Asia
၁၁၅ ကြိမ်မြောက် မဲခေါင်မြစ် အတွင်း ပူးတွဲကင်းလှည့်ခြင်း စတင်
ကူမင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံမှ ဥပဒေစိုးမိုးရေးအာဏာပိုင်များက ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ် အတွင်းပူးတွဲကင်းလှည့်ခြင်း စတင်ရန်အတွက် မတ် ၂၂ ရက်က တပ်ဖွဲ့များ ပါဝင်ချိတ်ဆက်ခဲ့ကြကြောင်း သိရသည်။အဆိုပါ စစ်ဆင်ရေးတွင် နိုင်ငံ လေးနိုင်ငံမှ သင်္ဘောလေးစင်း ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံမှ သင်္ဘောနှစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Jingha ဆိပ်ကမ်းမှ မတ် ၂၂ ရက် နံနက် ၉ နာရီ၌ ထွက်ခွာသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။
ကင်းလှည့်နေစဉ် လေးနိုင်ငံတို့သည် မြစ်ဝှမ်းတစ်လျှောက် ဘေးကင်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ထိတွေ့မှုမရှိစေဘဲ ဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော် မှုခင်းများ ချေမှုန်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု လူသိများသော မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောတင်ပို့မှုအတွက် အရေးပါသော ရေထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်။
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
115th joint patrol on Mekong River begins
Source: Xinhua
Editor: huaxia
2022-03-22 23:21:45
KUNMING, March 22 (Xinhua) — Law-enforcement authorities from China, Laos, Myanmar and Thailand joined forces on Tuesday for the start of the 115th Mekong River joint patrol.
A total of four vessels from the four countries participated in the operation. Two Chinese vessels departed at 9 a.m. on Tuesday from Jingha Port, Xishuangbanna Dai Autonomous Prefecture, southwest China’s Yunnan Province, said the provincial public security bureau.
During the patrol, the four countries will continue to focus on cracking down on cross-border crimes in a non-contact manner to safeguard safety and stability along the river basin.
The Mekong River, known as the Lancang River in China, is a vital waterway for cross-border shipping.
China, Laos, Myanmar and Thailand have been conducting joint patrols on the river since December 2011. ■
Photo : The enforcement vessel from China, which is participating in the 88th Mekong River joint patrol, pulls out Guanlei Port in southwest China’s Yunnan Province, Nov. 19, 2019. (Xinhua/Wu Han)