Politics, Law & Military
အမေရိကန်နိုင်ငံက တရုတ်ကုမ္ပဏီများအပေါ် ဖိနှိပ်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိသဖြင့် တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အယူအဆ ခြုံငုံကောက်ချက်ချခြင်းနှင့် တရုတ် စီးပွားရေးလုပ်ငန်းများအား ကျိုးကြောင်းဆီလျော်မှုမရှိစွာ ဖိနှိပ်ရန် နိုင်ငံ့အာဏာသုံးပြုခြင်းကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက မတ် ၂၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။တရုတ်နိုင်ငံ၏ Pacific Networks Corp. နှင့် ယင်းကော်ပိုရေးရှင်က အပြည့်အဝပိုင်ဆိုင်သော လုပ်ငန်းခွဲ ComNet (USA) LLC အား အမေရိကန်နိုင်ငံရှိ ၎င်းတို့၏ တယ်လီကွန်းဝန်ဆောင်မှုများ ပံ့ပိုးခြင်းအတွက် လုပ်ကိုင်ခွင့် ရုပ်သိမ်းကြောင်း အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) ထံမှ ညွှန်ကြားချက်တစ်ရပ်အား မတ် ၂၃ ရက်က တရားဝင်လက်ခံရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ ပြောင်းလဲမှုမှာ အမေရိကန် စီးပွားရေးပတ်ဝန်းကျင်ကို ဆိုးရွားစွာပျက်စီးစေခဲ့ကြောင်းနှင့် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် အမေရိကန် သုံးစွဲသူများ အပါအဝင် ကမ္ဘာ့စားသုံးသူများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကို ထိခိုက်စေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Pacific Networks Corp. နှင့် ComNet (USA) LLC တို့သည် အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များကို အမြဲတစေလိုက်နာခဲ့ကြောင်းနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ အမေရိကန်ရှိ သုံးစွဲသူများစွာအား အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောခဲ့သည်။
FCC အနေဖြင့် မမျှတသောဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန်နှင့် အမျိုးသားလုံခြုံရေးအယူအဆ ခြုံငုံကောက်ချက်ချခြင်းနှင့် စီးပွားရေးကိစ္စရပ်များ၌ နိုင်ငံရေးပတ်သက်နေခြင်း စသည့် မှားယွင်းစွာ ကျင့်သုံးမှုကို ရပ်တန့်ရန်အပြင် တရုတ်ကုမ္ပဏီများအား အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် လုပ်ငန်းလည်ပတ်ရန် အတွက် တရားမျှတပြီး ခွဲခြားမှုမရှိသော ပတ်ဝန်းကျင်တစ်ရပ် ပံ့ပိုးပေးရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကို စောင့်ထိန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)
…………………………………………
China firmly opposes unreasonable U.S. suppression of Chinese companies
Source: Xinhua
Editor: huaxia
2022-03-24 13:39:00
BEIJING, March 24 (Xinhua) — China firmly opposes the United States’ generalization of the concept of national security and its abuse of state power to unreasonably suppress Chinese enterprises, the Ministry of Industry and Information Technology said in a statement on Thursday.
The ministry made the statement after China’s Pacific Networks Corp. and its wholly-owned subsidiary, ComNet (USA) LLC, on Wednesday formally received an order from the U.S. Federal Communications Commission (FCC) which revoked its authorization for the two companies to provide telecom services in the United States.
The move seriously damaged the U.S. business environment and harmed the legitimate rights and interests of Chinese enterprises and global consumers, including U.S. users, it said.
Pacific Networks Corp. and ComNet (USA) LLC have been operating in the United States for years. They have always abided by U.S. laws, regulations and regulatory requirements, and provided high-quality services to many users in the United States in accordance with commercial principles, the ministry said.
The ministry urged the FCC to withdraw its unfair decision and stop the wrongful practice of generalizing the concept of national security and politicizing economic issues, as well as provide a fair, just and nondiscriminatory environment for Chinese companies that invest and operate in the United States.
China will continue to take necessary measures to safeguard the legitimate rights and interests of Chinese enterprises, it said. ■
Photo : People pass by the New York Stock Exchange in New York, the United States, Nov. 9, 2020. (Xinhua/Wang Ying)