ အမျိုးသားတစ်ဦးသည် မိန်းကလေးငယ်တစ်ဦး နှင့် အခြားသူ့အဖော်နှစ်ဦးကို ပစ်ခတ်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာလည်း တနင်္လာနေ့နံနက်အစောပိုင်းတွင် သေနတ်သံကြားခဲ့ရကြောင်း နှင့် သူ(မ)အပစ်ခံရသည်ကို သိရှိခဲ့ကြောင်း ဆိုသည်။

တနင်္လာနေ့ နံနက်အစောပိုင်းတွင်လည်း အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို သူ့အနားချဉ်းကပ်လာသည့် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ၊ သေနတ်သမားနှစ်ဦးမှ ထွက်ပြေးသွားခဲ့ကြောင်း နှင့် အပစ်ခံရသောအမျိုးသားမှာ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတက်ကုသမှုခံယူနေရကြောင်း သိရသည်။

နယူးအော်လင်းရဲတပ်ဖွဲ့ဌာနပြောရေးဆိုခွင့်ရှိသူ Aaron Looney က ပြီးခဲ့သော တစ်ပတ်တာသည် “ ဖုန်းခေါ်ဆိုမှုအများဆုံးလက်ခံရရှိသော ရက်သတ္တပတ်ဖြစ်ကြောင်း” ဟုတနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း အကြမ်းဖက်မှုများမည်သည့်အတွက်ကြောင့် မြင့်တက်လာခြင်းအပေါ် မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

“ ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ တက်တက်ကြွကြွပြုလုပ်နေပါတယ်။ ပစ်မှုကျူးလွန်သူတွေကို ရှာဖွေတွေ့ရှိဖို့နဲ့သူတို့ကို တရားခွင်ပို့နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက တနင်္လာနေ့တွင်ပြောကြားခဲ့သည်။(Xinhua)

………………………………….
(English Version)
At least 18 shot in U.S. New Orleans within 72 hours, 5 killed

HOUSTON, April 11 (Xinhua) — At least 18 people were shot, with at least five of them killed, in New Orleans, the largest city in the southern U.S. state Louisiana within 72 hours, tying the record for the last 10 years, local media reported on Monday.
The shootings were reported by police in a 72-hour-period from 7 a.m. (1200 GMT) Friday to 7 a.m. (1200 GMT) Monday local time, said a report from local media outlet Nola.
Locations of the shootings varied. Some occured in apartments or residences, some on roads and others were drive-by incidents.
A man was found dead on the ground in a parking lot after a shooting around noon Saturday, police said. The man had been shot multiple times and died at the scene.
In a shooting on Saturday afternoon, two men, aged 36 and 38, were standing near an intersection when four unidentified people drove up and started shooting, police said. The two men ran, but the vehicle followed, with the people inside opening fire again and hitting them. The two men’s conditions were not available on Monday.
In another shooting on Saturday night, a 14-year-old was injured when an unidentified man approached the vehicle she was in with two other people and opened fire.
A 25-year-old woman was riding early on Sunday when she heard gunshots and realized she had been shot.
Early on Monday, a 37-year-old man was shot when two unidentified men approached him and opened fire. The two shooters fled and the injured man was taken to a hospital for treatment.
New Orleans police spokesman Aaron Looney said on Monday that there was a “high call volume” over the weekend, but declined to comment on what might be causing the increased violence.
“We’re actively investigating these shooting incidents and working very hard to find those responsible and bring them to justice,” he said on Monday.

Photo- People visit the two-day gun show organized by Dallas Arms Collectors Association in Dallas, Texas, the United States, Nov. 30, 2019. (Photo by Dan Tian/Xinhua)