Connect with us

North America

အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်လာခြင်းအတွက် တရုတ်နိုင်ငံအား အပြစ်ပုံချခြင်းကို ရပ်တန့်သင့်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် ကုန်သွယ်ရေးဌာနအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုလိုငွေပြမှုသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်မြင့်မားလာခဲ့သဖြင့် အမေရိကန် နိုင်ငံရေးသမားများနှင့် မီဒီယာများက ယင်းအကြောင်းပြချက်အသစ်ကို တရုတ်နိုင်ငံအား ပြစ်တင်စွပ်စွဲကာ မှင်နီတိုးလာစေရန် အလျင်အမြန် အမိအရ ဖမ်းဆုပ်ခဲ့ကြသည်။ကုန်သွယ်ရေးလိုငွေပြမှုအား တရုတ်နိုင်ငံနှင့်တွဲလျက် ခေါင်းစဉ်တပ်လေ့ရှိခြင်းဖြင့် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကိုသာမက အခြားသောနိုင်ငံများစွာကိုလည်းပဲ ၎င်း၏ စဉ်ဆက်မပြတ်ကုန်သွယ်ရေးလိုငွေပြမှုအား ဖြစ်ပေါ်စေသော ပြဿနာများအဖြစ် စေ့စေ့စပ်စပ်ပုံဖော်ရေးဆန္ဒကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မဟတ်တန်ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူ တစ်ဦးကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြောင်းလဲလာသော အမေရိကန်စီးပွားရေးဖွဲ့စည်းမှု၊ ဒေါ်လာ၏ ကမ္ဘာကြီးအပေါ်စိုးမိုးမှုနှင့် အမေရိကန်အိမ်ထောင်စုများ၏ စုဆောင်းခြင်းထက် သုံးစွဲခြင်းက ပိုမိုများပြားသည့် အလေ့အထများကသာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုကို ဧကန်အမှန်တွန်းအားပေးနေခြင်း ဖြစ်သည်။ သို့ရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုကို အပြစ်ပုံချခြင်းသည် ယုတ္တိမရှိပေ။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် အမေရိကန်ဒေါ်လာများအား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကိုယ်ပိုင်စီးပွားရေးမူဝါဒများ၏ သက်ရောက်မှုကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဝန်ဆောင်မှုကဏ္ဍကို တသမတ်တည်း တိုးချဲ့ခြင်းနှင့်အတူ ထုတ်လုပ်မှုလုပ်ငန်းတွင်လည်း ဆက်တိုက်ကျဆင်းနေခဲ့သည်။

COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာခြင်းသည် စားသုံးသူကုန်စည်တင်သွင်းခြင်း အရှိန်မြှင့်တင်မှုနှင့် ဝယ်လိုအားမြင့်တက်မှုတို့ ပေါင်းစည်းမိသည့် အခြေအနေကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Port of Baltimore တွင် ကွန်တိန်နာများအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ယခုအခါတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့၏ အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ရာ သံမဏိနှင့် ဓာတုဗေဒထုတ်ကုန်ပစ္စည်းများအတွက် အမေရိကန်နိုင်ငံ၏ ၀ယ်လိုအားမှာလည်း မြင့်တက်လာမည်ဟု မျှော်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ဥပဒေအရ သတ်မှတ်ထားသော ပို့ကုန်ထိန်းချုပ်မှုများ၊ တင်းကျပ်သောကန့်သတ်ချက်များသည် အမေရိကန်နည်းပညာမြင့်ကုမ္ပဏီများအား ၎င်းတို့၏ နည်းပညာများနှင့် ထုတ်ကုန်များကို နိုင်ငံရပ်ခြားတွင် ရောင်းချနိုင်စွမ်းကို အဟန့်အတားဖြစ်စေကြောင်း သိရသည်။

ယခင်အမေရိကန်အစိုးရလက်ထက်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပဋိပက္ခမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ တရုတ်စီးပွားရေးလုပ်ငန်းများအား ပို့ကုန်ထိန်းချုပ်မှု အမည်ခံ “သီးခြားစာရင်း” ၌ထည့်သွင်းထားသော်လည်း ထိုသို့လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏ နည်းပညာမြင့်ကဏ္ဍအပေါ် ပစ်မှတ်ထားခြင်းသာမက အမေရိကန်ကိုလည်း ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်နေခြင်းအပေါ်လည်း သက်ရောက်မှုရှိစေခဲ့သည်။ ထို့ကြောင့် မည်သူ့ကိုမှ စွပ်စွဲအပြစ်တင်ခြင်းမပြုလုပ်ဘဲ အမေရိကန်အနေဖြင့် ၎င်းတို့ကိုယ်တိုင်သာ အပြစ်တင်သင့်ပေသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုကို သဘောထားကျဉ်းမြောင်းစွာ အာရုံစိုက်သူများအနေဖြင့် အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှုအတွက် မောင်းနှင်အားဖြစ်စေသော ကမ္ဘာပေါ်၌ ဒေါ်လာ၏ လွှမ်းမိုးမှုကို လျစ်လျူရှုထားခြင်းလည်းဖြစ်သည်။

ကမ္ဘာ့အဓိကအရန်ငွေကြေးအဖြစ် ဒေါ်လာသည် အမေရိကန်နိုင်ငံအား နိုင်ငံတကာ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို စျေးနှုန်းချိုသာစွာဖြင့် တင်သွင်းမှုဖြစ်စေခဲ့သည်။ သဘောသဘာဝအားဖြင့် ဆိုရလျှင် ရလဒ်များအနက်တစ်ခုမှာ ကုန်သွယ်ရေးလိုငွေပြမှု၏ သေချာသောအဆင့်တစ်ခု ဆက်လက်ရှိနေခြင်းဖြစ်သည်။

ရှင်းရှင်းဆိုရလျှင် စီးပွားရေးစူပါပါဝါအတွက်ပင် အလကားရသော နေ့လယ်စာဟူ၍ မရှိကြောင်း၊ ဝါရှင်တန်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အသုံးအများဆုံးသော နိုင်ငံပိုင်ငွေကြေးတစ်ခုရှိရန် မမျှော်လင့်နိုင်သော်လည်း ကမ္ဘာတစ်ဝန်း မကြာခဏအသုံးပြုခဲ့ကြကြောင်းနှင့် ၎င်းတို့၏ အလွန်အကျွံသုံးစွဲမှု ဂယက်ရိုက်ခတ်မှုကိုမူ ရင်ဆိုင်ရခြင်းမရှိပေ။

ကပ်ရောဂါကာလအတွင်း အမေရိကန် ကုမ္ပဏီများနှင့် တရုတ်ကုန်စည်များအား စားသုံးသူများထံမှ ဝယ်လိုအား မြင့်တက်နေသည့်တိုင် ယင်းသို့ ကျိုးကြောင်းညီညွတ်သော လိုအပ်ချက်များကို မျက်ကွယ်ပြုထားသလို နိုင်ငံရေးသမားအချို့ကလည်း အမေရိကန်-တရုတ် ကုန်သွယ်မှုဆက်ဆံရေးကို ခုတ်ရာတခြား ရှရာတလွဲနည်းလမ်းဖြင့် လိုရာဆွဲလျက်ပြောကြားခဲ့သည်။

မျက်ကွယ်ပြုထားသော်လည်း ရှင်းလင်းနေသည့်အချက်မှာ တရုတ်နိုင်ငံ အမေရိကန် ဝန်ဆောင်မှုကုန်သွယ်ရေး မြင့်တက်လာခြင်း၏ အဓိကအရင်းအမြစ်ဖြစ်လာကြောင်းကို အမေရိကန်က ပြောကြားရန် ရှောင်လွှဲနေခြင်းပင် ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဌာန၏ အဆိုအရ ၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး စုစုပေါင်းသည် ဒေါ်လာ ၂၃၀ ဘီလီယံကျော်ရှိခဲ့ပြီး တရုတ်နိုင်ငံနှင့် ဝန်ဆောင်မှုကုန်သွယ်မှုအရှိန်ကို ဆက်လက်ထိန်းထားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် တူညီသောအခြေအနေတွင် ညှိနှိုင်းဆွေးနွေးမှုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးများရှိ ပြဿနာများကို သင့်တင်လျောက်ပတ်စွာ အဖြေရှာသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

တစ်နိုင်ငံ၏ တစ်ဖတ်သက်အကျိုးစီးပွားအပေါ် အခြေခံ၍ ခြိမ်းခြောက်မှုများနှင့် ဖိအားပေးခြင်းသည် ပြဿနာများကို အဖြေရှာရန် အထောက်အကူမဖြစ်စေသလို ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုအတွက် အပြန်အလှန် ယုံကြည်မှုနှင့် ပတ်ဝန်းကျင်ကိုလည်း မဖြစ်စေကြောင်း ၎င်းက သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံ အနေဖြင့် ၎င်း၏ ကိုယ်ပိုင်ကုန်စည်များအား ထောက်ထားသောအားဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေးလိုငွေပြမှုအပေါ် အမေရိကန်၏ ဆောက်တည်ရာမရဖြစ်ခြင်းသည် စွန့်လွှတ်သင့်ကြောင်း၊ ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံအပေါ် ဗိုလ်ကျခြင်းကိုလည်း ရပ်တန့်သင့်ကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး လမ်းခုလတ်တွင် တရုတ်နိုင်ငံနှင့် တွေ့ဆုံရန် ဆောင်ရွက်သင့်ကြောင်း သိရသည်။ (Xinhua)

———————————————
(English Versin)

Xinhua Commentary: U.S. should stop scapegoating China for ballooning trade deficit

WASHINGTON, Feb. 13 (Xinhua) — As official data showed the U.S. total trade deficit has soared to a record high in 2021, American politicians and media outlets quickly seized upon this new excuse to blame China yet again for the increase in red ink.

By habitually hyping up the topic of its trade deficit with China, the United States disclosed its unwillingness to scrutinize the underlying structural problems that led to its constant trade gap — with not only the Asian country, but also a slew of other economies.

The changing U.S. economic structure, the dollar’s world dominance and American households’ habit of spending more than they save are what’s actually driving up the U.S. trade deficit. Scapegoating a particular bilateral trade relationship, however, is logically deficient.

Due to globalization and the impact of its own economic policies, the United States for the last few decades has experienced a continued decline in its manufacturing industry along with the consistent expansion of its service sector.
Its bumpy recovery from the COVID-19 pandemic is also compounding the situation, as surging demand combined with lagging supply inevitably pumped up the import of consumer goods. Now that the U.S. President Joe Biden administration’s infrastructure bill has been signed into law, U.S. demand for steel and chemical products is expected to further increase as well.

Meanwhile, export controls, a strict restriction imposed by U.S. law, are hampering the ability of U.S. high tech companies to sell their technologies and products overseas.

Since the previous U.S. administration caused trade friction with China, numerous Chinese firms have been placed in the so-called “entity list” of export controls, though the move targeting the Chinese high tech sector has only trapped the United States in the plight of a skyrocketing trade deficit. Therefore, no one should be blamed but Washington itself for that.

Those who narrow-mindedly focus on China’s surplus have seemingly ignored the dollar’s dominance in the world, an equally important driving force for the U.S. trade deficit.

As the world’s primary reserve currency, the dollar has enabled the United States to import international goods and services at relatively lower prices. Naturally, one of the outcomes is the persistence of a certain level of trade deficit.

Put bluntly, there’s no such thing as a free lunch, even for the economic superpower. Washington cannot expect to have a sovereign currency, the most frequently used across the world, but not face the repercussion of its overspending.
In the early 1970s, the dollar’s decoupling from gold, termed as the “Nixon shock” marking the end of the Bretton Wood System that had governed the post-war global financial system, further freed the greenback from hurdles that would have otherwise put limits on its global power.

Moreover, the ensuing decades of monetary easing and radical deregulation in the finance arena have created asset bubbles and stimulated excessive spending and relentless lending, which in turn caused the U.S. trade deficit to climb time and again.

While the demand from American companies and consumers for Chinese goods has soared during the pandemic, the U.S. government just turned a blind eye to these reasonable needs, and some politicians kept distorting the U.S.-China trade relationship, apparently, in a counterproductive way.

A blindingly clear fact that Washington avoids talking about is that China has become a major source of the U.S. services trade surplus. According to the Commerce Department, the total U.S. surplus of service trade in 2021 exceeded 230 billion dollars, and its service trade with China has long maintained a surplus.

Last week, Chinese Foreign Ministry spokesperson Zhao Lijian reaffirmed that China always maintains that the two sides should properly solve the problems in their economic and trade relations in a spirit of mutual respect and consultation on an equal footing.

Threats and pressure based on one’s unilateral interest will not help solve the problems, but only undermine mutual trust and the atmosphere for dialogue and negotiation, he warned.
For the sake of its own good, the United States should abandon its hysteria over the trade deficit with China, stop bullying its trade partner and meet China halfway to bring the bilateral trade relationship back onto the right track. ■
Photo 1 : Photo taken on Aug. 5, 2020 shows the U.S. Department of Commerce in Washington D.C., the United States. (Xinhua/Liu Jie)

Photo 2 : A man wearing a face mask walks on a street in Manhattan of New York, the United States, Jan. 19, 2022. (Xinhua/Wang Ying)
Photo 3 : Photo taken on March 19, 2020 shows U.S. dollar banknotes in Washington D.C., the United States. (Xinhua/Liu Jie)
Photo 4 : Containers are seen at the Port of Baltimore in Maryland, the United States, Oct. 26, 2021. (Xinhua/Liu Jie)