Connect with us

Europe

ရုရှားရေနံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မည့် အလားအလာကြောင့် ကုန်သည်များချိန်ဆနေရ၍ ရေနံဈေးနှုန်းများကျဆင်း

အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ခု၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် မော်တော်ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးရောက်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရုရှား၏ရေနံတင်ပို့မှုအပေါ် ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မည့် အလားအလာကြောင့် ကုန်သည်များအနေဖြင့် ချိန်ဆနေရ၍ ကနဦးဒဏ်ခတ်ပို့ဆို့မှုအပြီး ခုန်တက်ခဲ့သည့် ရေနံဈေးနှုန်းမှာ မတ် ၂၂ ရက်တွင် ကျဆင်းခဲ့ကြောင်း သိရသည်။နယူးရောက်စတော့အိတ်ချိန်း တွင် ၎င်း၏ အပိတ်ဈေးအရ ရေနံစိမ်းတစ်စည်လျှင် ၁၁၁.၇၆ ဒေါ်လာဖြင့် စာရင်းရှင်းခဲ့ပြီး The West Texas Intermediate (WTI) ၏ ခန့်မှန်းချက်အရ ဧပြီလရေနံတင်ပို့မှုမှ ရေနံစိမ်းတစ်စည်လျှင် ၃၆ စင့် (သို့မဟုတ်) ဝ.၃ ရာခိုင်နှုန်း ရှုံးနှိုင်ကြောင်း သိရသည်။
မေလ အတွက် Brent ရေနံစိမ်းတင်ပို့မှု တွင် ၁၄ စင့် (သို့မဟုတ်) ဝ.၁ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းခဲ့ပြီး လန်ဒန် ICE Futures Exchange တွင် ၁၁၅.၄၈ ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သည်။

ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို ဒဏ်ခတ်ပိတ်ဆို့ရန် EU အဖွဲ့ဝင်နိုင်ငံများအတွင်း တောင်းဆိုမှုများ တိုးမြင့်လာပြီးနောက် မတ် ၂၁ရက် တွင် WTI နှင့် ကမ္ဘာ့ရေနံစိမ်း စံနှုန်းနှစ်ခုစလုံးတွင် ရေနံစိမ်းဈေးနှုန်း ၇.၁ ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့သည်။

“တကယ်လို့ ဒီလိုသာဖြစ်လာခဲ့ရင် EU အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားရဲ့ရေနံကို အလွန်အကျွံမီခိုနေရတဲ့အတွက် အချိန်တိုအတွင်းမှာ သူတို့အနေနဲ့ တခြား ရေနံရောင်းချသူကို ဘယ်လိုရှာတွေ့နိုင် မလဲဆိုတာရှင်းရှင်းလင်း မသိရသေးပါဘူး။’’ ဟု Commerzbank Research မှ စွမ်းအင်လေ့လာသူ Carsten Fritsch က မတ် ၂၂ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

“ဒါကြောင့် အီးယူနိုင်ငံအားလုံးက ဒီအယူအဆကို ထောက်ခံတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုမျိုး ဆုံးဖြတ်ချက်ချဖို့ စည်းလုံးညီညွတ်မှုရှိဖို့တော့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံအပေါ် ပထဝီဝင်နိုင်ငံရေးအရ စွန့်စားမှုများသည် ထောက်ပံ့ရေး အပိုင်းတွင် ဒဏ်ဖြစ်ပေါ်စေသောကြောင့် ရေနံဈေးနှုန်းများသည် မကြာသေးမီက ဆိုးရွားစွာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
Oil prices decline as traders weigh prospect of EU ban on Russian oil
NEW YORK, March 22 (Xinhua)– Oil prices retreated on Tuesday after a jump in the prior session, as traders are weighing the prospect of a European Union (EU) ban on imports of Russian oil.
The West Texas Intermediate (WTI) for April delivery lost 36 cents, or 0.3 percent, to settle at 111.76 dollars a barrel on the New York Mercantile Exchange on its expiration day. Brent crude for May delivery decreased 14 cents, or 0.1 percent, to close at 115.48 dollars a barrel on the London ICE Futures Exchange.
On Monday, both the WTI and global crude standard jumped 7.1 percent following reports of growing calls within the EU for a ban on Russian oil imports.
“It is still not clear whether this will really happen, as a number of EU member states are too dependent on Russian oil to be able to easily find an alternative source of supply at short notice,” Carsten Fritsch, energy analyst at Commerzbank Research, said Tuesday in a note.
“Not all EU countries therefore support the idea, yet a decision of this kind requires unanimity,” he said.
Oil prices have experienced wild moves recently as geopolitical risks over Ukraine stoked fears of supply shock. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.