Connect with us

Europe

(ယူကရိန်း အခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း တည်ဆောက်ရန် ရုရှားနှင့်ယူကရိန်း နားလည်မှု ရရှိ၊ အထူးစစ်ရေးလှုပ်ရှားမှု အစီအစဉ်အတိုင်း ရှေ့တိုး ဆောင်ရွက်နေကြောင်း ပူတင် ပြောကြား

ဘီလာရုဇ်နိုင်ငံ Belovezhskaya သစ်တောတွင် ရုရှား-ယူကရိန်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲအား မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ)

ရုရှားနှင့်ယူကရိန်း၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို မတ် ၃ ရက်က ဘီလာရုဇ်နိုင်ငံ Belovezhskaya သစ်တောတွင် အဆုံးသတ်ခဲ့ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတည်ဆောက်ရန် နှစ်ဖက်အကြား နားလည်မှုရရှိပြီး တတိယအကြိမ်ဆွေးနွေးမှု အမြန်ဆုံးကျင်းပနိုင်ရန်အတွက် သဘောတူညီခဲ့ကြသည်။ ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၃ရက်တွင် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ဗွီဒီယိုအစည်းအဝေး ပြုလုပ်ရာတွင် ရုရှားဘက်က အထူးစစ်ရေးလှုပ်ရှားမှုများကို အချိန်နှင့်အစီအစဉ်အလိုက် တင်းကျပ်စွာ ရှေ့တိုးဆောင်ရွက်လျက်ရှိပြီး သတ်မှတ်တာဝန်များ အဆင်ပြေချောမွေ့စွာ ဖော်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ရထားစီးထွက်ခွာမည့် ကလေးငယ်နှစ်ဦးအား မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားနှင့်ယူကရိန်း၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် မတ် ၃ ရက်က Belovezhskaya သစ်တောတွင် အဆုံးသတ်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတည်ဆောက်ရန် နှစ်ဖက်အကြား နားလည်မှုရရှိပြီး တတိယအကြိမ်ဆွေးနွေးမှု အမြန်ဆုံးကျင်းပနိုင်ရန်အတွက် သဘောတူညီခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က “ယူကရိန်းက လိုအပ်တဲ့ ရလဒ်မရရှိခဲ့ဘူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း စီစဉ်ဖို့ ဖြေရှင်းရေးနည်းလမ်းအတွက်လောက်ပဲ ရရှိခဲ့တယ်”ဟု ဆိုသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က ယခုအကြိမ်တွေ့ဆုံမှုတွင် ဖြေရှင်းလိုက်သည့် အဓိက ပြဿနာမှာ ပဋိပက္ခဒေသရှိ အရပ်သားများ၏ လုံခြုံရေးဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်း တည်ဆောက်ပြီး အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် လမ်းကြောင်းတစ်လျှောက် ဒေသများ၌ ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင့် ကိဗ်မြို့ ဘူတာကြီးတွင် ပစ္စည်းများရွှေ့ပြောင်းပေးနေသည့် စေတနာ့ဝန်ထမ်းများအား မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

___ ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၃ ရက်တွင် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ဗွီဒီယိုအစည်းအဝေး ပြုလုပ်ခဲ့ရာ ရုရှားဘက်က အထူးစစ်ရေးလှုပ်ရှားမှုများကို အချိန်နှင့် အစီအစဉ်အလိုက် တင်းကျပ်စွာ ရှေ့တိုးဆောင်ရွက်လျက်ရှိပြီး သတ်မှတ်တာဝန်များ အဆင်ပြေချောမွေ့စွာ ဖော်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ “အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ ကျွန်တော်တို့ နယ်စပ်မှာ ရုရှားဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တယ် ၊ ဒီလို ရုရှားဆန့်ကျင်ရေး ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ ထပ်ပြီး လက်ခံစရာ မရှိဘူး” ဟု နျူကလီးယားလက်နက် ခြိမ်းခြောက်မှုလည်း အပါအဝင်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

___ ရုရှားက ယူကရိန်းနှင့်ဆွေးနွေးမှုကို အစကတည်းက တံခါးဖွင့်ထားခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲ ကျင်းပရေးတွင် နှစ်ဖက်စလုံး ပါဝင်လိုသည့် ဆန္ဒရှိရန် လိုအပ်ကြောင်း၊ ယူကရိန်းဘက်က ဆွေးနွေးပွဲဖြစ်စဉ် အချိန်ဆွဲနေခြင်းကို ရုရှားဘက်က ရှင်းရှင်းလင်းလင်းသိကြောင်း ပြောကြားခဲ့သည်။

___ ရုရှား သမ္မတ ပူတင်နှင့် ပြင်သစ် သမ္မတ မက်ခရွန်တို့ မတ် ၃ ရက်က ယူကရိန်းအရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ မတ် ၃ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ယူကရိန်းနှင့်ဆွေးနွေးသည့် မူရပ်တည်ချက်နှင့်တောင်းဆိုချက်ကို ပူတင်က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ ယူကရိန်း၏ “စစ်ရေးအသွင်ပြောင်းမှု ပယ်ဖျက်ရန်”နှင့် ၎င်း၏ ကြားနေရပ်တည်မှု၊ ယူကရိန်းနယ်နမိတ်အတွင်း ရုရှားကို ဦးတည်သည့် ခြိမ်းခြောက်မှု ထပ်မံမဖြစ်ပေါ်စေရန် အာမခံမှုကို ပထမဆုံးအနေဖြင့် ဆွေးနွေးသင့်သည်ဟု ရုရှားအနေဖြင့် ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အထူးစစ်ရေးလှုပ်ရှားမှုတာဝန်များကို ပြီးမြောက်အောင် ရုရှားဘက်က ဆောင်ရွက်သွားမည်ဖြစ်ရာ စေ့စပ်ဆွေးနွေးမှုကို အချိန်ဆွဲရန် ကြိုးပမ်းပါက ဆွေးနွေးမှုတွင် ရုရှားဘက်က ထပ်တိုး တောင်းဆိုမှုသာ ဖြစ်လာနိုင်ကြောင်း ကြေညာချက်၌ အလေးထားဖော်ပြထားသည်။
ပူတင်က ရုရှားအနေဖြင့် ဆက်လက် ထိုးစစ်ဆင်မည့် ဆုံးဖြတ်ချက်ကို မက်ခရွန်အား ပြောကြားခဲ့သည်ဟု ပြင်သစ် သမ္မတရုံး အယ်လီဇေးနန်းတော်က ယင်းနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ရုရှားစစ်ရေးလှုပ်ရှားမှု အဆုံးထိ လုပ်ဆောင်သွားမည့်သဘောထားကို ဖော်ပြခဲ့ခြင်းက ယူကရိန်းအခြေအနေ အနာဂတ်အလားအလာအတွက် ကြေကွဲဖွယ် ဖြစ်ကြောင်း မက်ခရွန်က ဆိုသည်။ ပြင်သစ်အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထပ်တိုး ချမှတ်သွားမည်ဖြစ်ကြောင်း အယ်လီဇေးနန်းတော်က ဆိုသည်။

___ အနောက်နိုင်ငံများက ယူကရိန်းသို့ ပုဂ္ဂလိက စစ်တပ်ကုမ္ပဏီ၏ ကြေးစားတပ်သားများကို ထပ်တိုးစေလွှတ်နေကြာင်း ရုရှားကာကွယ်ရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ “ယူကရိန်းကို ရောက်ရှိလာတဲ့ နိုင်ငံခြား ကြေးစားစစ်သားတွေက ရုရှား စက်ပစ္စည်းတွေနဲ့ ထောက်ပို့ရေးယာဉ်တန်းတွေ၊ ရုရှားလှုပ်ရှားမှုကို ကာကွယ်တဲ့ လေယာဉ်တွေကို တိုက်ခိုက် ဖျက်ဆီးနေတယ်”ဟု ဆိုသည်။ ယင်းနေ့ မနက် အစောပိုင်းတွင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပထမအသုတ် “နိုင်ငံခြား စေတနာ့ဝန်ထမ်း စစ်သား” တွေကို ကြိုဆိုဖို့ ပြင်ဆင်နေကြောင်း လူမှုကွန်ရက်မီဒီယာ ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။ လက်ရှိ ပထမအသုတ် ‘စေတနာ့ဝန်ထမ်း စစ်သား’ ၁၆,၀၀၀ ယူကရိန်းသို့ လာနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

___ ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှု ဗဟို တာဝန်ခံ အကြီးအကဲ Mizintsev က ရုရှားစစ်တပ်က လုံခြုံရေးအာမခံ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတည်ဆောက်ရေးစသည်တို့အား ထိရောက်စွာ ဆောင်ရွက်နေပြီဖြစ်ရာ ပြီးခဲ့သည့် အချိန်အပိုင်းအခြားကာလတစ်ခုအတွင်း ယူကရိန်း အန္တရာယ်ရှိသောဒေသများမှ ထွက်ခွာသွားသူ နိုင်ငံခြားသား ၅၈၈ ဦး ရှိပြီဖြစ်ကြောင်း မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Bashar Jaafariက အမေရိကန်၏ မာနထောင်လွှားသော လုပ်ဆောင်မှုများကြောင့် ယူကရိန်းအကျပ်အတည်းအခြေအနေပို၍ ဆိုးဝါးလာခြင်း ဖြစ်ကြောင်း၊ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုက အမေရိကန်အနေဖြင့် မိမိအကျိုးစီးပွားကိုပါ ပျက်စီးဆုံးရှုံးစေမည် ဖြစ်ကြောင်း မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းအရေးကို အသုံးချပြီး အမေရိကန်က ရုရှားကို နှိုးဆွဖိနှိပ်ခဲ့ရာ အမေရိကန်၏မာနထောင်လွှားသော လုပ်ဆောင်မှုများက ယူကရိန်းအကျပ်အတည်းကို အဆက်မပြတ် မြင့်တက်လာရန် တွန်းပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

#Russia, #Ukraine, #Europe, #xinhua, #xinhuamyanmar, #ရုရှား, #ယူကရိန်း, #ဥရောပ, #ဆင်ဟွာ

…………………………………………

(Chinese Version)
(乌克兰局势)最新动态:俄乌就建立人道主义通道达成谅解 普京说特别军事行动按计划推进
2022-03-04 06:35:01 分类: 政治法律
新华社北京3月4日电综合新华社驻外记者报道:俄罗斯与乌克兰的第二轮谈判3日在白俄罗斯境内的别洛韦日森林结束。双方就建立人道主义通道达成谅解,并同意尽快举行第三轮谈判。俄罗斯总统普京3日在与俄联邦安全会议成员举行的视频会议上说,俄方的特别军事行动正严格按时间表和计划推进,各项既定任务顺利执行。
——俄罗斯与乌克兰的第二轮谈判3日在白俄罗斯境内的别洛韦日森林结束。双方就建立人道主义通道达成谅解,并同意尽快举行第三轮谈判。乌克兰总统办公室顾问波多利亚克在谈判结束后说:“乌克兰没有得到需要的结果。仅仅就安排人道主义通道达成解决方案。”俄罗斯代表团团长、总统助理梅金斯基表示,本轮谈判解决的主要问题事关冲突地区的平民安全,双方“就建立人道主义通道疏散平民以及疏散平民时在人道主义通道相关区域暂时停火达成一致”。
——俄罗斯总统普京3日在与俄联邦安全会议成员举行的视频会议上说,俄方的特别军事行动正严格按时间表和计划推进,各项既定任务顺利执行。他强调,“西方国家多年来在我们边境上实施反俄行动,我们不能再受到这些反俄行动的威胁”,包括来自核武器的威胁。
——俄罗斯外交部发言人扎哈罗娃3日表示,俄罗斯对与乌克兰谈判自始就持开放态度。她说,谈判需双方均有参与意愿才能进行,俄方十分清楚乌方在“拖延”谈判进程。
——俄罗斯总统普京与法国总统马克龙3日就乌克兰局势通电话。克里姆林宫网站3日发表声明说,普京阐释了与乌克兰谈判的原则立场与条件。俄方认为首先应磋商乌克兰“去军事化”及其中立身份,保证乌境内不再出现针对俄方的威胁。声明强调,俄方无论如何都将完成特别军事行动任务,试图拖延谈判只会导致俄方在谈判中增加额外要求。法国总统府爱丽舍宫当天对媒体透露,普京向马克龙表达了俄罗斯继续进攻的决心。马克龙表示,俄罗斯将军事行动进行到底的表态,让他对乌克兰局势前景感到“悲观”。爱丽舍宫表示,法国将继续加大对俄制裁。
——俄罗斯国防部发言人科纳申科夫3日表示,西方国家向乌克兰增派私营军事公司的雇佣兵。“抵达乌克兰的外国雇佣兵正在袭击破坏俄装备和补给车队以及掩护俄方行动的飞机”。当天早些时候,乌总统泽连斯基在社交媒体发布视频称,乌克兰正准备迎接第一批“外国志愿兵”。他表示,目前第一批16000名“志愿兵”正前往乌克兰。
——俄罗斯国家防御指挥中心负责人米津采夫3日表示,由于俄军采取了提供安全保障、建立人道主义通道等有效措施,过去一段时间内,累计已有588名外国公民从乌克兰危险区域撤离。
——叙利亚副外长巴沙尔·贾法里3日表示,美国的傲慢行径加剧了乌克兰紧张局势,对俄罗斯经济制裁将给美国自身带来损失。他说,美国利用乌克兰问题刺激和打压俄罗斯,美国的傲慢行径推动乌克兰危机向着不断升级的方向发展。(参与记者:黄河、唐霁、李奥、耿鹏宇、华迪、郑一晗、汪健)(完)
图说1:这是3月3日在白俄罗斯境内的别洛韦日森林拍摄的俄罗斯与乌克兰的第二轮谈判现场。新华社/白通社
图说2:3月3日,两名儿童乘坐火车离开乌克兰基辅。 新华社发(迭戈·埃雷拉摄)
图说3:3月3日,志愿者在乌克兰基辅火车站搬运物资。 新华社发(迭戈·埃雷拉摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.