Asia
၂ နှစ်ကြာ အိမ်လွမ်းခဲ့ရသည့် အင်ဒိုနီးရှား မွတ်စလင်များ အိဒ်ပွဲတော်တွင် မိသားစု ပြန်လည်ဆုံဆည်းရန် စိတ်အားထက်သန်နေကြ
ဂျကာတာ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့၌ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၄နှစ်အရွယ် အမျိုးသမီး Lia Hariyanti သည် ၎င်း၏ မိသားစုနေထိုင်ရာ အရှေ့ဂျာဗားပြည်နယ် မလိန်(Malaing) သို့ပြန်ရန် အင်ဒိုနီးရှားတွင် ရာမာဒန်ဥပုသ်လ၏ ပထမဆုံးရက်ဖြစ်သည့် တနင်္ဂနွေနေ့(ဧပြီ ၃ ရက်) က ရထားလက်မှတ်တစ်စောင်ဝယ်ယူခဲ့သည်။ဧပြီ ၂၄ ရက်တွင်ထွက်ခွာရန် စီစဉ်ထားသော သူ(မ)၏ အိမ်အပြန်ခရီးသည် အချိန်ကာလ ၂ နှစ်ကြာ ကိုဗစ်-၁၉ ကန့်သတ်ချက်စည်းမျဉ်းများဖြင့် နေထိုင်ခဲ့ရပြီးနောက်တွင် အစ္စလာမ်ဘာသာဝင်များအထွဋ်ထိပ်ထားရာ ရာမာဒန်ဥပုသ်လပြီးဆုံးခြင်း ပွဲတော်တစ်ခုဖြစ်သည့် အိဒ်အယ်လ်ဖစ်တ်ပွဲတော်ကို သူ(မ) မိသားစုနှင့်အတူ ဆင်နွှဲရန်အတွက် နေရပ်သို့ ပထမဆုံးကြိမ်ပြန်ရောက်မည့် ခရီးစဉ်တစ်ခုဖြစ်သည်။
“အိမ်အပြန်ရထားလက်မှတ်ရဖို့ ကျွန်မ ၂၄ နာရီကျော်ကြာ တန်းစီစောင့်ဆိုင်းခဲ့ရပေမယ့် ကျွန်မ အလွန့်အလွန် စိတ်လှုပ်ရှားခဲ့ရသလို အိဒ်ပွဲတော်အားလပ်ရက်အတွက် မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေပါပြီ ။ ပြီးတော့ ကျွန်မ အလုပ်ကနေ ခွင့်တစ်လ ယူထားတယ်။ ဒါကြောင့် မိသားစုနဲ့အချိန်ကြာကြာ ပြန်နေရမှာပေါ့” ဟု Lia က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
စာရင်းအင်းဘာသာရပ်နောက်ဆုံးနှစ်ကျောင်းသား Teguh Hanafi က သူ၏ မွေးရပ်ဇာတိမြို့လေးဖြစ်သည့် အနောက်ဆူမတြာပြည်နယ်ရှိ ပဒန်းမြို့(Padang) သို့ ပြန်ရန် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ယူရေး စီစဉ်ထားပြီး မေ ၂ သို့မဟုတ် မေ ၃ ရက်တွင် ကျရောက်မည့် အိဒ်ပွဲတော်နေ့မတိုင်မီ တစ်ပတ်အလို အိမ်ပြန်ရောက်ရန် ရည်မှန်းထားကြောင်းသိရသည်။
“ ကျွန်တော့်ရဲ့ ကျမ်းပြုစာတမ်း လုပ်နေတဲ့ချိန်အတွင်းမှာပဲ အချို့အချိန်လေးတွေကို မိသားစုနဲ့အတူရှိနေချင်တာပေါ့ ၊ အခုလို မိသားစုနဲ့ အချိန်အကြာကြီးခွဲပြီး မနေချင်တော့ဘူးလေ” ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ရာမာဒန်ဥပုသ်နှင့်အတူ မိသားစုပြန်လည်ဆုံဆည်းခြင်းသည် အလွန်စပ်ဆက်မှုရှိပြီး “mudik”ဟုခေါ်ဆိုသော တစ်နယ်တစ်ကျေး သွားရောက်လုပ်ကိုင်ကြသည့် မိသားစုဝင်များ နှစ်ပတ်လည်ထုံးတမ်းအစဉ်အလာ ပြန်လည်ဆုံဆည်းကြမည့် အင်ဒိုနီးရှားလူမျိုး သန်းပေါင်းများစွာအနက် Lia နှင့် Teguh တို့ နှစ်ဦးသည်လည်း အပါအဝင်ဖြစ်သည်။
အရှေ့တောင်အာရှတွင် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အိဒ်ပွဲတော်ကာလအတွင်း အစုလိုက်အပြုံလိုက် အိမ်ပြန်ကြမည့် ပြည်သူအရေအတွက်မှာ ခန့်မှန်းခြေ ၇၉ သန်းခန့်ရှိကြောင်း အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadi က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရန်အတွက် ပြည်တွင်း/ပြည်ပခရီးသွားလာမှုကို ကန့်သတ်ထားပြီး ပြည်သူများအစုလိုက်အပြုံလိုက် ခရီးသွားလာနိုင်ခြင်းမရှိအောင် ပိတ်ပင်ထားရာ ပြီးခဲ့သော နှစ်နှစ်တာကာလသည် အင်ဒိုနီးရှားလူမျိုးအများစုအတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သောနှစ်တွင် အင်ဒိုနီးရှားပြည်သူထောင်ပေါင်းများစွာသည် လူအုပ်စုလိုက် ခရီးသွားလာခြင်း နှင့် ပွဲတော်ကာလအိမ်ပြန်ခြင်း စည်းကမ်းကန့်သတ်ချက်များကို ချိုးဖောက်မှုပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် အားလပ်ရက်ပြီးနောက် ရက်သတ္တပတ်များအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုနှုန်း နှင့်သေဆုံးမှုနှုန်း အလွန်မြင့်တက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
ယခုနှစ်တွင် လူအများစုမှာ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ခြင်း နှင့် နေ့စဉ်ကူးစက်မှုနှုန်းများ ကျဆင်းသွားခြင်းကြောင့် အာဏာပိုင်များက လူအရေအတွက်ကန့်သတ်ချက်ကိုပယ်ဖျက်ပေးခဲ့သလို “mudik” တစ်နယ်တစ်ကျေး သွားရောက်လုပ်ကိုင်ကြသည့် မိသားစုဝင်များ ပြန်လည်ဆုံဆည်းခြင်းအတွက် အိမ်အပြန်ခွင့်ပြုပေးခဲ့သည်။
ဧပြီ ၂ ရက်မှစတင်ကာ အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ အားဖြည့်ကာကွယ်ဆေး(booster) ထိုးနှံပြီးသော ပြည်တွင်းခရီးသွားများအနေဖြင့် ရောဂါရှိ/မရှိ ဆေးစစ်ရလဒ်ကို ထုတ်ဖော်ပြသရန် မလိုအပ်တော့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
တစ်ချိန်တည်းမှာပင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ခရီးသွားများအနေဖြင့် antigen tests စစ်ဆေးမှု (negative) ရလဒ် အဖြေကို ပြသရန်လိုအပ်ကြောင်း နှင့် တစ်ကြိမ်သာ ဆေးထိုးပြီးသူများအနေဖြင့် RT-PRC စစ်ဆေးမှု (negative) ရလဒ် အဖြေပြသရန် လိုအပ်ကြောင်း သိရသည်။
Lia နှင့် Teguh နှစ်ဦးစလုံးသည် ပုံမှန်အချိန်ထက်စော၍ လက်မှတ်များ ရောင်းကုန်သွားမည်ကို စိုးရိမ်ပူပန်သဖြင့် အိမ်အပြန်လက်မှတ်ကို စောလျဉ်းစွာ ကြိုဝယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအမျိုးသားလေကြောင်းပို့ဆောင်ရေးအသင်း အထွေထွေအတွင်းရေးမှူး Bayu Sutanto က လေကြောင်းလိုင်းကုမ္ပဏီများအနေဖြင့် လက်မှတ်ဝယ်လိုအားမြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း နှင့် လက်ရှိလေယာဉ်ခရီးစဉ်များသည် ခရီးသည်များသွားလာရေးအတွက် အပြည်အဝလုံလောက်မှုရှိမည်ဟု ယုံကြည်ကြောင်း ဆိုသည်။
“ လက်မှတ်တွေက ဈေးခုန်တက်သွားမယ်ဆိုတာ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော့်မိသားစု အထူးသဖြင့် အမေနဲ့ ပြန်တွေ့ရတော့မှာမို့ လက်မှတ်ဈေးတက်လည်း ကိစ္စမရှိပါဘူး” ဟု Teguh က ဆိုသည်။
“ ကျွန်တော့်အမေကို သိပ်သတိရတယ်။ အမေ့ နဲ့ အချို့မိသားစုဝင်တွေကို လက်ဆောင်ပေးဖို့ အဝတ်စားသစ်တွေအများကြီး ဝယ်ထားပြီးပြီလေ။ အိမ်ပြန်ရဖို့ မစောင့်နိုင်အောင်ပါပဲဗျား ” ဟု Teguh က ဆိုသည်။(Xinhua)
——————————
(English Version)
Feature: Muslims in Indonesia joyful for family reunion on Eid after 2-year homecoming exodus ban
JAKARTA, April 4 (Xinhua) — Lia Hariyanti, a 34-year-old nurse working in Indonesia’s capital city Jakarta, bought a train ticket to Malang, East Java province, on Sunday, the first day of Ramadan in Indonesia.
The trip scheduled on April 24 would be her first time after two years to gather again with her family to celebrate Eid al-Fitr, a festivity which marks the end of the Islamic holy month of Ramadan.
“I am super excited and cannot wait for the Eid holiday, although I had to queue for more than 24 hours to be able to book the ticket. I have also taken an one-month leave from work so that I can spend longer time with my family,” Lia told Xinhua.
Final-year accounting student Teguh Hanafi plans to buy a plane ticket to travel to his hometown in Padang, West Sumatra province, expecting to fly one week before the Eid al-Fitr day, which is supposed to fall on May 2 or May 3.
“I want to stay with my family for some time whilst doing my thesis research. I don’t want to be away from them for such a long time again,” Teguh said.
Lia and Teguh would be among millions of people in Indonesia to join the annual tradition of homecoming exodus, locally known as “mudik”, a family gathering moment which is highly associated with Ramadan in Indonesia.
It is already estimated that around 79 million people would travel across the Southeast Asia’s most populated nation for the exodus, according to Indonesia’s Transportation Minister Budi Karya Sumadi.
The past two years have become challenges for many Indonesians as the country has implemented public mobility restrictions due to the COVID-19 pandemic, which limited domestic and international travelers.
Last year, thousands of people violated the exodus ban and travelled home. In the weeks after the holidays, the country saw a surge in COVID-19 cases and fatalities, according to Indonesia’s health ministry.
This year, with more people having been vaccinated and drops in daily COVID-19 cases, the authorities have eased a number of restrictions and allowed the “mudik” back.
Starting April 2, home bound travelers who have received booster shots are no longer required to show swab test results, according to a circular issued by Indonesia’s COVID-19 task force.
Meanwhile, travelers who have received two doses of vaccines are required to show negative results of antigen tests, and those who have only received one dose have to show negative RT-PCR test results.
Lia and Teguh have decided to buy tickets early as they are afraid that the tickets would be sold out earlier than usual.
Bayu Sutanto, secretary general of the Indonesia National Air Carrier Association, has said that airline companies predicted the surging demands, and is confident that the current air flights are enough to accommodate passengers.
“I expected the ticket prices would jump high, but it doesn’t really matter for me as long as I can meet my family, particularly my mother,” Teguh said.
“I really miss my mother. I have already bought many new clothes for her and some other family members. I can’t wait to fly home,” Teguh said. Enditem
Photo(1) People walk on the street with the food they bought from the seasonal market specifically for Iftar foods during the month of Ramadan at Bendungan Hilir, Jakarta, Indonesia, April 4, 2022. (Xinhua/Veri Manovri)
Photo(2) A seller arranges traditional food at the seasonal market specifically for Iftar foods during the month of Ramadan at Bendungan Hilir, Jakarta, Indonesia, April 4, 2022. (Xinhua/Veri Manovri)
Photo(3) People wait to receive COVID-19 vaccine provided by the Indonesian Police at an inoculation site in Jakarta, Indonesia, April 2, 2022. (Xinhua/Zulkarnain)
Xinhua/Zulkarnain)